၎ ဂဏန်း ပိုင်ရှင်တို့အတွက် အသုံးချ ဂဏန်းဗေဒင်

Tuesday, August 14, 2012


မောင်မောင်မြင့်သန်းမောင် ~




အပိုင်း ၁

ကမ္ဘာသုံး အင်္ဂလိပ် ပြက္ခဒိန်၏ ဇန်နဝါရီလမှ ဇွန်လအတွင်း ၄ ရက်၊ ၁၃ ရက်၊ ၂၂ ရက်နှင့် ၃၁ ရက်နေ့ များတွင် မွေးဖွားသော ၄ ဂဏန်း ပိုင်ရှင်တို့အတွက် အသုံးချ ဂဏန်း ဗေဒင် နည်းလမ်းများကို ရေးသားဖော် ပြပါမည်။

ဇန်နဝါရီလ ၄ ဂဏန်းရက်ဖွား များအတွက် အရေးကြီးသော ဂဏန်း များမှာ ၁၊ ၄ နှင့် ၈ ဂဏန်း တို့ဖြစ်သည်။
၁ နှစ် ၄ ဂဏန်းတို့မှာ မိမိ အတွက် နိမိတ်ကောင်းသောကြောင့် အိမ်၊ ခြံ၊ ယာဉ်ကား၊ ထီ စသည့် နံပါတ်ကဏန်းများရွေးချယ်ရာတွင် ဖြစ်စေ၊ ရက်ကောင်းရက်မြတ်အဖြစ် ရွေးချယ်ရာတွင်ဖြစ်စေ အသုံးပြုသင့် သည်။
အရေးကြီးသော လုပ်ငန်းများကို ၁၊ ၄၊ ၁ဝ၊ ၁၃၊ ၁၉၊ ၂၂၊ ၂၈ နှင့် ၃၁ ရက်များတွင် ဆောင်ရွက်သင့် သည်။
၈ ဂဏန်းသည် မိမိအတွက် ကံ နိမိတ်ကောင်းသော ဂဏန်း မဟုတ်သော်လည်း မိမိဘဝတွင် ထူး ခြားသော ဖြစ်ရပ်များနှင့် ဆက်စပ် ပတ်သက်မှုများ ရှိတတ်သည်။

တနင်္ဂနွေကျသော ၁၊ ၄၊ ၁ဝ၊ ၁၃၊ ၁၉၊ ၂၂၊ ၂၈ နှင့် ၃၁ ရက် များတွင် အရေးကြီးကိစ္စများကို ဆောင်ရွက်ပါက အထူး ကောင်းမွန် သည်။

ထီအက္ခရာများအဖြစ် က၊ ဃ၊ ည၊ ဋ၊ ဓ၊ ဖ၊ လနှင့် ဟ အက္ခရာ များကို ရွေးချယ်သင့်သည်။
ကံနိမိတ်ကောင်းသော အရောင် များမှာ အဝါရောင်၊ ရွှေရောင်၊ ညို ရွှေရောင်၊ နီလာပြာရောင်၊ မီးခိုးရောင် နှင့် မီးခိုးနုရောင်တို့ဖြစ်သဖြင့် အဝတ် အထည်အသုံးအဆောင်ပစ္စည်းများ အဖြစ် ရွေးချယ်အသုံးပြုသင့်သည်။
မိမိနှင့် ဓာတ်တည့်သော စိန်၊ ဥဿဖယား၊ နီလာနှင့် ပုလဲနက်တို့ ကို အဆောင်ရတနာအဖြစ် အမြဲဝတ် ဆင်ထားသင့်သည်။

မည်သည့်လတွင်မဆို ၁ နှင့် ၄ ဂဏန်း ရက်ဖွားများအပေါ် ဆွဲ ဆောင်မှုရှိသည်။ မည်သည့်လတွင် မဆို ၈ ဂဏန်းရက်ဖွားများသည် မိမိ ဘဝထဲသို့ မကြာခဏ ဝင်လာတတ် သော်လည်း မိမိအား အကျိုးပေးလိမ့် မည် မဟုတ်ချေ။

ဘဝတွင် အရေးကြီးသော အကျိုး၊ အပြစ် ထူးထူးခြားခြား ဖြစ် ပေါ်တတ်သော အသက်နှစ်များမှာ ၁ဝ၊ ၁၃၊ ၁၉၊ ၂၂၊ ၂၈၊ ၃၁၊ ၃၇၊ ၄ဝ၊ ၄၆၊ ၄၉၊ ၅၅၊ ၅၈၊ ၆၄ နှင့် ၆၇ တို့ဖြစ်ကြသည်။
၈ ဂဏန်းနှစ်များဖြစ်သည့် ၈၊ ၁၇ နှင့် ၂၆ နှစ်တို့သည်လည်း အရေး ကြီးသော နှစ်များဖြစ်သော်လည်း ကောင်းကျိုးပေးသောနှစ်များ မဟုတ် ချေ။

ဖေဖော်ဝါရီလ ၄၊ ၁၃ နှင့် ၂၂ ရက်များတွင်မွေးဖွားသူများ

ဖေဖော်ဝါရီလ ၄ ဂဏန်းရက် ဖွားများအတွက် ကံနိမိတ်ကောင်း သော ဂဏန်းများမှာ ၁ ဂဏန်းဖြစ် သည်။ ၂ ဂဏန်းသည်လည်း အသင့် အတင့် ကောင်းကျိုးပြုနိုင်သည်။
အရေးကြီးသောလုပ်ငန်းများ ကို ၁၊ ၁ဝ၊ ၁၉ နှင့် ၂၈ ရက်များတွင် ဆောင်ရွက်သင့်သည်။ တနင်္ဂနွေနေ့ နှင့် တိုက်ဆိုင်သော ၁၊ ၁ဝ၊ ၁၉ နှင့် ၂၈ ရက်များတွင် ဆောင်ရွက် ပါက ပိုမိုကောင်းမွန်သည်။
အိမ်၊ ခြံ၊ ယာဉ်ကား၊ ထီနံပါတ် ဂဏန်းများ အားလုံးပေါင်းခြင်း ၁ ဂဏန်းရသော နံပါတ်များကို ရွေး ချယ်သင့်သည်။ ထီအက္ခရာအဖြစ် က၊ ည၊ စ၊ လ အက္ခရာများကို ရွေး ချယ်သင့်သည်။
အဝတ်အထည်၊ ယာဉ် ကား အရောင်များကို မိမိအတွက် ကံနိမိတ် ကောင်းသော အရောင်များဖြစ်သည့် အဝါရောင်၊ ရွှေရောင်၊ ညိုရွှေရောင် အပြာရောင်၊ မီးခိုးရောင်နုများကို အသုံးပြုသင့်သည်။
အဆောင်ရတနာအဖြစ် မိမိနှင့် ဓာတ်တည့်သော စိန်၊ ဥဿဖယား၊ နီလာနှင့် ပုလဲနက် တို့ကို အမြဲဝတ် ဆင်ထားသင့်သည်။
မည်သည့်လတွင်မဆို ၁၊ ၄ နှင့် ၈ ဂဏန်းရက်ဖွားများအပေါ် ဆွဲ ဆောင်မှုရှိမည်။
မိမိဘဝအတွက် အရေးကြီး သော အကျိုးအပြစ် ထူးထူးခြားခြား ဖြစ်ပျက်တတ်သော အသက်နှစ်များ မှာ ၁၊ ၄၊ ၁၃၊ ၁၉၊ ၂၂၊ ၂၈၊ ၃၁၊ ၃၇၊ ၄ဝ၊ ၄၆၊ ၄၉၊ ၅၅၊ ၅၈၊ ၆၄၊ ၆၇၊ ၇၃ နှင့် ၇၆ နှစ်များ ဖြစ်သည်။

မတ်လ ၄၊ ၁၃၊ ၂၂ နှင့် ၃၁ ရက်များတွင်မွေးဖွားသူများ

မတ်လ ၄ ဂဏန်းရက်များဖြစ် သည့် ၄၊ ၁၃၊ ၂၂ နှင့် ၃၁ ရက်ဖွား များအတွက် အရေးကြီးသော ဂဏန်းမှာ ၁၊ ၃ နှင့် ၄ ဂဏန်းများ ဖြစ်သည်။ မည်သည့်လတွင်မဆို ၁၊ ၃၊ ၄၊ ၁ဝ၊ ၁၂၊ ၁၃၊ ၁၉၊ ၂၁၊ ၂၂၊ ၂၈၊ ၃ဝ နှင့် ၃၁ ရက်များတွင် အရေးကြီးသော လုပ်ငန်းကိစ္စများ ဆောင်ရွက်သင့်သည်။

တနင်္ဂနွေနှင့်တိုက်ဆိုင်သော ၁ ဂဏန်းရက်များ၊ ကြာသပတေးနေ့ နှင့်တိုက်ဆိုင်သော ၃ ဂဏန်းရက် များတွင် ဆောင်ရွက်ပါက အထူး ကောင်းမွန်သည်။

အိမ်၊ ခြံ၊ ယာဉ်ကား၊ ထီနံပါတ် စသည့် နံပါတ်များကို နံပါတ်များ အားလုံးပေါင်းခြင်း ၁၊ ၃၊ ၄ ဂဏန်းရသော နံပါတ်များကို ရွေးချယ်သင့်သည်။ ထီအက္ခရာအဖြစ် က၊ ဂ၊ ဃ၊ ည၊ ဋ္ဌ၊ ဋ၊ ဓ၊ ပ၊ ဖ၊ လ၊ သနှင့် ဟ အက္ခရာများကို ရွေး ချယ်သင့်သည်။

မတ်လ ၃၁ ရက်တွင် ဖွားမြင် သူဖြစ်ပါက ၁ နှင့် ၄ ဂဏန်းတို့က ပို၍ အရေးကြီးသည်။ သို့သော် အခြား သော မတ်လ ၄ ဂဏန်း ဖွား များကဲ့သို့ ၃ ဂဏန်းနှင့် ဓာတ် မတည့်ဘဲ ၉ ဂဏန်းနှင့် ပို၍ ဓာတ် တည့်သည်။
မည်သည့်လတွင်မဆို ၄ နှင့် ၈ ဂဏန်းရက်ဖွားများနှင့် ဆုံးဆည်း ရတတ်သည်။ ၄ နှင့် ၈ ဂဏန်း ရက်ဖွားများတွင် ထူးခြားသော အဖြစ် အပျက်များနှင့် ကြုံတွေ့ရတတ်သည်။ မတ်လ ၃၁ ရက်ဖွားဖြစ်ပါက ၉ ဂဏန်းရက်များသည်လည်း ထူးခြား သော ရက်များဖြစ်သည်။

ကံနိမိတ်ကောင်းသော အရောင် များမှာ နီလာပြာရောင်၊ မီးခိုးရောင်၊ ရွှေရောင်၊ အဝါရောင်၊ ကြေးညိုရောင်၊ ညိုရွှေရောင်၊ ခရမ်းရောင်၊ ခရမ်းနု ရောင်နှင့် မရမ်းပြာရောင်များဖြစ် သဖြင့် ရွေးချယ်ဝတ်ဆင်သုံးစွဲသင့် သည်။
ကံနိမိတ်ကောင်းသော နီလာ၊ အပြာရောင်ရင့် ကျောက်မျက်များ စိန်၊ ဥဿဖယား၊ ပယင်းနှင့် ခရမ်းရောင် သလင်းကျောက်များကို အဆောင် ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့် သည်။

မည်သည့်လတွင်မဆို ၁ နှင့် ၄ ဂဏန်းရက်ဖွားများအပေါ် ဆွဲ ဆောင်မှုရှိသည်။
အရေးကြီးသော အကျိုးအပြစ် ထူးထူးခြားခြားဖြစ်ပေါ်တတ်သော အသက်နှစ်များမှာ ၁၊ ၄၊ ၁ဝ၊ ၁၃၊ ၁၉၊ ၂၂၊ ၂၈၊ ၃၁၊ ၄ဝ၊ ၄၆၊ ၄၉၊ ၅၅၊ ၅၈၊ ၆၄၊ ၆၇ နှင့် ၇၃ နှစ်များ ဖြစ်ကြသည်။

ဧပြီလ ၄၊ ၁၃၊ ၂၂ နှင့် ၃၁ ရက်များတွင်မွေးဖွားသူများ

ဧပြီလ ၄ ဂဏန်းရက်ဖွားများ အတွက် အရေးကြီးသော ဂဏန်းများ မှာ ၁၊ ၄ နှင့် ၉ ဂဏန်းများ ဖြစ် ကြသည်။ မည်သည့်လတွင်မဆို ၁၊ ၄၊ ၉၊ ၁ဝ၊ ၁၃၊ ၁၈၊ ၁၉၊ ၂၂၊ ၂၇၊ ၂၈ နှင့် ၃၁ ရက်များသည် အရေး ကြီးသည်။
မိမိ၏ ဘဝအတွင်းသို့ ၈ ဂဏန်း ရက်ဖွားလူ၊ ၈ ဂဏန်း နံပါတ်၊ ၈ ဂဏန်းရက်စွဲများ မကြာ ခဏဝင်ရောက်ပတ်သက်လာတတ် သည်။

ကံနိမိတ်ကောင်းသော မီးခိုး ရောင်၊ ရွှေရောင်၊ အဝါရောင်၊ လိမ္မော် ရောင်၊ ညိုရွှေရောင်၊ အနီရောင်၊ ကြက်သွေးရောင်နှင့် ပန်းရောင်များကို ရွေးချယ်ဝတ်ဆင်သုံးစွဲသင့်သည်။
ဧပြီလ ၂၂ ရက်ဖွားဖြစ်ပါက အထက်ဖော်ပြပါ အရောင်များအနက် အနီရောင်နှင့် ကြက်သွေးရောင်တို့နှင့် ဓာတ်မတည့်သဖြင့် အသုံးမပြုသင့်။ အပြာရောင်ကိုသာ အသုံးပြုသင့် သည်။
ထီအက္ခရာအဖြစ် က၊ ဃ၊ ဈ၊ ည၊ ဋ၊ ဒ၊ ဓ၊ ဖ၊ ရ၊ လ၊ ဟ အက္ခ ရာများကို ရွေးချယ်သင့်သည်။
ကံနိမိတ်ကောင်းသော နီလာ၊ ဥဿဖယား၊ အဝါရောင်သန်းသော စိန်နှင် ပယင်းကျောက်မျက်များကို အဆောင်ရတနာအဖြစ် အမြဲဝတ် ဆင်ထားသင့်သည်။

ဧပြီလ ၂၂ ရက်ဖွားဖြစ်ပါက နီလာနှင့် အခြား အပြာရောင် ကျောက်မျက်များနှင့်အတူ ဓာတ် တည့်သဖြင့် ဝတ်ဆင်သင့်သည်။

မည်သည့်လတွင်မဆို ၄ နှင့် ၈ ဂဏန်းရက်ဖွားများအပေါ် ဆွဲ ဆောင်မှုရှိမည်။
မိမိဘဝ အတွက် အရေးကြီး သော အကျိုးအပြစ်ထူးထူးခြားခြား ဖြစ်ပေါ်တတ်သော အသက်နှစ်များ မှာ ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆၊ ၃၁၊ ၃၅၊ ၄ဝ၊ ၄၄၊ ၄၉၊ ၅၃၊ ၅၈၊ ၆၂၊ ၆၇၊ ၇ဝ၊ ၇၆ နှင့် ၈ဝ နှစ်များဖြစ် သည်။

မေလ ၄၊ ၁၃၊ ၂၂ နှင့် ၃၁ ရက်များတွင်မွေးဖွားသူများ

မေလ ၄ ဂဏန်းရက်ဖွားများ အတွက် မိမိဘဝတွင် အရေးကြီးသော ဂဏန်းများမှာ ၄၊ ၆ နှင့် ၈ ဂဏန်း များဖြစ်ကြသည်။ ယင်းဂဏန်း များနှင့် ရက်စွဲများသည် မကြာခဏ မိမိနှင့် လာရောက်ပတ်သက်တတ် သည်။
ထီအက္ခရာအဖြစ် ဃ၊ စ၊ ဋ၊ ဏ၊ ဖ၊ ဘ၊ ဟ အက္ခရာများကို ရွေးချယ်သင့်သည်။
၎ နှင့် ၆ ဂဏန်းနံပါတ်များ၊ ရက်စွဲများကို အသုံးပြုသင့်သည်။ တနင်္ဂနွေနေ့နှင့် တိုက်ဆိုင်သော ၄ ဂဏန်းရက်စွဲများ၊ သောကြာနေ့နှင့် တိုက်ဆိုင်သော ၆ ဂဏန်းရက်စွဲများ တွင် အရေးကြီးသော ကိစ္စများကို ဆောင်ရွက်သင့်သည်။

ကံနိမိတ်ကောင်းသော ရွှေ ရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ ကြေးညိုရောင်၊ ညိုရွှေရောင်၊ မီးခိုး ရောင်၊ နီလာပြာရောင်၊ အပြာရောင် အနု၊ အရင့်တို့ကို ဝတ်ဆင်သုံးစွဲသင့် သည်။
မေလ ၃၁ ရက်ဖွားများဖြစ်ပါ က အထက်ပါအရောင်များအပြင် အဖြူရောင်၊ နို့နှစ်ရောင်၊ နုပြီး ပြောင် လက်သော အရောင်များကို လည်း ဝတ်ဆင်သုံးစွဲသင့်သည်။
ဓာတ်တည့်သော စိန်၊ ဥဿဖ ယား၊ ပယင်း၊ နီလာတို့ကို အဆောင် ရတနာအဖြစ် အမြဲဝတ်ဆင်သင့် သည်။
မည်သည့်လတွင်မဆို ၄၊ ၆ နှင့် ၈ ဂဏန်းရက်ဖွားများတွင် မွေးဖွား သူများအပေါ် ဆွဲဆောင်မှုရှိမည်။ မေလ ၃၁ ရက်ဖွားဖြစ်ပါက ၅ ဂဏန်းရက်ဖွားများအပေါ် ဆွဲဆောင်မှု ရှိမည်။

မိမိဘဝတွင် အရေးကြီးသော အကျိုးအပြစ် ထူးထူးခြားခြားဖြစ် ပျက်တတ်သောနှစ်များမှာ ၄ ၆၊ ၁၃၊ ၁၅၊ ၂၂၊ ၂၄၊ ၃၁၊ ၄ဝ၊ ၄၂၊ ၄၉၊ ၅၁၊ ၅၈ ၆ဝ၊ ၆၇ နှင့် ၆၉ နှစ်များ ဖြစ်သည်။

ဇွန်လ ၄၊ ၁၃၊ ၂၂ နှင့် ၃၁ ရက်များတွင်မွေးဖွားသူများ

ဇွန်လ ၄ ဂဏန်းရက်ဖွားများ အတွက် အရေးကြီးသော ဂဏန်းများ မှာ ၄ နှင့် ၅ ဂဏန်းများဖြစ်သည်။ မည်သည့် လတွင်မဆို ၄၊ ၅၊ ၁၃၊ ၁၄၊ ၂၂၊ ၂၃ နှင့် ၃၁ ရက်များတွင် အရေးကြီးသော ကိစ္စများဆောင်ရွက် သင့်သည်။ တနင်္ဂနွေနှင့် တိုက်ဆိုင် သော ၄ ဂဏန်းရက်ဖွားများနှင့် ဗုဒ္ဓ ဟူးနေ့နှင့်တိုက်ဆိုင်သော ၅ ဂဏန်း ရက်များတွင် ဆောင်ရွက်ပါက ပိုမို ကောင်းမွန်သည်။

၎ သို့မဟုတ် ၅ ဂဏန်းရသော အိမ်၊ ခြံ၊ ယာဉ်ကား၊ ထီနံပါတ်များ ကို ရွေးချယ်သင့်သည်။ ထီအက္ခရာ အဖြစ် ဃ၊ င၊ ဋ၊ ဋ္ဌ၊ ဖ၊ ဗ၊ ဟ အက္ခရာများကို ရွေးချယ်သင့်သည်။

မိမိဘဝအတွင်းသို့ ၃ ဂဏန်း ရက်စွဲများ၊ ၃ ဂဏန်းနံပါတ်များ၊ ၃ ဂဏန်းရက်ဖွားများ ဝင်ရောက် ဆက်စပ်ပတ်သက်လာတတ်သဖြင့် ရှောင်ကြဉ်သင့်သည်။ ကောင်းကျိုး ပေးတတ်သည်။ ၃ ဂဏန်းကဲ့သို့ ရှောင်ကြဉ်သင့်သော အခြားဂဏန်း တစ်ခုမှာ ၈ ဂဏန်းပင်ဖြစ်သည်။
ကံနိမိတ်ကောင်းသော မီးခိုး ရောင်နှင့် အခြားနုသော အရောင် အသွေးရှိသော အဝတ်အထည် အသုံး အဆောင်ပစ္စည်းများကို ဝတ်ဆင် သုံး စွဲသင့်သည်။

ကံနိမိတ်ကောင်းသော နီလာ၊ စိန်နှင့် အဖြူရောင်သို့မဟုတ် တောက်ပပြောင်လက်သော ကျောက် မျက်များကို အဆောင် ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့်သည်။ မည်သည့်လတွင်မဆို ၄ နှင့် ၅ ဂဏန်းရက်များတွင် မွေးဖွားသူများ ၁ ဂဏန်းရက်များတွင်မွေးဖွားသူများ နှင့် သင့်မြတ်အဆင့်ပြေမည်။
မိမိဘဝအတွက် အရေးကြီး သော အကျိုးအပြစ် ထူးထူးခြားခြား ဖြစ်ပေါ်တတ်သော အသက်နှစ်များမှာ ၄၊ ၅၊ ၁၃၊ ၁၄၊ ၂၂၊ ၂၃၊ ၃၁၊ ၃၂၊ ၄ဝ၊ ၄၁၊ ၄၉၊ ၅ဝ၊ ၅၉၊ ၆၇၊ ၆၈၊ ၇၆ နှင် ၇၇ နှစ်များဖြစ်သည်။

အပိုင်း ၂

ကမ္ဘာသုံး အင်္ဂလိပ် ပြက္ခဒိန်၏ ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း ၄ ၊ ၁၃၊ ၂၂၊ ၃၁ ရက်များတွင် မွေးဖွားသည့် ၄ ဂဏန်းပိုင်ရှင်တို့အတွက် မလိုလားဖွယ် ပပျောက်စေရန် သို့မဟုတ် မိမိလိုလားရာ ပြည့်ဝ စေရန် အသုံးချနိုင်မည့် အသုံးချ ဂဏန်းဗေဒင်နည်းလမ်းများကို ရေး သားဖော်ပြပါမည်။

ဇူလိုင်လ ၄၊ ၁၃၊ ၂၂ နှင့် ၃၁ရက်များတွင် မွေးဖွားသူများ

ဇူလိုင်လ ၄ ဂဏန်းရက်ဖွား ၄ ဂဏန်းပိုင်ရှင်တို့အတွက် အရေးကြီး သော ဂဏန်းများမှာ ၄ ဂဏန်းနှင့် ၈ ဂဏန်းများဖြစ်ကြသည်။
မည်သည့်လတွင်မဆို ၄ ဂဏန်းနှင့် ၈ ဂဏန်းရက်များတွင် မွေးဖွား သောသူများနှင့် အများဆုံးဆုံစည်း ကြရပြီး မိတ်ဆွေအပေါင်းအသင်း ဖြစ်ကြသည်။
မိမိဘဝနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများတွင် ၄နှင့် ၈ ဂဏန်းရက်ဖွားများကြောင့် အကြီးအကျယ် အပြောင်းအလဲနှင့် ကြုံတွေ့ရ တတ်သည်။

ကံနိမိတ်ကောင်းသော အရောင်များမှာ နီလာပြာရောင်၊ အပြာရောင် နှင့်နက်ပြာရောင်တို့ ဖြစ်ကြသဖြင့် အဝတ်အထည်ဝတ်ဆင်ပါက ထိုအရောင်များကို ရွှေရောင်၊ ကြေးညို ရောင်၊ အဝါရောင်၊ လိမ္မော်ရောင်တို့နှင့် ရောစပ်ဝတ်ဆင်ပါက မိမိအတွက် ကံနိမိတ်ကောင်းမည်။

ဓာတ်တည့်သော ကံနိမိတ် ကောင်းသော ရတနာများမှာ စိန်၊ နီလာ၊ ပုလဲ၊ လကျောက်(မျော)တို့ ဖြစ်ကြသဖြင့် အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့်သည်။

မိမိဘဝအတွက် အရေးကြီး သော အကျိုးအပြစ် ထူးထူးခြားခြား ဖြစ်ပေါ်တတ်သော အသက်နှစ်များ မှာ ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆၊ ၃၁၊ ၃၅၊ ၄ဝ၊ ၄၉၊ ၅၃၊ ၅၈၊ ၆၂၊ ၆၇ နှင့် ၇၁ နှစ်များဖြစ်ကြသည်။
၎ ဂဏန်းပိုင်ရှင်များဖြစ်ကြ သော ၄ ၊ ၁၃၊ ၂၂ ရက်နှင့် ၃၁ ရက်တွင် မွေးဖွားကြသူများသည် တတ်နိုင်သမျှ ၄ ဂဏန်းနှင့် ၈ ဂဏန်းနံပါတ်များကို ရှောင်ကြဉ်ရ မည်ဖြစ်သည်။ ၄ ဂဏန်းနှင့် ၈ ဂဏန်းရရှိစေသော ရက်များကိုလည်း ရွေးချယ်ခြင်းမပြုသင့်ပေ။

မိမိတို့၏ လုပ်ငန်းကိစ္စများကို ပေါင်းကိန်း ၁၊ ၃၊ ၅၊ ၆ ဂဏန်း ရရှိစေသော ရက်များတွင် အတတ် နိုင်ဆုံး လုပ်ဆောင်သင့်သည်။ အိမ်၊ ခြံ၊ ကားယာဉ်၊ ထီစသည့် နံပါတ် များကို ရွေးချယ်ရာတွင်လည်း ပေါင်း ရကိန်း ၁၊ ၃၊ ၅၊ ၆ ဂဏန်းရသော နံပါတ်များကိုသာ ရွေးချယ်သင့် သည်။
ထီအက္ခရာများကို ရွေးချယ်ရာတွင် က၊ ဂ၊ င၊ စ၊ ည၊ ဌ။ လ၊ ဏ။ စ၊ ပ၊ ဗ။ ဘ၊ လ၊ သ အက္ခရာများကို ရွေးချယ်သင့်သည်။

သြဂုတ်လ ၄၊ ၁၃၊ ၂၂ နှင့် ၃၁ရက်များတွင် မွေးဖွားသူများ

သြဂုတ်လ ၄ ဂဏန်းရက်ဖွား၊ ၄ ဂဏန်းပိုင်ရှင်တို့အတွက် အရေး ကြီးသော ဂဏန်းများမှာ ၄ ဂဏန်း နှင့် ၈ ဂဏန်းများဖြစ်ကြသည်။

မည်သည့်လတွင်မဆို ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆ နှင့် ၃၁ ရက်များ သည် အရေးကြီးသည်။ ၄ ဂဏန်း နှင့် ၈ ဂဏန်းရရှိသော ထိုရက်များ ကို ရွေးချယ်ခြင်းမပြုသင့်ပေ။ ထို့ အတူ ၄ ဂဏန်းနှင့် ၈ ဂဏန်း ရရှိ သော နံပါတ်များကိုလည်း ရှောင် ကွင်းသင့်သည်။

မိမိတို့၏ အလုပ်၊ အကြံ အစည် များကို ပေါင်းရကိန်းး ၁၊ ၃၊၅၊ ၆ ဂဏန်းရရှိသော ရက်များတွင် ဆောင် ရွက်ခြင်း၊ ၁၊ ၃၊ ၅၊ ၆ ဂဏန်းရ သော နံပါတ်များကို ရွေးချယ်ခြင်း ပြုသင့်သည်။
က၊ ဂ၊ င၊ စ၊ ည၊ ဋ္ဌ၊ ဃ၊ ဏ၊ စ၊ ပ၊ ဗ၊ ဘ၊ လ၊ သ အက္ခ ရာများကို ထီအက္ခရာစသည့် အက္ခရာ များအဖြစ် ရွေးချယ်ရမည်။

ထီအက္ခရာစသည့် အက္ခရာများ အဖြစ်ရွေးချယ်ရမည်။
အထူးသဖြင့် ဇွန်လ ၂၁ ရက် နှင့် သြဂုတ်လကုန်ကြားတွင် လည်း ကောင်း၊ ဒီဇင်ဘာလ ၂၁ ရက်နှင့် ဖေဖော်ဝါရီလ ၁၉ ရက်ကြားတွင် လည်းကောင်း ကျရောက်သော ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆ နှင့် ၃၁ ရက် များသည် ပို၍ အရေးကြီးသည်။

မိမိအတွက် ကံနိမိတ်ကောင်း သော အရောင်များမှာ နီလာပြာရောင်၊ တောက်ပကြည်လင်သော အပြာ ရောင်၊ ရွှေရောင်၊ လိမ္မော်ရောင်၊ အဝါ ရောင်နှင့် ကြေးညိုရောင်တို့ဖြစ်သဖြင့် အဝတ်အထည်ဝတ်ဆင်ရာတွင် ဖြစ်စေ၊ ယာဉ်၊ ကား၊ အသုံးအဆောင် ပစ္စည်းအရောင်အဖြစ် အသုံးပြုရာတွင် ဖြစ်စေ ရွေးချယ်သင့်သည်။
မိမိနှင့် ဓာတ်တည့်သော ကံနိမိတ်ကောင်းသော စိန်၊ ပတ္တမြား၊ နီလာ၊ ဥဿဖယားတို့ကို အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင်ထား သင့်သည်။

မည်သည့်လတွင်မဆို ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆ နှင့် ၃၁ ရက်ဖွား များသည် မိမိ၏ ဘဝကို စိုးမိုးချယ် လှယ်ကြမည်ဖြစ်သည်။
မိမိ၏ဘဝအတွက် အရေးကြီး သော အကျိုးအပြစ် ထူးထူးခြားခြား ဖြစ်ပေါ်တတ်သော အသက်နှစ်များမှာ ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆၊ ၃၁၊ ၃၅၊ ၄ဝ၊ ၄၄၊ ၄၉၊ ၅၃၊ ၅၈၊ ၆၂၊ ၆၇ နှင့် ၇၁ နှစ်များဖြစ်ကြသည်။

စက်တင်ဘာလ ၄၊ ၁၃၊ ၂၂ နှင့် ၃၁ရက်များတွင် မွေးဖွားသူများ

စက်တင်ဘာလ ၄ ဂဏန်းရက် ဖွား ၄ ဂဏန်းပိုင်ရှင်အားလုံးအတွက် ထူးခြားသော ဂဏန်းများမှာ ၄ ဂဏန်း နှင့် ၈ ဂဏန်းတို့ဖြစ်ကြ သည်။

မိမိတို့၏ ဘဝအတွက် ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂ နှင့် ၂၆ ရက်များသည် အရေးပါသည်။ ထို ၄ ဂဏန်းနှင့် ၈ ဂဏန်းနံပါတ်များနှင့် ရက်စွဲများ ကို ကံကောင်းသည်ဟု မဆိုနိုင်သော် လည်း မိမိဘဝတွင် ထူးထူးခြားခြား အပြောင်းအလဲပေးတတ်သည်ဟု ဆို ရမည်။

မိမိတို့အတွက် ကံနိမိတ်ကောင်း သော အရောင်များဖြစ်သည့် နီလာ ပြာရောင်၊ ရွှေရောင်၊ အဝါရောင်၊ ကြေးဝါရောင်နှင့် ညိုရွှေရောင်တို့ကို ရွေးချယ်ဝတ်ဆင်အသုံးပြုသင့်သည်။
မိမိနှင့် ဓာတ်တည့်သော ကံနိမိတ်ကောင်းသော ရတနာများ ဖြစ်သည့် စိန်နှင့် အရောင်တောက် သော ကျောက်မျက်များ၊ နီလာ၊ ဥဿဖယားကို ထာဝရ ရတနာ အဖြစ် အမြဲဝတ်ဆင်ထားသင့်သည်။
မည်သည့်လတွင်မဆို ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆ နှင့် ၃၁ ရက်နေ့ တွင် မွေးဖွားသူများအပေါ် ဆွဲဆောင် မှု ရှိသည်။

မိမိတို့၏ လုပ်ငန်းဆောင်တာ များကို ပေါင်းရကိန်း ၁၊ ၃၊ ၅၊ ၆ ဂဏန်းရရှိသော နံပါတ်များ၊ ရက်စွဲများကို ရွေးချယ်ဆောင်ရွက်ခြင်းပြု သင့်သည်။
ဘဝတွင် အရေးကြီးသော အကျိုး အပြစ် ထူးထူးခြားခြားဖြစ် ပေါ်တတ်သော အသက်နှစ်များမှာ ၁၃၊ ၁၇၊ ၂၂၊ ၂၆၊ ၃၁၊ ၃၅၊ ၄ဝ၊ ၄၄၊ ၄၉၊ ၅၃၊ ၅၈၊ ၆၂၊ ၆၇ နှင့် ၇၁ နှစ်များဖြစ်ကြသည်။

အောက်တိုဘာလ ၄၊ ၁၃၊ ၂၂ နှင့် ၃၁ရက်များတွင် မွေးဖွားသူများ

အောက်တိုဘာလ ၄ ဂဏန်း ရက်ဖွား၊ ၄ ဂဏန်းပိုင်ရှင်တို့အတွက် ၄ ဂဏန်းနှင့် ၈ ဂဏန်းသည် အရေး ကြီးသည်။
မည်သည့်လတွင်မဆို ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆ နှင့် ၃၁ ရက်များ သည် မိမိအတွက် အရေးကြီးသည့် ရက်များဖြစ်ကြသည်။
အောက်တိုဘာလ ၄ ဂဏန်း ရက်ဖွားများအနေဖြင့် မိမိတို့ကိုယ် တိုင် လုပ်ကိုင်ရမည့် အလုပ်အကြံ အစည်များတွင် ၄ ဂဏန်းနှင့် ၈ ဂဏန်းများကို ရွေးချယ်အသုံးပြုခြင်း ရှောင်ကြဉ်သင့်သည်။ ၄ ဂဏန်းနှင့် ၈ ဂဏန်းနံပါတ်နှင့် ရက်စွဲများမှာ မိမိအတွက် အကျိုးမပေးတတ်သဖြင့် ရွေးချယ်အသုံးမပြုသင့်ပေ။
မိမိနှင့် ဓာတ်တည့်သော ဂဏန်းများဖြစ်သည် ပေါင်းရကိန်း ၁ ဂဏန်းနှင့် ၆ ဂဏန်းများကိုသာ ရွေးချယ်အသုံးပြုသင့်သည်။

၁၊ ၆၊ ၁ဝ၊ ၁၅၊ ၂၄ နှင့် ၂၈ ရက်များတွင် အလုပ်အကြံအစည်များ ဆောင်ရွက်ပါက ကံကောင်း ထောက်မမှုကြုံတွေ့မည်။ ထီအက္ခရာ စသည့် အက္ခရာများကို ရွေးချယ်ရာ တွင် က၊ စ၊ ည၊ ဏ၊ ဓ၊ ဘ၊ လ အက္ခရာများကို ရွေးချယ်သင့်သည်။

ကံကောင်းသောနေ့များမှာ တနင်္ဂနွေနှင့် သောကြာနေ့ဖြစ်သည်။
မိမိအတွက် ကံနိမိတ်ကောင်းသော အရောင်များမှာ အနုဆုံးမှ အရင့်ဆုံးအထိ ရှိသော အပြာရောင် များဖြစ်သည်။ အဝတ်အထည် အဖြစ် ဝတ်ဆင်ခြင်း၊ ယာဉ်၊ ကား စသည့် အသုံးအဆောင် ပစ္စည်း အရောင်အဖြစ် အသုံးပြုရန် ရွေး ချယ်သင့်သည်။

အဆောင်ရတနာအဖြစ် မိမိနှင့် ဓာတ်တည့်သော ကံနိမိတ်ကောင်းသော စိန်၊ ဥဿဖယား၊ စိမ်းပြာရောင် ကျောက်မျက်များကို အမြဲဝတ်ဆင်ထားသင့်သည်။
မည်သည့်လတွင်မဆို ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆ နှင့် ၃၁ ရက်များ တွင် မွေးဖွားသူများအပေါ် ဆွဲ ဆောင်မှုရှိမည်။
ဘဝအတွက် အရေးကြီးသော အကျိုး အပြစ် ထူးထူးခြားခြား ဖြစ်ပေါ်တတ်သော အသက်နှစ်များမှာ ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆၊ ၃၁၊ ၃၅၊ ၄ဝ၊ ၄၄၊ ၄၉၊ ၅၃၊ ၅၈၊ ၆၂၊ ၆၇၊ ၇၁၊ ၇၆ နှင့် ၈ဝ နှစ်များဖြစ်ကြ သည်။

နိုဝင်ဘာလ ၄၊ ၁၃၊ ၂၂ နှင့် ၃၁ရက်များတွင် မွေးဖွားသူများ

နိုဝင်ဘာလ ၄ ဂဏန်း ရက် ဖွား၊ ၄ ဂဏန်း ပိုင်ရှင်တို့အတွက် အရေးကြီးသော ဂဏန်းနှင့် ရက်စွဲ များမှာ ၄ ဂဏန်းနှင့် ၈ ဂဏန်းနှင့် ၉ ဂဏန်းတို့ ဖြစ်ကြသည်။
မည်သည့်လတွင်မဆို ၄၊ ၈၊ ၉၊ ၁၃၊ ၁၇၊ ၁၈၊ ၂၂၊ ၂၆၊ ၂၇ နှင့် ၃၁ ရက်များသည် မိမိအတွက် အရေး ကြီးသည်။
၎ ဂဏန်းရရှိစေမည့် ၄ ၁၃၊ ၂၂ နှင့် ၃၁ ရက်နေ့များ၊ ၈ ဂဏန်း ရရှိစေမည့် ၈၊ ၁၇၊ ၂၆ ရက်များ၌ မိမိတို့၏ လုပ်ငန်းကိစ္စများဆောင်ရွက် ခြင်းကို အထူးရှောင်ကြဉ်သင့်သည်။ ၄ ဂဏန်းနှင့် ၈ ဂဏန်းကို ရရှိစေ သည့် နံပါတ်ဂဏန်းများကိုလည်း ရွေးချယ်ခြင်းမပြုသင့်ပေ။

၁ ဂဏန်းရရှိစေသည့် နံပါတ် နှင့် နေ့ရက်များကိုလည်းကောင်း၊ နိုဝင်ဘာလ ၄ နှင့် ၁၃ ရက်ဖွားများ ဖြစ်ပါက ၉ ဂဏန်းရရှိစေသည့် နံပါတ်နှင့် နေ့ရက်များကို လည်း ကောင်း၊ နို ဝင်ဘာလ ၂၂ ရက်ဖွား ဖြစ်ပါက ၃ ဂဏန်း ရရှိစေသည့် နံပါတ်နှင့် နေ့ရက်များကိုလည်း ကောင်းရွေးချယ်အသုံးပြုသင့်သည်။
မိမိနှင့် ဓာတ်တည့်သည့် ကံနိမိတ်ကောင်းစေသော နီလာပြာရောင်၊ အနီရောင်၊ ကြက်သွေးရောင်နှင့် ပန်းရောင်တို့ကို ဝတ်ဆင်သုံးစွဲ သင့်သည်။

အဆောင်ရတနာအဖြစ် မိမိနှင့် ဓာတ်တည့်သော ကံနိမိတ်ကောင်းသော ပတ္တမြား၊ နီလာ၊ ကျောက်နီ၊ အနီရောင်ကျောက်မျက်၊ ဂါးနက် ကျောက်တို့ကို အမြဲဝတ်ဆင်ထား သင့်သည်။

မည်သည့်လတွင်မဆို ၄၊ ၈ နှင့် ၉ ဂဏန်းရက်များတွင်မွေးဖွားသူများ အပေါ် ဆွဲဆောင်မှု ရှိကြသည်။
ဘဝတွင်အရေးကြီးသော အကျိုး အပြစ် ထူးထူးခြားခြား ဖြစ် ပေါ်တတ်သော အသက်နှစ်များမှာ ၄၊ ၈၊၉၊ ၁၃၊ ၁၇၊ ၁၈၊ ၂၂၊ ၂၆၊ ၂၇၊ ၃၁၊ ၃၅ ၃၆၊ ၄ဝ၊ ၄၄၊ ၄၅၊ ၄၉၊ ၅၃၊ ၅၄၊ ၅၈၊ ၆၂၊ ၆၃၊ ၆၇ နှင့် ၇၁ နှစ်များဖြစ်ကြသည်။

ဒီဇင်ဘာလ ၄၊ ၁၃၊ ၂၂ နှင့် ၃၁ရက်များတွင် မွေးဖွားသူများ
ဒီဇင်ဘာလ ၄ ဂဏန်း ရက်ဖွား၊ ၄ ဂဏန်းပိုင်ရှင်တို့အတွက် အရေး ကြီးသော ဂဏန်းများမှာ ၄ ဂဏန်းနှင့် ၈ ဂဏန်းများဖြစ်ကြ သည်။

မည်သည့်လတွင်မဆို ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆ နှင့် ၃၁ ရက်များ သည်လည်း အရေးကြီးသည်။ ၄ ဂဏန်းနှင့် ၈ ဂဏန်းများသည်မိမိကို ကောင်းကျိုးမပေးတတ်သဖြင့် မရွေး ချယ်မိရန် အထူးသတိထားသင့် သည်။
၁ ဂဏန်းနှင့် ၃ ဂဏန်းများမှာ မိမိအတွက် ကံနိမိတ်ကောင်းစေ တတ်သဖြင့် အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံပါတ်စသည့် နံပါတ်များအဖြစ် ရွေးချယ်သင့်သည်။ မည်သည့်လတွင် မဆို ၁၊ ၃၊ ၁ဝ၊ ၁၂၊ ၁၉၊ ၂၁၊ ၂၈ နှင့် ၃ဝ ရက်များတွင် မိမိတို့ လုပ်ငန်း ကိစ္စများကို လုပ်ဆောင်သင့်သည်။

ထီအက္ခရာစသည့် အက္ခရာ များ ရွေးချယ်ရာ၌ က၊ ဂ၊ ည၊ ဋ္ဌ၊ ဓ၊ ပ၊ လ၊ သ အက္ခရာများကို ရွေး ချယ်သင့်သည်။

တနင်္ဂနွေနေ့နှင့် ကြာသပတေး နေ့များသည် ကံကောင်းသောနေ့များ ဖြစ်သည်။
ကံနိမိတ်ကောင်းသော အရောင် များဖြစ်သည့် ရွှေရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ ကြေးညိုရောင်၊ ညို ရွှေရောင်၊ ခရမ်းနုရောင်၊ ခရမ်းရောင် နှင့် မရမ်းပြာရောင်များကို ဝတ်ဆင် သုံးစွဲသင့်သည်။
ကံနိမိတ်ကောင်းသော ရတနာ များဖြစ်သည့် စိန်၊ ဥဿဖယား၊ ပယင်း၊ အဝါရောင်သို့မဟုတ် အစိမ်း ရောင်ဖျော့ဖျော့ရှိ ကျောက်စိမ်းနှင့် နီလာတို့ကို အဆောင် ရတနာအဖြစ် အမြဲဝတ်ဆင်သင့်သည်။
မည်သည့်လတွင်မဆို ၁၊ ၃၊ ၄ နှင့် ၈ ဂဏန်းရက်များတွင် မွေံး ဖွားသူများအပေါ် ဆွဲဆောင်မှုရှိမည်။
ဒီဇင်ဘာလ ၄ ဂဏန်းပိုင်ရှင် တို့၏ဘဝတွင် အရေးကြီးသော အကျိုးအပြစ်ထူးထူးခြားခြား ဖြစ်ပေါ် တတ်သော အသက်နှစ်များမှာ ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆၊ ၃၁၊ ၃၅၊ ၄ဝ၊ ၄၄၊ ၄၉၊ ၅၃ ၅၈ ၆၂၊ ၆၇ နှင့် ၇ဝ နှစ်များဖြစ်ကြသည်။

ဈေးကွက်ဂျာနယ် - zaygwet.com

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved