စာရင်းစစ်ချုပ်ကိုလည်း နုတ်ထွက်ခွင့် ပြု

Tuesday, August 28, 2012


အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးများ ဂယက်လှိုင်းက တဆင့်ချင်း ရိုက်ခတ်လာ တယ်လို့ ပြောရ မလို ပါ။ နောက်ထပ် အပြောင်းအလဲ တခုကတော့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင်ကိုလည်း ယနေ့ သြဂုတ်လ ၂၈ ရက်နေ့စွဲနဲ့ သမ္မတ ဦးသိန်းစိန်က ရာထူးက နုတ်ထွက်ခွင့် ပြုလိုက်တာပါ။

နောက်ထပ်လည်း အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ သုံးသပ်ဝေဖန်ပြောဆိုမှုတွေ လုပ်နေတုံး ဆက်တိုက် ဆိုသလို ၀န်ကြီးအပြောင်းအလဲတွေနဲ့ ၀န်ကြီး ရာထူးကနေ နုတ်ထွက် တာတွေ၊ အခုလည်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရာထူးက နုတ်ထွက်ခွင့်တောင်းထားတဲ့ ဦးလွန်းမောင် ကိုလည်း သမ္မတ ဦးသိန်းစိန်က ခွင့်ပြု လိုက်တာပါ။

အမိန့်စာ အပြည့်အစုံကို ဤနေရာတွင်လည်း ကြည့်နိုင်ပါတယ်။

3 comments :

  1. Anonymous said... :

    မြန်မာနိုင်ငံမှာနေတဲ့လူငယ်တစ်ယောက်အနေနဲ့ ပြုပြင်ပြောင်းလဲမှုကိုလိုအပ်တာကြောင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်

  1. Naura said... :

    သြော်… လွန်းမောင်… လွန်းမောင် သံဝေဂ ရစရာပါလား။ အသုံးချစရာရှိလို့ စစ်အစိုးရခေတ်က ဗိုလ်ချုပ်ရာထူးလေး ပေးထားတာကို မောက်မာနေတယ်။ တစ်နှစ်ကျော်ကျော် လေးပဲ ရှိအုံးမယ်ထင်တယ်။ ကချင်ပြည်၊ ဗန်းမော်မြို့ ရောက်တုန်းရောက်ခိုက် ကိုယ်တိုင် တိုင်းရင်းသားလူမျိုး ဖြစ်နေလျက်နဲ့ ညီအစ်ကို ကချင်လူမျိုးတွေကို အထင်သေး အမြင်သေးနဲ့ စော်ကား မော်ကား ပြောခဲ့တာ မမေ့လောက်သေးပါရဲ့။ ဘာလဲ… “ရွာတောင် ကောင်းကောင်း မအုပ်ချုပ်တတ်တဲ့ ကချင်တွေ ကိုယ်ပိုင်အုပ်ချုပ်ရေးက လိုချင်… ဘယ်လိုဖြစ်နိုင်မလဲ” ဆိုပြီးတော့လေ။ သြော ခုတော့ ပါပြီပေါ့နော်။ အပြုတ်မှာလေ။ လောကကြီးမှာ ဘာမှ မမြဲဘူးဆိုတာ မောက်မာနေသူတိုင်း သိဖို့ ကောင်းလေစွ။

  1. Anonymous said... :

    စာရင်းစစ်ချုပ်ကို အစိုးရအဖွဲ့ ၀န်ကြီးဌာနတွေရဲ့ ငွေကြေးအလွဲသုံးစားလုပ်မှုကို လွှတ်တော်မှာ ဖော်ထုတ်ချပြနေလို့ ဖြုတ်ပြစ်လိုက်တာလား။ ကာယကံရှင်ကိုယ်တိုင်က လွှတ်တော်နဲ့ အစိုးရအဖွဲ့ကြားမှာ ကြားညပ်လို့ စိတ်ညစ်ပြီးထွက်သွားတာလား စဉ်းစားစရာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved