ဦးကျော်ဆန်း နောက်ကို လိုက်သွားရသူ

Tuesday, August 28, 2012




ဒီကနေ့ သြဂုတ်လ ၂၈ ရက်နေ့ရဲ့ နောက်ဆုံး အမိန့်ထုတ်ပြန်ချက်တခု ထွက်လာပါတယ်။ ပြန်ကြားရေးဝန်ကြီး ဌာနက ဒုတိယ ၀န်ကြီးဖြစ်တဲ့ ဦးစိုးဝင်း ကိုလည်း သမ္မတ ဦးသိန်းစိန်က သာသနာရေး ၀န်ကြီးဌာန ဒု ၀န်ကြီး အဖြစ် ၀န်ကြီးဌာနပြောင်းလဲ တာဝန်ပေးလိုက်တာပါ။

အခုတော့ သမ္မတ ဦးသိန်းစိန်ဟာ သူ့ စိတ်ကြိုက် ၀န်ကြီးတွေကို ဌာနတွေပြောင်းလဲ တာဝန်ပေးလိုက်ပြီး သူ့ Team ကို စိတ်ကြိုက် ဖန်တီး နေတာပါ။

အခု ၀န်ကြီးတွေ အပြောင်းအလဲတွေမှာ ဖြုတ်၊ ထုတ်၊ ရှင်းတာမျိုးတွေ မလုပ်ဘဲ မြန်မာ့နည်း မြန်မာ့ဟန်အတိုင်း ကိုယ့်လူကိုယ် ကြည့်တဲ့ ဓလေ့က ရှိနေဆဲပါ။ ရှဥ့်လည်း လျှောက်သာ ပျားလည်း စွဲသာ လို သမ္မတ က လျှောက်လှမ်းနေရတာပါ။

သမ္မတရုံး ညွန်ကြားရေးမှူး တဦးဖြစ်တဲ့ ဦးဇော်ဌေးက သတင်းဌာနတွေနဲ့ ပြောဆိုရာမှာတော့ သမ္မတဟာ အခု လုပ်နေတဲ့ ၀န်ကြီး အပြောင်းအလဲတွေဟာ ပြည်သူတွေရဲ့ အသံကို နားထောင်ပြီး လုပ်ဆောင်ခဲ့တာဖြစ်တယ် လို့ ဆိုထားပါတယ်။

ဒီအပြောင်းအလဲဟာ နေရာမှန်တွေအတွက် လူကောင်းတွေကို ပြောင်းလဲ တာဝန်ပေးလိုက်တယ်လို့ အကောင်းမြင်သူတွေ က ဝေဖန်နေကြပါတယ်။

လူကောင်းတွေ ပြောင်းတာ ကောင်းတဲ့ လက္ခဏာ လို့ ဆိုနိုင်ပေမယ့် မူဟောင်းတွေ အကျင့်ဟောင်းတွေ မပြောင်း မချင်းတော့ ပြည်သူ တွေက တကယ်လိုလား လေးစား နှစ်သက်ကြမှာ မဟုတ်ပါဘူး။

အမိန့်အပြည့်အစုံကို ဤနေရာတွင် ကြည့်ရှု့နိုင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved