ပြဿဒါးနေ့မှာ သမ္မတရုံး အလုပ်မလုပ်ပါ

Friday, August 31, 2012

မှူးဇော်၏ ဖေ့စ်ဘုတ်စာမျက်နှာ

ပြဿဒါးနေဖြစ်လို့ အမိန့်ကြေညာစာတွေ ထွက်ဖို့ မရှိပါကြောင်းဆိုပြီး သမ္မတရုံး ညွှန်ကြားရေးမှူး တယောက်ရဲ့ မှူုးဇော် အမည်နဲ့ ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

ဒီအတိုင်းဆို ၁၃ ဂဏန်းတွေ၊ ပြဿဒါးတွေ ရှောင်ပြီး အလုပ်လုပ်နေတဲ့ သမ္မတရုံးဖြစ်ပါတယ်။ တနည်းအားဖြင့် အဲဒီရက်တွေမှာ သမ္မတရုံးက အလုပ်မလုပ်ဘူးဆိုတဲ့ သဘော သက်ရောက်နေပါတယ်။

ကြည့်ရတာ သမ္မတရုံးမှာ ရက်ရာဇာ၊ ပြဿဒါး ရွေးပြီး အလုပ်လုပ်နေကြတယ် ထင်ပါတယ်။ ဒီလိုသာ ရက်ရာဇာ ၊ ပြဿဒါးလို့ သတ်မှတ် ထားတာတွေအပေါ် အယုံအကြည်ရှိပြီး အလုပ်လုပ်တဲ့ရက်၊ မလုပ်တဲ့ ရက်တွေ ခွဲခြားနေနမယ်ဆိုရင် သန်း ၆၀ သော မြန်မာနိုင်ငံသားများ အတွက် ရင်လေးစရာပါ။

ဒါဟာ ဘာကို ပြသလဲ ဆိုရင် မိမိကိုယ် မိမိ ယုံကြည်မှု မရှိတာကို ပြသလိုက်တာလည်းဖြစ်ပါတယ်။

တချိန်က စကားပုံတခုရှိပါတယ်။ မင်းတို့ထွက် ရက်ရာဇာ ဆိုတဲ့စကားဟာ သတ္တိရှိသူ၊ ကိုယ့်ကိုယ်ကို ယုံကြည် ကြတဲ့ တိုင်းပြည် ခေါင်းဆောင်တွေအတွက် ရင်ဝယ်ပိုက်ခဲ့တဲ့ စကားလည်းဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်အနေနဲ့ ပြုပြင်ပြောင်းလဲရေး၊ တိုင်းပြည်ကောင်းစားရေးအတွက် အမိန့်ထုတ် သမျှ နေတိုင်း ဟာ ရက်ရာဇာပဲ ဖြစ်နေပါလိမ့်မယ်။

By- လင်းသန့် ( ဧရာဝတီ )

5 comments :

  1. Anonymous said... :

    ရက်ရာဇာ၊ ပြသဒါး ရွေးခြင်းဟာ ဗုဒ္ဓဘာသာနဲ့  ဘာမှ မဆိုင်ပါဘူး။ ရှေး ဝေဒ ပညာရှင်တွေရဲ့  အယူဖြစ်ပါလိမ့်မယ်။ ကုသိုလ်လုပ်ရင် ကောင်းတာလုပ်ရင် ဘယ်နေ့ လုပ်လုပ် ကောင်းကျိုးပေးမှာပဲ။ ငရုတ်သီးကို ရက်ရာဇာ မှာ စားစား၊ ပြသဒါး မှာ စားစား စပ်မှာပါ။ အလုပ်က အဓိကပါ။ အဲဒီအယူတွေသီးလွန်းရင် ကံ၊ ကံရဲ့  အကျိုးကို ပယ်ရာရောက်ပါတယ်။

  1. Nga Ba said... :

    Are you nut?

    Can't you see it is just a satirical message? Who is the fool: the one saying satire and the one who is taking this as serious?

  1. Anonymous said... :

    မြင့်မြတ်သော အလုပ်ကိုပြုလုပ်နေသူများအဘို့ အချိန်တိုင်းဟာ ကောင်းသောအချိန်ပါဟု ဘုရားဟောကြားချက်ရှိပါသည်။ဒါကတော့ ဝေဒယုံကြည်မှုနဲ့ သိသာစွာကွဲပြားသော ဗုဒ္ဒအယူဖြစ်ပါသည်။
    မကောင်းသောအလုပ်ကို လုပ်သူများအဘို့ နေ့တိုင်းဟာ ရက်ပုပ်ဖြစ်နေပါမည်။လူယုတ်မာများ၏ ဒိုင်ယာရီစာမျက်နှာများမှ နေ့ရက်များသည် နေ့စဉ်ရက်ပြဿဒါးချည်းသာ ဖြစ်ပါကြောင်း။

  1. Anonymous said... :

    ကျွန်တော် ကုပ္မဏီမှာ marketing teamက နေ့တိုင်း အလုပ်လုပ်ပါတယ်။ ရက်ရာဇာ ပြသာဒါး မသိပါဘူး။ ဒါပေမဲ့ ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲတို့ အရောင်းမြှင့်တင်ပွဲတို့ လုပ်မဲ့ရက်မျိုး ဆိုရင်တော့ ၇က်ကောင်းကို ရွေးလုပ်ပါတယ်။ ပိုအောင်မြင်ချင်တဲ့ သဘောပါ။ အပြစ်တင်မစောပါနဲ့။ ဦးဇောတိကက ကောင်းတာလုပ်တဲ့ ရက်က ရက်ကောင်း ဆိုးတာလုပ်တဲ့ရက်က ရက်ဆိုးဆိုပြီး ဆုံးမထားပေမဲ့ ကိုယ်လုပ်ရမှာ မဟုတ်ပဲ ကိုယ်အလုပ်ခံ ရမှာဆိုရင်တော့ ရွေးခွင့်ရှိရင် ရွေးသင့်ပါတယ်။ ဥပမာ နှစ်ဆန်းတစ်ရက်နေ့ဆို ဗမာကုန်သည် တော်တော် များများက ငွေမထွက်ရတဲ့ နေ့ဆိုပြီး အယူသီးပါတယ်။ အဲ့ဒီလိုလူတွေကို အရေးမစိုက်ပဲ အဲ့ဒီနေ့ သွားရောင်းလို့ မရပါဘူး။

  1. Unknown said... :

    မြန်မာပြည် မွဲရသည်. အကြောင်းများထဲတွင် အဲဒီလို အယူသည်းမှုများ လည်း ပါနေပါကြောင်း သုံးသပ်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved