ကန်နမ်စတိုင်လ် - ကိုရီးယား ရက်ပ်

Friday, August 31, 2012

~



တိတ် ~


အစိုးရ ဘလက်လစ် (Black List) ထဲက ပယ်ဖျက်လိုက်တဲ့ လူ ၂,၀၀၀ ကျော် စာရင်း မနေ့က ထွက်လာတော့ ပြုံးသူကပြုံး၊ ရယ်သူကရယ်၊ စိတ်မကောင်းဖြစ်သူကလည်း ဖြစ်ကြပေါ့။ ဒီတော့ နည်းနည်းလေး ပေါ့ပေါ့ပါးပါးဖြစ်ရအောင် ဒီပို့စ်လေးကို တင်လိုက်ပါတယ်။

သြော် ... ဒါထက် ဘလက်လစ်ဆိုလို့ အဲ့ဒီလစ်ကိုဗျာ အမျိုးမျိုး ခေါ်ကြတယ်။ အမည်မည်းစာရင်းတဲ့ နာမည်ပျက်စာရင်း တဲ့။ အစိုးရက သူတို့နဲ့ သဘောချင်းမတိုက်ဆိုင်တဲ့သူ၊ သူတို့ကို ဆန့်ကျင်တဲ့သူ၊ တိုတိုပြောရင်ရင် သူတို့ မကြိုက်တဲ့သူကို စာရင်းနဲ့မှတ်ထားတာ။ အဲ့ဒါကို နာမည်ပျက်စာရင်းလို့ ဘာသာပြန်တော့ အလိုလိုနေရင်း ကိုယ်က မကောင်းတာ လုပ်မိလို့ နာမည်ပျက်သလိုဖြစ်နေတယ်။ အစိုးရကတော့ ရှင်းတယ်၊ ဘာသာမပြန်ဘူး Black List တဲ့။ မဟူရာစာရင်း ဆိုရင်ရော ဘယ်လိုနေမတုန်း။

နာမည်ပျက် ဆိုတာနဲ့ပတ်သက်ပြီး တိတျရဲ့ မိတ်ဆွေ ABSDF ရဲဘော်ဟောင်း ကိုမောင်ခန့် (ကွယ်လွန်) က မှတ်မှတ်ရရ တခါပြောဖူးတယ်။ “နာမည်ပျက်ရင် ပြောင်းလိုက်လို့ရတယ်။ လူမပျက်စေနဲ့” တဲ့။ စဉ်းစားဆင်ခြင်ကြပါကုန်။

လေရှည်နေတာနဲ့ လိုရင်း မရောက်သေးဘူး။ ပြောချင်တာက ကန်နမ်စတိုင်လ် (Gangnam Style) ဆိုတဲ့ သီချင်းအကြောင်း။

ဒီသီချင်းကို Psy လို့ လူသိများတဲ့ တောင်ကိုရီးယား ရက်ပ်အဆိုတော် Park Jae-Sang က မြူးမြူးကြွကြွကကွက်တွေ နဲ့ ဆိုထားတာပါ။ အဲ့ဒီသီချင်းကို CNN နဲ့ Bloomberg သတင်းဌာနတွေကလည်း ထုတ်လွှင့်သွားခဲ့ဖူးတယ်။

Psy က ဘွဲ့ရပညာတတ်၊ အနုပညာနဲ့လည်း ကျောင်းပြီးတယ်၊ ဆေးခြောက်မှုနဲ့လည်း ၂၀၀၁ မှာ အဖမ်းခံရဖူးတယ်။
၂၀၀၂ မှာ သူထုတ်တဲ့ “Ssa 2” အယ်လ်ဘမ် ကလည်း အပိတ်ခံရတယ်။

ကန်နမ်စတိုလ်သီးချင်းကတော့ ဒီနှစ်မှာထုတ်တာ။ You Tube မှာ ဒီသီချင်းကို တက်ကြည့်တဲ့ ပရိသတ် ၇၇ သန်း ကျော်သွားပြီ။ ကဲ … ခံစားကြည့်ကြပါအုံး။



ထိုင်းအဆိုတော် Bie The Ska ကလည်း တပုံစံတည်း ထိုင်းလို ပြန်ဆိုတယ်။
သူကတော့ Psy လောက် ပရိသတ်မများဘူး၊ တသန်း ကျော်ကျော်ပဲ ရှိတယ်။





~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved