ပြန်ကြားရေး ၀န်ကြီးသစ်ရဲ့ ပထမ ခြေလှမ်း

Friday, August 31, 2012


လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ ကျင်းပမယ့် ၈၈ မျိုးဆက်ကျောင်းသားများရဲ့ စေတနာ ၀သန် ဂီတ ရန်ပုံငွေပွဲကို SKY NET ရုပ်သံလိုင်းက တိုက်ရိုက် ထုတ်လွှင့်ပြသခွင့် ရလိုက်ပါတယ်။ ပြန်ကြားရေး ၀န်ကြီးသစ် ဦးအောင်ကြည်ရဲ့ ပထမ ခြေလှမ်းလည်းဖြစ်ပါတယ်။

ဒီအကြောင်းကို ပြန်ကြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ရေးသားထားပါ တယ်။

“၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က စက်တင်ဘာ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ၎င်းတို့ရဲ့ စေတနာဝသန် ရန်ပုံငွေ ဂီတပွဲကို SKY NET ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ခွင့်ပြုပေးပါရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ထံ စာရေးသားတင်ပြခဲ့ ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနကခွင့်ပြုပါက သက်ဆိုင်ရာရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်ပေး ရန်သဘောတူ ထား ပါကြောင်းလည်းဖော်ပြထားပါတယ်။

အဲဒီတင်ပြချက်အပေါ် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကိုရှေ့ရှုပြီး ပြည်ထောင်စုဝန်ကြီးက တိုက်ရိုက်ထုတ် လွှင့် ခွင့် ခွင့်ပြုပေးလိုက်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။” လို့ ရေးသားထားပါတယ်။



2 comments :

  1. Anonymous said... :

    Bravo! Mr Minister,
    Good News.

  1. Anonymous said... :

    နောက်နောင်လဲပြည်သူ့အကျိုးကိုရှေးရှု့နိုင်ပါစေ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved