ရဲတပ်ဖွဲ့ထဲက ထွက်ခွင့်မရသူရဲ့ ပေးစာ

Saturday, August 18, 2012



မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချူပ်၏ ၁.၂.၁၂ ရက်စွဲဖြင့် လည်းကောင်း၊
ပဲခူးတိုင်းဒေသကြိး ရဲတပ်ဖွဲ့၏ ၁၀.၂.၁၂ ရက်စွဲဖြင့် လည်းကောင်း၊ ရဲလုပ်သက် ( ၅) နှစ်ပြည့်ပါက အကြောင်း အမျိုးမျိုးကြောင့် တာဝန် ထမ်းဆောင်နေရာမှ
နုတ်ထွက်ချင်ပါက နုတ်ထွက်ခွင့် တင်ပြနိုင်ကြောင်း အမိန့် ညွှန်ပြချက်များ ထွက်ရှိလာပါသည်။

သို့ပါ၍ မိသားစု၏ လူမှုရေး၊ ကျန်းမာရေး၊ အခြေအနေကြောင့် နုတ်ထွက်လိုကြောင်းကို အဆင့်ဆင့် တင်ပြထားသော်လည်း ယခုအချိန်ထိ အကြောင်း တစ်စုံတစ်ရာ ထူးခြားခြင်း မရှိပါ။

ထို့ကြောင့် နောက်တစ်ကြိမ် တင်ပြရန် ကြိုးစားသော်လည်း ခွင့်မပြုပါ။

အထက်ညွှန်ကြားချက် အမိန့်များသည် တိကျသော အမိန့်များ မဟုတ်ကြောင်း သက်သေပြနေပါသည်။

ဒါ့ကြောင့် ကျွန်တော် ရဲတပ်ဖွဲ့မှ အမြန်ဆုံး ထွက်ချင်နေပါသဖြင့် မီဒီယာများမှတဆင့် အားလုံး သိစေလိုပါသည်။

ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး

1 comments :

  1. Unknown said... :

    ရဲတပ်ဖွဲ့မှ နှုတ်ထွက်ချင်သူများအားမေးမြန်လိုပါသည် ။ လူကြီးမင်းတို့သည် ယခုအချိန်တွင် စားပေါက် ။ ဝါးပေါက်များ ပိတ်လာ၍ထွက်လိုကြသည်လား ။ ယခင်အစိုးရလက်ထက်တုန်းကလို ပြည်သူအပေါ် နှိပ်စက်ချင်တိုင်း နှိပ်စက်မရတော့၍ ထွက်လိုကြသည်လား ။ ရဲတပ်ဖွဲ့သို့ မဝင်စဉ်ကတည်းက ရသည့်လခနှင့် မလောက်ငှနိုင်တာ မသိခဲ့ကြဘူးလား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved