ပြုပြင်ပြောင်းလဲရေး သမားဟု နိုင်ငံတကာအလယ်တွင် ချီးမွမ်းထောပနာ ပြုခံရသော သမ္မတ ဦးသိန်းစိန် သည် အစိုးရအဖွဲ့အတွင်း အရေးပါတဲ့ ၀န်ကြီးတချို့ကို ပြောင်းလဲ တာဝန်ပေးအပ်လိုက်ပါတယ်။
ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေး
ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ကြောင်းနဲ့ပတ်သက်ပြီး သြဂုတ်လ ၂၇ ရက်နေ့ နေ့စွဲဖြင့် အမိန့်အမှတ် ၂၂/၂၀၁၂ ကို နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်လိုက်ပါတယ်။
ပြောင်းလဲ တာဝန်ပေးအပ်ခံရတဲ့ ၀န်ကြီးများ စာရင်းမှာ
၁။ ဦးစိုးသိန်း (သမ္မတရုံး ဝန်ကြီးဌာန)
၂။ ဦးအောင်မင်း (သမ္မတရုံး ဝန်ကြီးဌာန)
၃။ ဦးလှထွန်း (သမ္မတရုံး ဝန်ကြီးဌာန)
၎။ ဦးတင်နိုင်သိန်း (သမ္မတရုံး ဝန်ကြီးဌာန)
၅။ ဦးအောင်ကြည် ( ပြန်ကြားရေးဝန်ကြီးဌာန)
၆။ ဦးကျော်ဆန်း (သမ ၀ါယမ ဝန်ကြီးဌာန)
၇။ ဦးအုန်းမြင့် ( မွေး/ရေ ဝန်ကြီးဌာန)
၈။ ဦးအေးမြင့် (စက်မှုဝန်ကြီးဌာန)
၉။ ဦးတင့်ဆန်း (အားကစား ဝန်ကြီးဌာန)
တို့ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန် တာဝန်ပေးလိုက်ခြင်းဖြစ်ပါတယ်။
အဆိုပါသတင်းကို နိုင်ငံပိုင် ရုပ်မြင်သံကြား၊ ရေဒီယိုတို့က မြန်မာစံတော်ချိန် ည ၈ နာရီ သတင်း တွင် ကြေညာသွားခဲ့ပါတယ်။
သမ္မတကြီးက ရိုးတော့ရိုးပါတယ်....
ဒါပေမယ့်.... တော်တော်ညံသဗျ....
ဂွင်ချက် ၀န်ကြီးတွေ ခိုင်နေတဲ့သဘောပဲ....
ဦးသောင်းတင် ကို ပွဲထုတ်တာတော့ မှန်သဗျို့...