ဆရာတော် ဥူးသုမင်္ဂလရဲ့ (ဂျပန်နိုင်ငံ တိုကျိုတရားပွဲ) ဒုတိယ အကြိမ်
Tuesday, August 21, 2012
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တကယ်ပညာတတ်ကျွမ်းတဲ့ သူတွေကို ချီးမြှောက်တဲ့ ဓလေ့လုံးဝ မရှိဘဲ ဘယ်လိုနှိပ်ကွပ်ရမလဲဘဲ စဉ်းစားနေကြတာ တကယ်လဲ နှိပ်ကွပ်ကြပါတယ် ကြာတော့ ပြင်ပနိုင်ငံတွေ ဘဲထွက်ရှောင်နေကြရတော့ တိုင်းပြည်ထဲမှာ ဘာမှသုံးစားလို့မရတဲ့ ကြံ့ရယ် စွမ်းအားရယ် ဒါဘဲကျန်တော့ တိုင်းပြည်ရဲ့အနာဂတ်က အတော်ကို ရင်လေးစရာပါဘဲဗျာ။
နိုင်ငံကျော် ဓမ္မကထိက ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်)ရဲ့ (ဂျပန်နိုင်ငံ တိုကျိုတရားပွဲ) ဒုတိယ အကြိမ် ကို 19 ရက် 8 လ 2012 တနင်္ဂနွေ နေ့ တွင် ညနေ ၆နာရီမှ ည ၉ နာရီအထိ ဒုတိယအကြိမ်တရားပွဲ ကျင်းပပြုလုပ်ပေးပါသည်..။ မြန်မာပြည်တွင်းထဲမှာ တရားဟောခွင့် ပိတ်ပင်ခံထားရတဲ့ ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၆နာရီ က တရားခွေ ပထမ ဒုတိယပိုင်းပါ..။
ဒယ်အိုးဆရာတော်အတွက် ကုသိုလ်တစိတ် ကို ရိုးသားစွာ ကျနော် ယူခဲ့မိပါတယ်.။
ကျနော်နဲ့ အတူ မောင်ရှင်လေးလဲ တရားပွဲ လမ်းပြသူအဖြစ်ပါဝင်ခဲ့ပါတယ် ..။မြန်မာပြည်တွင်းထဲမှာ တရားဟော ခွင့် ပိတ်ပင်ခံထားရတဲ့ ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ ကို ဂျပန်ကိုကြွတုံး အဖက်ဖက်က မိမိတတ်နိုင်ရာကို ၀ိုင်းဝန်းလုပ်ပေးခဲ့သူများကိုလည်း သာဓုခေါ်ဆိုအပ်ပါတယ်။ အော် ... အလှူတကာ အလှူတွင် တရား အလှူသည် အမြတ်ဆုံး မဟုတ်ပါလား...။
ဆရာတော်လဲ တရားပွဲက နောက်တစ်နိုင်ငံ ကိုဆက်နေပါပြီ...မည်သို့ ပင်ဖြစ်စေ သာသနာတော်ကို စောင့်ရှောက် ကာကွယ် အဓွန့် ရှည် တည်တံ့အောင် ဆောင်ရွက်ဖို့ က ကျနော်တို့  တာဝန်ယူ ကြရမည် ဖြစ်ပါတယ် .....။
ကိုထွန်းဝေ 19.8.2012
8 comments :
  1. Anonymous said... :
    ဒေါသ အလွန်ကြီးသည်
း)
  1. Unknown said... :
    ပြည် တွင်း မှာ ဘာ မှသုံး စား လို့ မ ရ တဲ့ သူ တွေ ပဲ ကျန်နေ တာ ဟု တ် လား ။ ကျွတ် ကျွတ် ကျွ တ် ။
  1. Anonymous said... :
    ဒီဆောင်းပါးရေးသူကို နဲနဲလောက်ပြန်မေးချင်ပါတယ်။ ဆရာတော် ဦးသုမင်္ဂလ ဘာကြောင့် တရားဟောခွင့်ပိတ်ပင်ခံရတယ်ဆိုတာကို အမှန်အတိုင်းသေချာသိပါရဲ့လား။ ဦးသုမင်္ဂလရဲ့ တရားတွေကို ဘယ်လောက်နာကြားဖူးပါသလဲ။ ဘုရားရှင်ဟောကြားခဲ့တဲ့ တရားဒေသနာတော်များနဲ့ ဘယ်အတိုင်းအတာအထိ ကိုက်ညီတယ်ဆိုတာ တကယ်တတ်ကြွမ်းတဲ့ ထေကြီးဝါကြီး ကျမ်းဂန်တတ် ဆရာတော်ကြီးများထံမှာ မေးလျှောက်ဖူးပါသလား။ တရားဟောခွင့်ပိတ်ပင်တယ်ဆိုတာ နိုင်ငံတော်အစိုးရက ထုတ်ပြန်တဲ့ အမိန့်အာဏာမဟုတ်တဲ့အတွက် မြန်မာနိုင်ငံတွင်းမှာသာ အာဏာတည်တဲ့ အမိန့် အာဏာမဟုတ်ဘူးဆိုတာ နားလည်ပါသလား။ ပုဂ္ဂိုလ်စွဲနဲ့ ကြည်ညိုချင်ရင် လွတ်လပ်စွာကြည်ညိုနိုင်ပါတယ်။ မြန်မာပြည်တွင်းမှာ မဟနက မတရားသဖြင့် တရားဟောခွင့်ပိတ်ပင်ထားသလိုမျိုး အများသူငါ အထင်အမြင်လွဲမှားစေနိုင်တဲ့ အခုလိုအရေးအသားမျိုးကတော့ ရှောင်ရှားသင့်ပါတယ်။ ဝါတွင်းမှာ နိုင်ငံခြားခရီးကြွတာကတော့ မနှစ်ကလို ဝါမကျိုးအောင် ဒုတိယဝါအမှီ ရောက်ရှိရာနိုင်ငံမှာ ဝါဆိုမယ်ဆိုရင် မှီနိုင်တာမို့ ဘာမှ မဝေဖန်လိုပါ။ အားလုံး အမှန်အတိုင်း မြင်နိုင်ကြပါစေ
  1. Anonymous said... :
    ဒယ်အိုးဆရာတော်သည် ယနေ့ထိ ကျမ်းဂန်နဲ့ မညီညွတ်သောတရား တစ်လုံးတစ်ပါဒမှ မဟောသေးပါ။ ပါဠိရွတ် အဖြတ်အတောက်မှားတာ ရှိပါသည်။
    သူတရားဟောတာ မှားသည်နှင့် အရေးယူဘို့ အစိုးရက သေချာရေးမှတ်၊ အသံဖမ်းခိုင်းထားတာ နှစ်ပေါင်းမနည်းတော့ပါ။
    သူတရားဟောနေစဉ် သူ့ကားရှေ့မှာ အက်စ်ဘီ၊ စရဖများက ဒိုင်နာနဲ့ ပိတ်ရပ်ထားပြီး မထီလေးစားလုပ်သည်။ ဒါက ညစ်ပတ်နည်းများစွာထဲက တစ်ခုသာဖြစ်ပါသည်။
    သူ့ကို တရားပွဲပိတ်သည့် အမိန့်ကို အစိုးရထံမှ သာသနာရေး၊ ထိုမှ မဟနသို့ တဆင့်ပြီး တဆင့်လာပါသည်။ မဟနက နောက်ဆုံးမှ လက်မှတ်ထိုးပေးရပါသည်။
    အရှင်ဝီရသူကို ဆုံးမရန်ဆိုသည့်အမိန့်ကိုလည်း ထိုနည်းအတိုင်း အစိုးရထံမှ လာပါသည်။အမိန့်စာထုတ်စဉ်က လက်မှတ်ထိုးထားသေ မန်းတိုင်း သံဃနာယက ဥက္ကှဌဆရာတော်မှာ ထိုအမိန့်ထုတ်စဉ်က ပြည်ပမှာ နှလုံးခွဲစိတ်ခံနေချိန်ဖြစ်ပါသည်။
    စစ်အာဏာရှင်တို့က ဒယ်အိုးဆရာတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လူမှုရေးအဖွဲ့တစ်ခုသို့ လူမှုရေးအကူအညီများပေးရန် စီစဉ်သည်ကို ရန်ညိုးဖွဲ့ပြီး တရားပွဲများကို ပိတ်ခြင်းဖြစ်ကြောင်းလူတိုင်းသိနေသောကိစ္စဖြစ်ပါသည်။
    ယနေ့ မြန်မာပြည်မှာ နေရာအတော်များများမှာ လူသားများ လူ့အခွင့်အရေးများ ရသင့်သလောက် ရလာသော်လည်း သံဃာများမှာ ဖိနှိပ်ခံနေရဆဲဖြစ်ပါသည်။ မည်သည့်လွှတ်တော်ကိုယ်စားလှယ်မှ သံဃာများအတွက် ပြောဆိုပေးမည့်သူ မရှိပါ။
    စာဝါများပို့ချသည်ကိုပင် သံဃာများလျှင် အပိတ်ခိုင်းပါသည်။ကျောင်းတွေကို ဖျက်သည်၊ မီးရှို့သည်။
    ၂၄-နှစ်ကြာ စစ်အာဏာရှင်များထင်သလိုထုတ်ပြန်ခဲ့သော သံဃာဖိနှိပ်ရေး ဥပဒေများကို တစ်ခုမှ ပြန်လည်ရုတ်သိမ်းခြင်းမရှိသေးပါ။
    ဒါတွေကို ကွန်မင့်လာပေးသော အစိုးရဘက်တော်သား သိစေချင်ပါသည်။
  1. Anonymous said... :
    အဓိက တရားပွဲ ပိတ်ခံရခြင်းအကြောင်းအရင်းမှာ တနိုင်ငံလုံး လူမှုရေးအသင်းကြီးများ ညီလာခံ ခေါ်ရမှ စခြင်းဖြစ်သည်။ စစ်အစိုးရက သူ့ ရဲ့ ခွင့်ပြုချက်မရပဲ လုပ်သည်ပြောသည်။ ဆရာတော်က ကြိုတင် ၃ လခန့်  လျောက်ထားသော်လည်း မည်သည့် အကြောင်းပြန်စာမှ မရသဖြင့် ဆက်လုပ်သည်။ လူမှုရေးလုပ်ငန်းများတွင် အောင်မြင်သော မေတ္တာရှင် ဆရာတော်ကိုလည်း အကြောင်းရှာပြီး တရားဟောခွင့် ပိတ်သည်။
  1. Anonymous said... :
    ဒယ်အိုးဆရာတော်ကို သဘောကျပါသည် .. သို့သော် နာမည်ကြီးမှန်း ကိုယ့်ကိုကို သိတော့ မာန ကြီးတာတော့ အမှန်ပင် .. မြန်မာနိုင်ငံတွင် တရားလိုက်ဟောစဉ် တရားဟောမည့် နယ်ဘက် ရောက်ပါက သံဃာတော် အချင်းချင်း ရိုသေမှု မရှိ .. သူ့ထက် အသက် သိက္ခာ ၀ါတော် ကြီးသည့် ဆရာတော်များကို ပင် ကန်တော့ခြင်း ဦးချခြင်း အလျှဉ်း မရှိသည်က အဆိုးဆုံးဖြစ်ပါသည် .. ကိုယ်နှိုက်က သံဃာတစ်ပါးဖြစ်၍ သံဃာအချင်းချင်း မလေးစားမှတော့ ပြည်တွင်း သုံးစားမရတာ မဆန်းပါ .. သံဃာအား ဘုရားပင် မနိုင် ဆိုသည့် စကားအတိုင်း ၄င်း ဒယ်အိုးဆရာတော် မရှိ၍ မြန်မာနိုင်ငံတွင်း သံဃာများပြုဖွယ်ကိစ္စ တပြားသားမှ လျော့မသွားပါ ..
  1. Anonymous said... :
    မှန်တာတွေကိုအနာခံပြီးတော့ပြောနေတာသူ့တရားနာတဲ့သူတိုင်းသိတယ်...ဘာသာေ၇းဘက်မှာတော့ဒီမိုကေ၇စီမ၇သေးတာစိတ်မကောင်းဖြစ်မိတယ်
  1. Anonymous said... :
    ဒယ်အိုးဆရာတော် ဂါရ၀တရားမရှိဆိုတာ မမှန်ပါ။ မြန်မာပြည်မှာဟောသော သူ့တရားပွဲတိုင်းအစမှာ နယ်မြေခံသံဃာတော်များကို ဦးထိပ်ထားပြီး ဟောကြားမည်ဖြစ်ကြောင်း လက်အုပ်ချီပြီး အမြဲတမ်းလျှောက်ထားသည်ကို သူ့အခွေတိုင်းမှာ ပါပါသည်။ဘယ်ဓမ္မကထိကများ သူလို နှိမ်ချရိုကျိုးလျှောက်ထားပါသနည်း။ရှိလျှင်ပြစေလိုပါသည်။
    သူပလ္လင်ပေါ်မတက်မီ ဘုရားကို အရင်ဦးချပြီး ပလ္လင်ဘေးမှာ ထိုင်ပြီး တရားနာနေသော သံဃာများထဲမှ သူ့ထက်သိက္ခာ၊ ၀ါကြီးသော သံဃာများပါလျှင် ရှိခိုးကန်တော့သည်ကို ကိုယ်တိုင်မြင်တွေ့ဘူးပါသည်။
    စစ်အာဏာရှင်တို့က ဒယ်အိုးဆရာတော်နဲ့ ရေည၀ါဆရာတော်တို့ကို ဓမ္မာစရိယမအောင်လို့ တရားမဟောရဥပဒေကို ခါတော်မီထုတ်ပြန်၊ မဟနကို လက်မှတ်ထိုးထုတ်ပြန်ခိုင်းသည်။ ဒါပေမဲ့ ဓမ္မာစရိယမအောင်သောသံဃာများ တရားဟောနေကြသည်ကို မမြင်ချင်အဆုံးဖြစ်ပါသည်။
    စစ်တပ်အသိုင်းအ၀ိုင်းစိုးမိုးနေဆဲကာလမှ အမှန်တရားဟူသည် မည်သည့်နယ်ပယ်မှာမှ မထွန်းကားနိုင်သေးပါ။
    ကြံ့ခိုင်ရေးမှ ဆရာတော်အား ရန်ညိုးထားပြီး ဖိနှိပ်ခြင်းခံနေရသည်မှာ ထင်ရှားလှပါသည်။
    ဇေကမ္ဘာ ဦးခင်ရွှေ ဦးစီးသော သာသနာဂ္ဂဟအဖွဲ့မှ တရားပွဲများကို ချုပ်ကိုင်လာယုံမျှမက ၅၀%တရားပွဲမှ ရသောအလှူငွေကို မိုက်ကြေးခွဲရာ အခြားဓမ္မကထိကများက အသာတကြည်ပေးသော်လည်း မဟုတ်မခံဒယ်အိုးဆရာတော်မှ မပေးသဖြင့် ဦးခင်ရွှေ၏ အညိုးထားခြင်းကိုလည်း ခံခဲ့ရပေသည်။
    ပြည်တွင်းမှာ သုံးစားမရဆိုသည်မှာ မဟုတ်ပါ။ စစ်အာဏာရှင်များမှ ပိတ်ပင်ထားခြင်းသာဖြစ်ပါသည်။ ယနေ့ဖွင့်ပေးကြည့်ပါ။ ပရိသတ်အများဆုံး ဓမ္မကထိကဆိုတာ သက်သေပြပါလိမ့်မည်။
    ဥပမာ ဒေါ်စုကို နအဖက သာမန်အိမ်ရှင်မတစ်ယောက်ပါဟု ပြောခဲ့သည်။ လက်တွေ့ ရွေးကောက်ပွဲလုပ်သောအခါ ပြည်သူတခဲနက်ထောက်ခံသည်ကို တွေ့ရပါသည်။
    စစ်အာဏာရှင်တို့သည် တစ်ပြည်လုံးသံဃာပါမကျန် သူ့စစ်ဘိနပ်အောက် ခေါင်းလျှိဝင်မှသာ အလုပ်လုပ်ခွင့်ပြုပါသည်။ သူတို့ကို ငွေလှူသော။ ဆေးရုံ၊ စာသင်ကျောင်းဆောက်ပြီး အစိုး၇ကိုအပ်နှံသော အစိုးရကိုဖားသော ဘုန်းကြီးဓမ္မကထိကများကို ဘွဲ့တံဆိပ်များ၊ ပါမောက္ခရာထူးများ၊ ကားပါမစ်များနဲ့ မက်လုံးပေးထားပါသည်။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved