ဂျာနယ်နှစ်စောင် ရပ်ဆိုင်မှု အပေါ် ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုခြင်း

Wednesday, August 1, 2012



ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို အကန့်အသတ်မရှိ ရပ်ဆိုင်း အရေးယူမှု အပေါ် ပြန်လည်ရုပ်သိမ်းပေးရန် မြန်မာ ဂျာနယ်လစ် ကွန်ရက်မှ ပြန်ကြားရေး ၀န်ကြီးဌာနသို့ တောင်းဆိုသွားမည်ဖြစ်သည်။

ယင်းသို့အရေးယူခြင်းသည် မီဒီယာလွတ်လပ်ခွင့်ကို ပြင်းထန်စွာ ထိပါးချိုးဖောက်ရုံမက သမ္မတကြီး၏ အပြုသဘော ဆောင်သည့်သဘောထားအမြင်များကို ဆန့်ကျင်ကွဲလွဲနေသည့် လုပ်ဆောင်မှု ဖြစ်သောကြောင့် ယင်းသို့အရေးယူထားမှုအပေါ် စဉ်းစားသုံးသပ်၍ တစ်ပတ် အတွင်း ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုကြောင်းစာကို သက်ဆိုင်ရာဝန်ကြီးဌာန ထံပေးပို့ သွားမည်ဖြစ်သည်။

ယခုဆုံးဖြတ်ချက်ကို ၃၁.၇.၂၀၁၂ နေ့က ပြုလုပ်ခဲ့သည့် မြန်မာဂျာနယ်လစ်ကွန်ရက် အထူးအစည်းဝေး၌ လုပ်ငန်းကော်မတီနှင့် ကွန်ရက်ဝင်များက သဘောတူဆုံးဖြတ်ခဲ့ကြပြီး မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ လိုအပ်သော လှုပ်ရှားမှုများကိုလည်း ဆက်လက်ပြုလုပ် သွားမည်ဖြစ်သည်။

ပိုင်စိုးဦး

4 comments :

  1. Anonymous said... :

    တကယ်တော့ ဒီလို ပိတ်ပင်တာ လုံးဝ ကန့် ကွက်ပါတယ်။စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုတာဘာလဲ။သတင်းမှန် ယူတာဘဲ ဘာမှားနေလို့လဲ

  1. Anonymous said... :

    သူတို့ဒီသတင်းထည့်လိုက်တဲ့အတွက် တစ်ဘက်မှာ ပြင်းထန်တဲ့ရိုက်ခတ်မှုတွေ ဖြစ်တယ် ဆိုတာတွေးမိပုံမရဘူး ၊ တကယ်တော့ ၀န်ကြီးဌာနတစ်ခုမှာ လုပ်ပိုင်ခွင့်အရှိဆုံး အဆုံးအဖြတ် ပုဂ္ဂိုလ်ဟာ ၀န်ကြီးဖြစ်တယ် ၊ ခုလို နိုင်ငံရဲ့အခြေအနေမျိုးမှာ ပြည်ပကနေ ဘက်စုံဝင်လာနေတဲ့ စီးပွားရေးရင်းနှီးမြှုတ်နှံမှုတွေ ၊ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွေ စတာစတာတွေဟာ ဒီဝန်ကြီးတွေနဲ့ လုပ်နေရတာဖြစ်တယ် ၊ တချို့လုပ်လက်စတွေ ၊ တချို့ MOU တွေဘာတွေထိုးပြီး လုပ်ငန်းအကောင်အထည်ဖေါ်ဘို့ ပြင်ဆင်လက်စတွေ ၊ တစ်ချို့ မူအားဖြင့်သဘောတူထားပြီး MOU လုပ်ဘို့အဆင့်တွေ အကုန်လုံး ယောက်ယက်ခတ်ကုန်တယ် ၊ ဒေါ်လာဘီလီယံနဲ့ချီပြီးအလုပ်လုပ်နေသူတွေဟာ ဒီအပြောင်းအလဲသတင်းကြောင့် စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်ကုန်တယ် ၊ အစိုးရအဖွဲ့အပေါ်ယုံကြည်မှုတွေ လျော့ပါးလာတယ် ၊ စိတ် ပျက်လွယ်တဲ့သူတွေဆို စိတ်ပျက်ကုန်တယ် ၊ လာလတံ္တသော ရင်းနှီးမြှုတ်နှံသူတွေဟာ စောင့်ကြည့်တဲ့အဆင့်ကို ပြန်ရောက်သွားတယ် ၊ ဂျာနယ် ၂ စောင်ရဲ့ အဆင်အခြင်မဲ့လုပ်ရပ်ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနတွေဟာ တနေကုန်ဖုန်းတွေ ထိုင်ဖြေနေရတယ် ၊ ရှင်းနေရတယ် ၊ ဘယ်လောက်ပဲရှင်းရှင်း ယုံကြည်မှုတော့လျော့သွားတယ် ၊ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအဟုန်ကို ထိခိုက်စေတယ်

  1. Anonymous said... :

    ၈ျာနယ်အများစုက အရင်ခေတ်တုန်းက အစိုးရမကောင်းကြောင်း မရေးရဲဘူး။ ဒီခေတ် NLD(အမေစု မဟုတ်ပါ)မကောင်းကြောင်း မရေးရဲဘူး။ သူတို့လည်း သာကူးပါပဲ။ eleven လည်း max myanmar company ကောင်းကြောင်း မပါမဖြစ်ပဲ။နားကို မလည်နိုင်ဘူး။

  1. Anonymous said... :

    အခုအစိုးရလက်ထက်မှ အသံထွက်လာတဲ့ ဂျာနယ်တွေနဲ့ သတင်းထောက်တွေ ကြားထဲမှာ ထောင်မကြောက် တန်းမကြောက် အရင်ခေတ်ထဲက အသံထွက်ခဲ့တဲ့သူ တွေရဲ့ နာမည်တွေ ပျောက်ကုန်ကြပါပြီ။ ဇာဂနာပျောက်ပြီး မြတ်ခိုင်ရောက် သလိုပေါ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved