သာပေါင်းမြို့ ၉၀ ရာခိုင်နှုန်းကျော် ရေမြုပ်နေ

Monday, August 13, 2012

သာပေါင်းကိုသွားတော့ ရေမြုပ်နေတဲ့ လယ်ကွင်းတွေပေါ်က မော်တော်နဲ့ ဖြတ်မောင်းသွားတာ။
မောင်းရင်း စက်ရပ်သွားတော့ မိုးထဲလေထဲကို လိုင်းရိုက်ချက်က ပြင်းသလား မမေးနဲ့။ တော်ရုံ မမူးတတ်တဲ့ ကျနော် လှိုင်းမူးတာ ခေါင်းတွေကို ချာချာလည်သွားတာပဲ။
ုံ
ရေပြင်က ကျယ်လိုက်တာ ပင်လယ်လိုကို ဖြစ်နေတာ။ ဘယ်နေရာ ကြည့်ကြည့် ရေချည်းပဲ လို့ သာပေါင်းမြို့ ရေကြီးပုံ ဓာတ်ပုံသွားရိုက်တဲ့သတင်းထောက်က စာရေးလာပါတယ်။

သူ မနေ့က ရိုက်ကူး ပေးပို့လာတဲ့ ဧရာဝတီတိုင်း
သာပေါင်းမြို့ ရေကြီးပုံတွေ၊ ဘေးလွတ်ရာ သွားရောက်ခိုလှုံနေကြပုံတွေကို ဖော်ပြလိုက်ပါတယ်။














3 comments :

  1. Anonymous said... :

    ကျေးဇူးပြုပြီး ကျွန်တော်တို့  https://www.facebook.com/HumanitarianAssistCharityOrganizationhaco မှ ကျွန်တော် သွားရောက် ကူညီဖို့ ရှိပါသည်. အလှူရှင်များစွာလိုအပ်လျက်ရှိပါသည်။ ပုသိမ်မြို့ မှ ဆရာတော် ဦးဝိလာသက္က၏ ဒကာတော် ကိုမြင့်နိုင်နှင့်လည်း ချိတ်ဆက်လုပ်ဆောင်နေပြီး ၁၇ (သို့ ) ၁၈ ကို သွားရောက် ကူညီနိုင်အောင် စီစဉ်နေပါသည်။ ကျော်နန္ဒကို 0943089559 ကိုဆက်သွယ်လှူဒါန်းနိုင်ပါသည်

  1. Anonymous said... :

    ၁၈-၈-၂၀၁၂ (စနေ နေ့ )ကို ဧရာဝတီတိုင်း သာပေါင်း နှင့် ပုသိမ်တစ်ဝိုက်ရှိ ကယ်ဆယ်ရေးစခန်းများကို သွားရောက် ကွင်းဆင်းကာ လိုအပ်သည့် ဆေးဝါးနှင့် အစားအသောက်များကို HACO အဖွဲ့ မှ သွားရောက်လှူဒါန်းပေးမည်ဖြစ်ပါသည်။ ကျွန်တော် အလင်းရောင်ချစ်သူ@ကျော်နန္ဒကို နှင့်အတူ ပျားရည်ချစ်သူ၊ ကောင်းမြတ်၊ စိုးမြင့်ဝေ နှင့် လင်းမိုးတို့ သွားရောက်ပါမည်။ ထို့ အပြင် ပုသိမ်မှ ဆရာတော် ဦးဝိလာသက္ကပါ လိုက်ပါမည်။ ရန်ကုန်-ပုသိမ်ကားလမ်းမှာ ရေများလွှမ်းနေပြီး ကားများခက်ခဲစွာ သွားရဖြင့် သွားရောက်မည့်ခရီးစဉ်လမ်းကြောင်းကို ယနေ့ ညနေတွင် တင်ပေးနိုင်ရန် စုံစမ်းလျက်ရှိပါသည်။ ယခုလက်ရှိအချိန်အတွင်း ကောက်ခံရရှီသော အလှူငွေများကို ၁၇-၈-၂၀၁၂(သောကြာနေ့ ) ညနေ ၆ နာရီတွင် မြေနီကုန်း King လက်ဖက်ရည်ဆိုင်၌ စုပါမည်။
    အလှူရှင်များဆက်သွယ်ရန် ကျော်နန္ဒကို ၊ တိုက်(၂၈) ၊ အခန်း A-4, ပိတောက်ရွှေဝါလမ်း၊ တာမွေလေး၊ ၇န်ကုန်၊ ဖုန်း 0943089559 ,ကိုအောင်ကိုကိုယု
    Ph - 0973168687, မအိရွှေစင်
    Ph - 09401526945,ကိုကျော်လင်းအောင် @ မီးနတ်
    Ph - 0943135335,ကိုကျော်မင်းထွန်း @ ကျော်ကျော်
    Ph - 0943110330
    အလင်းရောင်ချစ်သူ

  1. Anonymous said... :

    ၁၈-၈-၂၀၁၂ တွင် ပုသိမ်သို့  လှိုင်သာယာအဝေးပြေးကွင်းမှ ချမ်းမြအေး ရန်ကုန်-ပုသိမ် ကားဖြင့် မနက် (၁၀) နာရီထိုးထွက်ပါမည်။ လက်ရှိ အခြေအနေအရ ပုသိမ်မြို့ ကယ်ဆယ်ရေးအပိုင်း ၁၁ နှင့် ၁၂ မှာ ရိက္ခာများပြတ်လပ်နေကြောင်းသိရပါသည်။ ကျွန်တော်တို့ သွားမည့်သူမျာ
းမှလည်း အပိုင်းလိုက် လူခွဲပြီး လုပ်ဆောင်သွားရမှာဖြစ်ပါသည်။ ပုသိမ်သို့ ရောက်ရောက်ချင်း ကျွန်တော်တို့  ချက်ချင်း လုပ်ဆောင်သွားပါမည်။ သတင်းအချက်အလက်များ လိုအပ်ချက်များကိုလည်း အချိန်နှင့် တပြေးညီ ဖုန်းဖြင့် တင်ပြပေးသွားမှာဖြစ်ပြီး နောက်ပိုင်းတွင်ကျန်သည့်သူများမှ page နှင့် group တွင် update သတင်းများကို တင်ပြပေးသွားပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။

    အလင်းရောင် ချစ်သူ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved