ဟစ်ဟော့ပ်သမားတို့နဲ့တွေ့ဖို့ ဘာတေးလ်လင့်တနာ မြန်မာပြည်သွားမယ်

Friday, August 31, 2012

~






အာရှဒေသအရေး အထူးပြုလေ့လာတဲ့ သတင်းစာဆရာ ဘာတေးလ်လင့်တနာ (Bertil Lintner) က နောက်နှစ်ပတ်လောက်ဆိုရင် မြန်မာပြည်သွားမယ်လို့ သိရပါတယ်။

မြန်မာအစိုးရရဲ့ Black List ထဲကနေ သူ့နာမည်ကို မနေ့ကပဲ ဖြုတ်လိုက်တဲ့အတွက် သူက မြန်မာပြည်ကို မြန်နိုင်သမျှ မြန်မြန် သွားရောက်ဖို့ ပြင်ဆင်နေတာပါ။

"မြန်မာပြည်က ရက်ပ် နဲ့ ဟစ်ဟော့ပ် အဆိုတော်တွေကို တွေ့မယ်။ စာနယ်ဇင်းသမားတချို့ကိုလည်း တွေ့မယ်။ နိုင်ငံရေးသမားတွေကိုတော့ တွေ့ဖြစ်မှာ မဟုတ်ဘူး" လို့ ဘာတေးလ်က ဆိုပါတယ်။

သူက ဘာကြောင့် ခေတ်ပေါ်ဂီတသမားတွေနဲ့ တွေ့မှာလဲ?

"ရက်ပ်/ဟစ်ဟော့ပ်တွေနဲ့ မြန်မာသံချပ်ကြားထဲမှာ တူညီချက်တွေ ရှိနေတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်" လို့ ဘာတေးလ်က ဧရာဝတီကို ပြောပြပါတယ်။

သူက ဟစ်ဟော့ပ်အဆိုတော် အနဂ္ဂနဲ့တောင် မိတ်ဆွေဖြစ်နေပါပြီ တဲ့။

ဒီအတိုင်းဆိုရင် ဘာတေးလ်လင့်တနာ ရေးမယ့်ဆောင်းပါး သို့မဟုတ် စာအုပ်က မြန်မာ့ရိုးရာဂီတနဲ့ ခေတ်ပေါ်ဂီတဆက်စပ်မှုအကြောင်း ဖြစ်နိုင်ဖွယ်ရှိပါတယ်။




သူက မြန်မာပြည်အကြောင်း ဆောင်းပါးအများအပြား ရေးသားခဲ့သူပါ။

ပဋိပက္ခ၊ နိုင်ငံတော် တည်ဆောက်မှု၊ မူးယစ်ဆေးပြဿနာ အကြောင်း ပါဝင်တဲ့ Burma in Revolt နဲ့
Outrage
Land of Jade

The Kachin: Lords of Burma's Northern Frontier

Aung San Suu Kyi and Burma's Struggle for Democracy

စတာတွေက သူရေးခဲ့တဲ့ မြန်မာပြည်ဆိုင်ရာ ထင်ရှားတဲ့စာအုပ်များ ဖြစ်ပါတယ်။

သူဟာ မြောက်ကိုရီးယားအကြောင်းကိုလည်း အထူးပြုလေ့လာသူဖြစ်တဲ့အတွက် ရန်ကုန်ရောက်တဲ့အခါ မြောက်ကိုရီးယားစားသောက်ဆိုင်မှာလည်း သွားစားဖြစ်မယ်လို့ ယူဆရပါတယ်။



~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved