မသန်ပေမယ့် စွမ်းနိုင်သူ

Friday, August 31, 2012


ဗြိတိန်နိုင်ငံသူ ဆူးအက်စ်တင် (Sue Austin) ဆိုတဲ့ အမျိုးသမီးတဦးဟာ အသက်ရှူ ကိရိယာတွေနဲ့အတူ ဘီးတပ် ကုလား ထိုင်နဲ့ သမုဒ္ဒရာအောက်မှာ ပြသတဲ့ Paralympic Games မှာ ထူးခြားစွာပဲ စွမ်းဆောင်ရည်တွေ ပြသခဲ့တာပါ။



Sue Austin ဟာ ရေအောက် ဘီးတပ် ကုလားထိုင်ကို တည်ထွင်နိုင်ဖို့ ၂ဝဝ၅ ခုနှစ်ကလည်း ရေအောက် အသက်ရှူ ကိရိယာနဲ့ ရေငုပ်တာကို သင်ယူလေ့ကျင့်ခဲ့ပါသေးတယ်။ အခု ပုံမှာမြင်ရတဲ့အတိုင်း သူက ဘီးတပ်ကုလားထိုင်နဲ့ ရေ အောက်မှာ ဂျွန်းဘားမယ်လေးလို ကူးခတ်ပြသနေတာပါ။




သူဟာ မသန်ပေမယ့် စွမ်းတယ်ဆိုတာ ပြသနေတာလည်း ဖြစ်ပါတယ်။
ဒီနောက် သူအကြံရရှိခဲ့ ပါတယ်။ အဲဒီအကြံအတိုင်း ဘီးတပ်ကုလားထိုင်ရဲ့ အောက်မှာ တွန်းကန်မှု စနစ် ၂ ခု အသုံးပြုဖို့ ပါ။ အဲဒီ စနစ်ပါတဲ့ ဘီးတပ် ကုလားထိုင်ကိုတော့ အင်္ဂလိပ် အက္ခရာ U ပုံ သဏ္ဌာန် ရေယက်ဖြင့် တီထွင်ထားတာ လည်း ဖြစ်ပါတယ်။




သူက ၁၉၉၆ ခုနှစ် မှစတင်ပြီး ဘီးတပ် ကုလားထိုင်အသုံးပြုခဲ့ ရသူဖြစ်ပါတယ်။ ရေအောက် ဘီးတပ် ကုလားထိုင် ကိုတော့ အင်ဂျင်နီယာတွေရဲ့ အကူအညီနဲ့ လုပ်ခဲ့တာလည်းဖြစ်ပါတယ်။



အခုလို တီထွင်လိုက်တဲ့ ရေအောက်ဘီးတပ်ကုလားထိုင်မှာ ချို့ယွင်မှု တစ်ခုရှိပါတယ်တဲ့။ အဲဒီချို့ယွင်ချက်ကတော့ သံချေး တက်တဲ့ကိစ္စပါ။ သံချေးတက်တာကို ကာကွယ်ဖို့ကိုတော့ အသစ်တီထွင် ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ အသစ်ဖန်တီးမယ့် ရေအောက် ဘီးတပ် ကုလား ထိုင်ကို တိုက်တေနီယမ် သတ္တုဖြင့် ပြုလုပ်မယ်လို့ ဆိုပါတယ်။






သူရဲ့အစွမ်းကို ဤဗီဒီယိုမှာ ကြည့်ရှု့နိုင်ပါတယ်။



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved