မျက်နှာဖုံးရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

Thursday, August 23, 2012

~





၂၀၁၀ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ ကြံ့ခိုင်ရေးပါတီအကြောင်း ဆောင်းပါးပေါင်းချုပ် စာအုပ်တအုပ် ထွက်နေပါပြီ တဲ့။
ရေးသားသူက ကြံ့ခိုင်ရေးအသင်းမှာ ပါဝင်ခဲ့သူလို့ ဆိုပါတယ်။
သူ့စာအုပ်မျက်နှာဖုံးမှာ ဗိုလ်သန်းရွှေကြီး လက်ငါးချောင်းထောင်ပြနေပုံကို အသုံးပြုထားပါတယ်။

ပုံရွေးချယ်မှုကြောင့် စာအုပ် အရောင်းသွက်ဖွယ် ရှိနိုင်မလား?
ဒီကနေ့ ခေတ်စားနေတဲ့ ယဉ်ကျေးမှုအတိုင်း လုပ်မယ်ဆိုရင်တော့ သေချာပေါက် အရောင်းသွက်မှာပါ။
အဲဒါကတော့- စာအုပ်မိတ်ဆက်ပွဲလုပ်၊ အဲဒီပွဲမှာ ဦးသန်းရွှေကြီးကိုယ်တိုင် စာအုပ်တွေကို လက်မှတ်ထိုးပေးတဲ့ အရောင်းမြှင့်တင်ရေးနည်းလမ်းပဲ ဖြစ်ပါတယ်။

စာအုပ်အမှာစာရေးပေးသူတယောက်ကတော့ ပြောရဲဆိုရဲရှိလွန်းသူ ဦးအောင်သိန်းလင်း ဖြစ်ပါတယ်။ စာအုပ်မိတ်ဆက်ပွဲမှာ ဦးအောင်သိန်းလင်းလည်း လက်မှတ်ထိုးပေးမယ် ဆိုရင်ဖြင့် ဒီစာအုပ်ကြီးက တောင်ပြိုကမ်းပြို အရောင်းသွက်မှာ သေချာဖွယ် ရှိပါတယ်။

အတွင်းဘက်မှာ ဦးသန်းရွှေတို့ဓာတ်ပုံများလည်း ပါတယ် ဆိုပြီး မ၀ယ်ချင် ၀ယ်ချင်အောင် စာအုပ်ကြော်ငြာမှာ ရေးထားပါတယ်။

မြန်မာပြည်မှာတော့ ဒီစာအုပ်ဟာ ဦးသန်းရွှေကို မျက်နှာဖုံးတင်တဲ့ ပထမဆုံး စာအုပ် ဖြစ်ဖွယ် ရှိပါတယ်။

ဒီစာအုပ် အောင်မြင်သွားရင်တော့ နောင် ထွက်လတ္တံ့သော စာအုပ်များ အရောင်းသွက်ရေးရည်ရွယ်ချက်နဲ့ ဦးသန်းရွှေဓာတ်ပုံကို သုံးလာနိုင်ပါတယ်။


~

8 comments :

  1. Anonymous said... :

    ၂၀၁၀ ရွေးကောက်ပွဲတွင် တောင်ပြို၊ ကမ်းပြို၊ ၁၀၅ % ရာခိုင်နှုန်း နဲ့  မဲရေစရာတောင်မလိုပဲ နိုင်သွားပါကြောင်း။
    Crazy တွေမဲပေးတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ရလာဒ်လောက်တော့ သနားကြောင်း
    ၂၀၁၅ တွင်လည်း ၂၀၁၀ အတိုင်း တရားမျှတသော ရွေးကောက်ပွဲလုပ်ပါက ၁၁၅ % လောက်ပင်ရနိုင်ကြောင်း အမတန် လူချစ်လူခင်များသော ကြံ့ဖွတ် founder သန်းရွှေ ၏ အသင်းသားတဦးက ပြောကြားသွားပါသည်။

  1. Anonymous said... :

    ဒီစတိုင်မြင်ဘူးတယ်ထင်နေတာ မြောက်ပြည် ကမြောက်ခေါင်းဆောင်ကြီးစတိုင်ပါလား (မြောက်ပြည်ဆိုတာ မြောက်ကိုရီးယားကိုပြောတာနော်)

  1. Lu Pyo Pauk Sa ( Mandalay ) said... :

    Don't
    don't buy it.

    Do
    Do buy it only ' Our Aung Thein Linn signature ' included for opening launch !

  1. Anonymous said... :

    ဟား ဟားး ဟား ဟား..
    ရီစရာကောင်းလိုက်ပါဘီ...ဟိဟိ...ဟိဟိ..ဟိဟိ.
    ဘယ်လို..ဘယ်လို..လှည်းကျိုးမင်းကြီးနဲ့ခိုးသား၅၀၀
    ဇါတ်လမ်း..ဇါတ်ထုတ်ဆိုတော်သေးတယ်..
    ဗြဲဗြဲ...ဗြဲဗြဲ...ဗြဲဗြဲ..ဆိုပြီး

  1. Anonymous said... :

    ဆရာမောင်ရေစက်ဆိုတာ
    တစ်လောကမှ အမတ် ဒေါ်လဲ့လဲ့ဝင်းဆွေက ဘာပြုမယ် ညာပြုမယ် ကြိမ်းခံရသူပါ။
    သံတော်ဆင့် ဂျာနယ် ကဖြစ်ပြီး ယခင် Hot News ကဖြစ်ကြောင်းပါ

  1. Mandalay Pae Kyaw MZ said... :

    hote tae.
    I agree with Lu pyo pauk comment.

  1. ko zaw lay said... :

    ဆွဲကြိုးကြီးနဲ့

  1. 105% ဆိုတော့ မဲပေးတာ လူတွေတင်မဟုတ်လောက်ဘူး

    မိုးပေါ်က နတ်တွေသကြားတွေရောပါမှာပေါ့နော်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved