မြန်မာနိင်ငံသတင်းစာဆရာအသင်း စည်းမျဉ်း ဥပဒေ အတည်ပြု

Saturday, August 11, 2012



ဓာတ်ပုံ- Popular Myanmar News Journal

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အသင်းအဖွဲ့စည်းမျဉ်း ဥပဒေကို ယနေ့ ကျင်းပတဲ့ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးက အတည်ပြုပေးလိုက်ပါတယ်။



ပြည်နယ်နှင့် တိုင်း အားလုံးက ဗဟိုကော်မတီဝင်တွေနဲ့ ကော်မတီဝင်တွေအပါအ၀င် လေ့လာသူများ တတ်ရောက်တဲ့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို. ယုဇနဂါးဒင်း ဟိုတယ်မှာ စတင်ကျင်းပပြုလုပ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။



မြန်မာနိုင်ငံသတင်းစာဆရာ အသင်း ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဦးခင်မောင်လေး (ဖိုးသောကြာ (ခေတ်မိုး) က အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးကိုကို (ကိုကို -စက်မှုတက္ကသိုလ်) မှ မြန်မာနိုင်ငံ သတင်းစာ ဆရာ အသင်း ဖြစ်မြောက်ရေး ကော်မတီ အစီရင် ခံစာကို ဖတ်ကြားခဲ့ပါတယ်။




ယင်းနောက် မြန်မာနိုင်ငံသတင်းစာ ဆရာ အသင်း ဖြစ်မြောက်ရေး ကော်မတီ နာယကနှင့် အသင်း အဖွဲ့ စည်းမျဉ်းရေး ကော်မတီင်္ ဥက္ကဌ ဦးစိုးသိမ်း (မောင်ဝံသ) ကလည်း အသင်းအဖွဲ့ စည်းမျဉ်း ဥပဒေကို ဖတ်ကြားပြီးနောက် တက်ရောက် လာသော ပြည်နယ်နှင့် တိုင်းဒေသ အသီင်္းသီးက ကိုယ်စားလှယ်များက ၄င်းစည်းမျဉ်း ဥပဒေကို အတည်ပြု ပေးလိုက်ခြင်းဖြစ်ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဗဟိုဦးစီး အဖွဲ့ဝင်များ သစ္စာ အဓိဌာန် ၅ ချက်ကို ကျိန်ဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ၏ ဗဟိုဦးစီး အဖွဲ့ဝင်များ အဖြစ် ရွေးကောက်တင်မြှောင်ခြင်းခံရသော ကျွန်ုပ်တို့သည်
(၁) သတင်းအမှန်ကို သိပိုင်ခွင့်ရှိခြင်းတည်း ဟူသော ပြည်သူ များ၏ အခွင့်အရေးကို လေးစားလိုက်နာပါမည်။
(၂) စာနယ်ဇင်းလွတ်လပ်ခွင့်ကို နိုင်ငံတကာ စံနှုန်းများနှင့် အညီ ရရှိခံစားနိုင်ရေးကို ဆောင်ရွက်ပါမည်။
(၃) သတင်း မီဒီယာသမားများ ရရှိ ခံစားအပ်သော အသက်မွေး ၀မ်းကြောင်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် ပါမည်။
(၄) စာနယ်ဇင်း ကျင့်ဝတ်များကို မြှင့်တင်ရင်း အင်အားတောင့် တင်း ခိုင်မာသော စတုတ္ထ မဏ္ဍိုင်ပီသရေး ကြိုးပမ်းသွားပါမည်။
(၅) မြန်မာနိုင်ငံရှိသတင်းစာဆရာများ သွေးစည်း ညီညွတ်ရေး ကို အထူးသဖြင့် အလေးထားလျှက် ကြိုးပမ်းဆောင်ရွက်ပါမည်။

အထက်ပါ ကတိသစ္စာ ၅ ချက်ကို ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ လိုက်နာ ကျင့်သုံး သွားကြပါမည် ဟု လေးနက်တည်ကြည်စွာ အဓိဌာန်ပြုပါ၏။




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved