တိမ်လွှာမို့မိုလွင်

Wednesday, August 15, 2012



မြို့မတေးဂီတအဖွဲ့ အွန်လိုင်းမှာ တွေ့ရတဲ့ သီချင်းစာသား ဖြစ်ပါတယ်။

တေးရေး - မြို့မငြိမ်း


ပြာရီမှိုင်းကာ မို့မို့ညို့ညို့ညိုလွင်
ညှင်းလေပြေ သွေးလို့သာ ဖေးမကူချင်
တိမ်လွှာကလေးတွေ ပြေးကာ တရွေ့ရွေ့ယူငင်
ငြိုးလှောင်ကာ ပြုံးဝင့်မို မိုးပဇ္ဇုန်ရှင်

သဲ သဲ မဲ မဲ ရွာလိုက်မယ်ပဲ ဟန်တွေပြင်
ဖော်နဲ့ဝေးတဲ့သူမှာ အဆွေးသာပိုချင်

လွမ်းစေ ကျွမ်းစေအောင်ပင် သဲကာ ရွှေမိုး ငြိုးတော့တယ်
တင်စားလို့ရယ် ငြိုငြင်ပြောလိုက်ချင်
ဖြေဆည်မရွှင် တစ်ကိုယ်တည်း အားနည်းသည်တွင်
မိုးသက်လေလေး ပွေလေအောင်ဖန်ချင်

တမ်းတယောင် မှန်းဆမြင်
နွမ်းလျအောင် လွမ်းရအင်
မြင်လှည့်ချစ်သူရယ် ရှင်
မှိုင်းပြာရီညို့ တိမ်လွှာမို့မိုလွင် ။


ဝင်းဦးရဲ့ တိမ်လွှာမို့မိုလွင် (အသံဖိုင်)


မြို့မ တေးဂီတ အဖွဲ့နဲ့ ရန်အောင်တို့ရဲ့ တိမ်လွှာမို့မိုလွင် (ရုပ်သံ)


ရတနာဦး သီဆိုထားတဲ့ တိမ်လွှာမို့မိုလွင်(ရုပ်သံ)



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved