ပြည်ထောင်စုဝန်ကြီးတွေ မုံရွာမှာ ရန်ဖြစ်

Monday, August 6, 2012



ခိုင်ရီ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်ပြုလုပ်သည့် လယ်ယာကဏ္ဍနှင့် သားငါးဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲသည် ပြည်ထောင်စုဝန်ကြီးများ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြောဆိုကြပြီးနောက်ပိုင်း ပွဲပျက်သွားခဲ့ကြောင်း ဋ္ဌာနဆိုင်ရာများနှင့် နီးစပ်သည့် ဒေသခံတို့က ပြောသည်။

သြဂုတ် ၅ရက်နေ့ မုံရွာမြို့၊ မြို့တော်ခန်းမ၌ နေ့လည် ၁ နာရီတွင် ပြုလုပ်သည့် ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ စစ်ကိုင်းဒေသကြီးဝန်ကြီးချုပ်၊ စီးပွား/ကူးသန်းဝန်ကြီး၊ သမ၀ါယမ၀န်ကြီး၊ လုပ်ငန်းရှင်များ၊ လယ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၃ တွင် ရေးထားသည်။

“စီးပွား/ကူးသန်းဝန်ကြီး ဦးဝင်းမြင့်က အခမ်းအနားကို ဒေါက်တာခင်မောင်ညိုကို အလွတ်သဘော ခေါ်လာတယ်။ အဲဒါကို သမ၀န်ကြီးက လမ်းဘေးကကောင် ခေါ်လာတယ်လို့ ပြောတယ်။ အဲဒီကနေ စဖြစ်တာပဲ တဲ့။ ၂း၁၅နာရီမှာ အခမ်းအနား ပျက်သွားတယ်”ဟု အစိုးရဋ္ဌာနများနှင့် နီးစပ်သူဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့အပြန်အလှန် ဖြစ်ပွားနေစဉ်ကာလအတွင်း စစ်ကိုင်း ၀န်ကြီးချုပ် ဦးသာအေးက ကြားဝင် ဖျန်ဖြေရာ၊ သမ၀န်ကြီးဦးအုန်းမြင့်က “မင်းက မင်းဒေသကို ရောက်လို့ အချိုးပြောင်းနေတာလား။ မင်းလည်း သတိထား ၊ မင်းကိုလည်း ပြုတ်အောင် လုပ်မယ်” ဟုပြောဆိုခဲ့ကြောင်း ကိုယ်တိုင် တက်ရောက်ခဲ့သူတစ်ဦးကို ကိုးကား၍ အထက်ပါဒေသခံက ပြောသည်။

မုံရွာရောက် ၀န်ကြီးများ ဆွေးနွေးပွဲတက်ရောက်စဉ် အရက်သောက်ထားကြခြင်း ရှိမရှိ မသိရသေးပေ။
ထိုနေ့က မုံရွာတွင် ရာသီဥတုကောင်းမွန်ပြီး များစွာ ပူပြင်းခြင်းမရှိဟု ဆိုသည်။

ဆွေးနွေးပွဲအတွင်း ၀န်ကြီးတို့၏ အပြန်အလှန် ပြောဆိုမှုများသည် လုပ်ငန်းသဘောများ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး စိန်ခေါ်မှုများ၊ တစ်ဦးနှင့်တစ်ဦး လေးစားမှု မရှိသော စကားလုံးများဖြစ်နေပြီး၊ မကျောနပ်မှုများ ကြီးထွားကာ အပြန်အလှန် လုပ်ကြံမှုများဖြစ်လာမည်ကို စိုးရိမ်ကြောင်း မုံရွာ-သာစည်လမ်းတွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

“ပြည်ထောင်စုဝန်ကြီးတွေဖြစ်ပြီး အစည်းအဝေးမှာ ရုန်းရင်းဆန်ခတ် ဖြစ်ကြတယ်။ သူတို့တွေဘေးမှာ လက်နက်တွေလည်း ကိုယ်စီရှိကြတယ်။ အပြန်အလှန် လုပ်ကြံတာတွေဖြစ်မှာကို လူတွေက စိုးရိမ်နေတယ်။ အဲလိုဖြစ်ရင် ကျွန်တော်တို့မြို့ နာတယ်” ဟု ယင်းဒေသခံကပြောသည်။

“၀န်ကြီးတွေကအရင်တုန်းက ဗဟိုဦးစီးချုပ်ကိုင်စနစ်တုန်းက တစ်ယောက်နဲ့တစ်ယောက် ဒီလိုမပြောရဲကြဘူး။ အရင်တုန်းက အငြိုးအတေးတွေကို အခု ပြောလို့ရပြီလို့ ယူဆကြတယ် ထင်တယ်။ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုလည်း မရှိကြဘူး” ဟု ထိုဒေသခံအမျိုးသားက ပြောသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲသည် တံခါးပိတ်ဆွေးနွေးပွဲဖြစ်ပြီး မုံရွာမြို့ ဒေသခံ သတင်းထောက်များ တက်ရောက် သတင်းယူခွင့် မရခဲ့ပေ။

ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်မူ ဆွေးနွေးပွဲနှင့် ပတ်သက်၍ စာမျက်နှာအပြည့် ဖော်ပြထားသည်ကို တွေ့ရသည်။

ဆွေးနွေးပွဲရောက် ၀န်ကြီးများ သပ်သပ်ယပ်ယပ် ၀တ်စားထားပြီး တည်ငြိမ်အေးဆေး အိနြေ္ဒကြီးမားစွာ ထိုင်နေကြပုံကိုလည်း ထည့်သွင်းထားသည်။



11 comments :

  1. Anonymous said... :

    အခုထိ ကိုက်နေကြတုန်းပဲလား

  1. Anonymous said... :

    ဒီမိုကရေစီလေ။ ရန်ဖြစ်ခွင့်ရှိပါတယ်။ ဟားဟား သူများ နိုင်ငံတွေမှာလို တီဗွီသတင်းက ရန်ဖြစ်ကြပုံကို ပြန်ပြနိုင်ရင် ပိုကောင်းမယ်။ သို့သော်လည်း မြန်မာပြည်ကတော့ ပြလိမ့်မယ်လို့ မထင်နဲ့ ...... ပြလိမ့်မယ်လို့မထင်နဲ့... သတင်းက ၀န်ကြီးများ ရုတ်တရက်ကျန်းမာရေးကြောင့် အစည်းအဝေးဖျက်သိမ်းလိုက်ကြောင်း... blur blur

  1. Anonymous said... :

    ပညာတတ်နဲ့ မယှဉ်ရဲတဲ့ပညာမဲ့
    ------တက္ကသိုလ်ကမဟာဘွဲ့ ရတယ်ဆိုပေမယ့် အစစ်မဟုတ်တော့ မယှဉ်ရဲ
    လုပ်သက်ရင့် အတွေ့ အကြုံရှိ အရပ်သားဝန်ထမ်းနဲ့  မိုးပေါ်ကကျလာတဲ့ အကြီးအကဲဝန်ထမ်း
    လုပ်ငန်းမသိတော့ ရှက်ယမ်းယမ်းပြီးပြော…….

  1. Anonymous said... :

    They should learn what is etiquette.....
    office etiquette
    wedding etiquette
    funeral etiquette
    parliamentary etiquette
    political etiquette
    meetings and discussion etiquette
    business etiquette

  1. Anonymous said... :

    အားလုံးကစစ်တပ်ကလာတွေလေ။.....အဝေမတဲ့လို့၊စားကွက်လုကြတာလေ၊

  1. မိုက်ကယ်ဂျော်နီအောင်ပု said... :

    မိုက်ရိုင်းတာတော့မဟုတ်ဘူး ခပ်ရိုင်းရိုင်းပြောတာ သေကုန်လည်းအေးတာဘဲ မင်းကိုလည်းပြုတ်အောင်လုပ်မယ် ဆိုတဲ့ ဝံဂျီး ကို ဖြုတ်ပြစ်သင့်တယ် ဒါ လက်ရှိ ဒီမိုကရေစီကို ဦးတည်နေတဲ့ အစိုးရကို စော်ကားပလိုက်တာဘဲ အာဏာရှင်ပါဆိုတာကို ပြတဲ့အတွက် လက်ရှိအစိုးရအတွက် မျက်နှာပျက်စရာဘဲ ဖွကြဟေ့ ဖွကြ

  1. Anonymous said... :

    အဲလောက်ကြီးတော.မဟုတ်ပါဘူးဗျာ. တကယ်မှားတာတော. ကိုအုန်းမြင်.ဆိုတဲ.ငတိဘဲ၊ ဒေါက်တာခင်မောင်ညိုက အေးဆေးပြောတာ၊
    ကိုအုန်းမြင်.က သဘော မကျရာက စတာပါ၊ကျွန်တော်တွေ.မိတယ်၊ ကိုအုန်းမြင်.က ခေတ်နောက်ပြန်ဆွဲချင်သူ ၊၀န်ကြီးတယောက်မပီသဘူး၊
    အပြောအဆိုတွေက၊ ဒီပွဲကိုကျွန်တော်.အဖေကခေါ်လို. ကျွန်တော်လည်း တတ်ခဲ.ပါတယ်၊ အဓိက ဆိုးရွားသူက ကိုအုန်းမြင်.ဘဲ၊ သူက စစ်တပ်စိတ်ကြီးဘဲဗျ။
    နိုင်ငံဝန်ကြီးအဖွဲ.တဲမှာ မရှိသင်.၊ တော်တော်ရိုင်း၊

    အစည်းအဝေးတော.ပျက်မသွားပါဘူးဗျာ၊
    ဒေါက်တာခင်မောင်ညိုကတော. တကယ်မှန်တာတွေ ပြောပြသွားတာပါ၊
    ကျန်တဲ.လူတွေကတော. ပါရာဖတ်တွေပါ

  1. Anonymous said... :

    တကယ်ဖြစ်ရပ်ဆိုပြည်သူအားလုံးသိစေချင်တယ်

  1. ကျွန်မအခုမှပဲသိတော့တယ်ရှင့်။ပြည့်ဝတဲ့နိုင်ငံစ်ခုကဒီလိုစုန်းစုန်းမြုပ်သွားရတာဟာဒီလိုလူမျိုးတွေက ခေါင်းဆောင်လုပ်နေကြလိုဆိုတာကိုပေါ့။ကိုယ့်ရဲ့ရာထူးမှအားမနာ ပဲအရှက်မဲ့စွာနဲရန်တွေဖြစ်ကြတယ်တိုတာအသိဥာဏ်မရှိတဲကလေးအရွယ်တွေမှရန်တွေဖြစ်ကြတာပါ။ဒီလိုရာထူးတွေရှိတဲ့သူတွေက ကလေးတွေလိုရန်ဖြစ်ကြတယ်ဆိုတော့အရှက်သာရှိရင်သေဖို့တောင်ကောင်းတယ်။

  1. Anonymous said... :

    စီးပွား/ကူးသန်းဝန်ကြီးဦးဝင်းမြင့်ကစစ်တပ်ကလာတာမဟုတ်ပါဘူး..သူကအရင်တုန်းက UMFCCI ကဥက္ကဌပါ..2010ရွေးကောက်ပွဲးတုန်းကကြံဖွတ်ပါတီအနေနဲ့ဝင်ပြိုင်တာအဲဒီဝန်ကြီးရာထူးကိုရသွားတာပါ...သူရထားတဲ့ဘွဲ့ကစီးပွားေ၇းနဲ့ဒေါက်တာဘွဲ့ရထားတာပါ...

  1. Anonymous said... :

    ကိုယ့်အဆင့် အတန်း ကိုယ်ပြကြတာပါ..လူကြီးလူကောင်း ဆန်ဆန်တောင်မနေတတ်ဘဲနဲ့ နိုင်ငံ့ထိပ်ပိုင်းရောက်နေကြတာ အံ့ချီးမကုန်ပါပဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved