ခိုးသားများရဲ့ လွှတ်တော်

Thursday, August 9, 2012


နေပြည်တော်မှာ သြဂုတ်လ ၈ ရက်နေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အစိုးရ တာဝန်ရှိ သူတွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ ထုတ်ဖော်ကြေညာ မှတ်တမ်းတင်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က တင်သွင်းလိုက်တဲ့ အဆိုကို ယမန်နေ့ လွှတ်တော် အစည်းအဝေးက ဆက်လက်ဆွေးနွေးမှု မလုပ်တော့ပဲ ပယ်ချလိုက်ပါတယ်။

ဒီအဆိုကို NLD အမတ်တွေပါမက အခြားပါတီအမတ်တွေအပြင် တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ စုစုပေါင်း ကိုယ်စား လှယ် ၁၃ ဦး ကလည်း ထောက်ခံပါလျှက်နဲ့ နောက်ဆုံး မဲခွဲ ဆုံးဖြတ်မှုမှာ ရှုံးနိမ့် သွားတာလည်းဖြစ်ပါတယ်။

ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်စေရေးအတွက် အဆင့်ဆင့် အစိုးရ အဖွဲ့ဝင်တွေ ရဲ့ ပြောင်းရွေ့ နိုင် သော ပိုင်ဆိုင်မှု ပစ္စည်း၊ မပြောင်းရွေ့နိုင်သော ပိုင်ဆိုင်မှု ပစ္စည်တွေ၊ ပြည်တွင်း ပြည်ပတွေ မှာ ပိုင်ဆိုင်တဲ့ အကျိုးစီးပွားတွေ ဒါတွေကို ထုတ်ဖော်ကြေညာမှတ်တမ်းတင်ဖို့ အဆိုတင် သွင်းခဲ့တာပါ။

ဆက်လက်ဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာမှ မဲပေးနိုင်သူ ၃၇၉ ဦး ရှိပြီး ၃၅၄ ဦး မဲပေးရာ ထောက်ခံမဲ ၆၈ မဲ ၊ ကန့်ကွက်မဲ ၂၇၁ မဲ နှင့် ကြားနေမဲ ၁၅ မဲ တို့ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ၀က်ဘ်ဆိုက်မှာ ဖော်ပြထား ပါတယ်။

ကန့်ကွက်မဲ အများစုမှာ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ပေးတဲ့ မဲတွေဖြစ်တဲ့ အကြောင်း လွှတ်တော် ကိုယ်စားလှယ် တဦး က ပြောထားပါတယ်။

ဒီလို ပယ်ချလိုက်တာဟာ သူတို့မှာ ပိုင်ဆိုင်တဲ့ ပစ္စည်း၊ အကျိုးစီးပွားတွေကို ပြည်သူကို ချပြဖို့ သတ္တိမရှိကြ တာကို လွှတ် တော် ထဲက မတရား စီးပွားရှာထားကြတဲ့ ကိုယ်စားလှယ်တွေက အလုပ်နဲ့ သက်သေပြ လိုက်တာလည်းဖြစ်ပါတယ်။

အခုလိုပယ်ချလိုက်တယ်ဆိုတဲ့သတင်းဟာ တောမီးပမာ ပျံ့နှံ့သွားပြီး သုံးသပ်ဝေဖန်သူတွေက ခပ်မြန်မြန်ပဲ တူညီတဲ့ တုံ့ပြန်သံ တခုထွက်လာပါတယ်။

ဒါကတော့ ခိုးသားများရဲ့ လွှတ်တော် ဟူသတည်း။

နိုင်ငံတော်ဘဏ္ဍာငွေတွေ အလွဲသုံးစားလုပ်ထားသူတွေ၊ မတရား အာဏာရောင်းစား၊ လုပ်ပိုင်ခွင့် ရောင်း ၀ယ်ဖောက်ကား ထားကြလို့ ရထားတဲ့ စည်းစိမ် ဥစ္စာတွေကို ဥပဒေအရ ကြေညာလိုက်ရင် သူတို့တွေဟာ ခိုးသားတွေဖြစ်တာ ပြည်သူတွေ တင်မက တလောကလုံးက လက်ပူးလက်ကျ သိသွားမှာ စိုးရိမ်လို့ပါတဲ့။

19 comments :

  1. Anonymous said... :

    NLD ခေါင်းဆောင်ရဲ့ ပိုင်ဆိုင်မှုကိုလည်း

    ဖော်ပြရန် လွှတ်တော်တွင် တင်ပြနိုင်ရေး ပြင်ဆက်နေပြီ

  1. Anonymous said... :

    Starting from President , ex- chairman. Wonder they have the gut to do that. Thieves.

  1. Anonymous said... :

    လူတယောက်ထဲမှာ ကား ၄၀ ကျော်နဲ့ သံလွင်လမ်းမှာ တိုက်အိမ် ၃၅ လုံးပိုင်တာမျိုးကို ဖေါ်ပြရမှာဆိုတော့ လွတ်ကဌကြီး ကိုရွေမန်း က ဘယ်သဘောတူမှာလဲနော်...ရိုးရိုးသားသားရှာထားတာ...ဘယ်လူသိခံလို့ဖြစ်မလဲနော်.................

  1. Anonymous said... :

    ဗမာပြည်လွတ်တော်ထဲမှာ..ရိုးရိုးသားသားဆိုလို့ ၆၈ ယောက်ပဲရှိနေတာ..သိရပြီဗျို့ ....ကျေးဇူးပဲ ..ဦးဝင်းမြင့်ရေ...

  1. Anonymous said... :

    အစိုးရအဖွဲ့ဝင် ထိပ်ပိုင်းပုဂ္ဂိုလ်ကြီးတွေက ပိုင်ဆိုင်မှုကို မကြေညာချင်လို့ မဟုတ်ပါ။
    ပိုင်ဆိုင်မှုတွေ များလွန်းလို့ ဘယ်လောက်ပိုင်ဆိုင်တယ်ဆိုတာကို စာရင်းမပြုစုနိုင်လို့ပါ။
    ရပ်ကွက်အုပ်ချုပ်ရေးမှုးအဆင့်တောင် ထားစရာမရှိအောင် ချမ်းသာနေတဲ့နိုင်ငံမှာ ပြည်သူတွေကတော့ မွဲပြီးရင်း မွဲ။

  1. Unknown said... :

    ကိုယ့်ပိုင်ဆိုင်မှု ကိုယ်ပြရတာ ဘာခက်လို့လဲ ယူတုန်းက ယူထားပြီး အခုမှရှက်နေသလား အခု စာရင်းတင်ပြပြီး နောက်ပိုင်း ရိုးရိုးသားသားနဲ့ ပြည်သူ့အကျိုး သယ်ပိုးရင် ပြီးတာပဲ အခုတော့ ကိုယ့် အထုပ်ကို ဖြည်မပြ ရဲဘူး ဖြစ်နေတော့ ရိုးသားတဲ့ ပြည်သူက ယုံပါ့မလား သူခိုးတွေ လူလိမ်တွေပါလို့ ကြေငြာတာနဲ့ ဘာထူးလဲ

  1. Unknown said... :

    မရိုးသားမှု.ခိုးထားမှု.ဓမြတိုက်ထားမှု.အတင်းအဓမလုယူထားမှု.တို့ကိုအလိုလိုဖေါ်ပြပြီးဖြစ်သွားပါပြီ။။ဒီအဆိုကိုဘယ်အတည်ပြုလို့ဖြစ်မလဲ..လွတ်တော်ထဲမှာသခိုး။ဓမြ။အနုကြမ်းသမားတွေ။အက်တဝါဒီသမားတွေကြီးစိုး.ဆိုးနေတော့တစ်ခြားအကြောင်း၇ာသာမညီချင်နေရမယ်ဒီအကြောင်းကတော့ညီလိုက်ကြတာပြည်သူရဲ့ဥစာဓနနဲံ့ဒင်းတို့တွေရှိနေတာ..အထင်ကြီးစ၇ာတစ်ကွက်မရှိပါ..နုတ်ကဘု၇ား..လက်ကကားယားဆိုတာလွှတ်တော်ထဲမှာထိုင်ပြီးကန့်ကွက်သူအပေါင်းပဲ...တစ်နေ့တော့..အကြောင်းတမျိုးမျိုးနဲံတော့ပြန်အန်မှာပဲ...ပြည်သူ့ကျိန်စာသင့်အုံးမှာပါ....

  1. Anonymous said... :
    This comment has been removed by a blog administrator.
  1. Unknown said... :

    ဒါတော့ဗျာ ခိုးသားများအကျိုးစီးပွါးကာကွယ်ရေးအခြေခံ
    ဉပဒေအရပါ ဟီး

  1. Unknown said... :

    ဒါတော့ဗျာ ခိုးသားများအကျိုးစီးပွါးကာကွယ်ရေးအခြေခံ
    ဉပဒေအရပါ ဟီး

  1. Anonymous said... :

    သိနေတယ်လေ .. ဒီအဆို အဆိုတစ်ခုထဲနဲ့တင် လွှတ်တော်ရဲ့ လူတွေဟာ ဘာကောင်တွေလဲဆိုတာကို ပြလိုက်တာပါပဲ...

  1. Anonymous said... :

    အစိုးရ တာဝန်ရှိ သူတွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ ထုတ်ဖော်ကြေညာ မှတ်တမ်းတင်ဖို့ ငြင်းပယ် မယ်ဆိုရင် လာတ်ပေးလာတ်ယူ အကျင့်ပျက် ပပြောက်ရေး ဆိုတာ လည်း လုပ်လို့ မရနိုင်ပါ....
    အစိုးရ အဖွဲ့ဝင်တွေ လုပ်ခြင်ရာ လုပ်.... အောက်ကလူတွေ ကိုယ်ဖြစ်ကိုယ်ခံ.... အတော်မတရား တဲ့ xxx တွေ...

  1. စာရင်းတွေ က များတော့ အချိန်မလောက်လို့ပါ

    သေရင်တော ကုသိုလ် နဲ အကုသိုလ် ပဲ ပါသွားမှာပါ

    ငရဲမင်းထဲမှာတော့ သူတို့ စာရင်းတွေအကုန်ရှိတယ်

  1. Anonymous said... :

    ၆၈ ရောက် မှ လွဲ လို့ သူ ခိုး အ မတ် တွေ လွှတ် တော် ကြိး ပါ။

  1. Unknown said... :

    ကျွန်ုပ်တို့နိုင်ငံကိုလူလိမ်ကြီးများနှင့်သူခိုးကြီးများအုပ်ချုပ်နေပါသည်။

  1. Anonymous said... :

    Yes. you say right zaw win tun.

  1. Anonymous said... :

    “နေပြည်တော်ခိုးသားများ” ဇာတ်လမ်းရိုက်ရင်ဘယ်သူ့ကို မင်းသားတင်ရိုက်ရပါ့မလဲ

  1. Anonymous said... :

    မရှက်တတ်တာအံသြတယ်အော်သူခိုးတွေအုပ်ချုပ်နေတဲ့
    မြန်မာနိုင်ငံတော့မွဲပြီးရင်းမွဲတော့မှာပဲဟားးးးးးးးး

  1. Anonymous said... :

    ရိုးရိုးသားသားရှာဖွေထားတာလေးတွေပါဗျာ သားတစ်ကျိပ်/ဆွေတစ်ရာနှဲ့မယားငယ်လေးများ များစွာအတွက် ဦးဏှောက်အရည်ခမ်းသွားရလောက်အောင် under table ဂွင်လေးတွေဆင်ခဲ့ရတာ အခုတော့ကောင်းကြသေးရဲ့လားဗျာ...ဟူးခေါင်းစားတယ်...ခေါင်းစားတယ် ဘယ်လိုရှင်းရပါ့။။။။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved