iPhone-iPad operating system က YouTube ကို ဖြုတ်လိုက်ပြီ

Thursday, August 9, 2012


ဓာတ်ပုံ- (AFP/File - Loic Venance)

နောက်ထွက်လာမယ့် iPhones, iPads နဲ့ iPod တွေဟာ YouTube videos တွေ ကြည့်လို့ ရမှာ မဟုတ်တော့ ပါဘူးတဲ့။
ဒါဟာ Apple နဲ့ Google တို့ကြား ကြီးမားတဲ့ ပြိုင်ဆိုင်မှု သင်္ကေတ ဖြစ်တယ်လို့ သြဂုတ်လ ၈ ရက် နေ့ ရိုက်တာ သတင်းတပုဒ်က ဆိုပါတယ်။

Apple ရဲ့ ကမ္ဘာနဲ့အ၀ှမ်း လူကြိုက်များတဲ့ ထုတ်ကုန်တွေကနေ You Tube Videos တွေကို ကြည့်ဖို့အတွက် Web browser တခုက တဆင့် ချိတ်ဆက်ပြီးမှပဲ ဆက်ပြီး အဆင်ပြေနိုင်မယ်လို့ သိရပါတယ်။ ဒီ Web browser ကလည်း ယူနစ် တခုမှာ ကြိုတင်လုပ်ထားတဲ့ Viewer software architecture တော့ ရှိမှာ မဟုတ်ပါဘူးတဲ့။

အရံ အသုံးပြုနိုင်မှု တခုအနေနဲ့ Apple ရဲ့ အွန်လိုင်း App Store အတွက် ရုပ်ထွက်ကောင်းတဲ့ You Tube application တခုကို ပုံဖော်ဖို့တော့ Google ကို မျှော်လင့်ထားပါတယ်တဲ့။

“iOS သုံးစွဲသူတွေအတွက် အကောင်းဆုံးဖြစ်နိုင်တဲ့ You Tube experience ကျနော်တို့မှာ သေချာ ရှိဖို့ အခု Apple နဲ့ အတူ ပူးပေါင်း လုပ်ဆောင်နေပါတယ်” လို့ You Tube ရဲ့ ပြောခွင့်ရသူတဦးက AFP ကို ပြော လိုက်ပါတယ်။

ဒီလို သူက ပြောလိုက်တာကလည်း Apple က ထုတ်လုပ်တဲ့ မိုဘိုင်းပစ္စည်းတွေအတွက် operating system ကို ရည်ညွှန်း ပြောဆိုတာလို့ သိရပါတယ်။

ဘာပဲ ပြောပြော ဒီသတင်းက Apple ထုတ်ကုန်တွေကို သုံးစွဲနေသူတွေအတွက်တော့ နည်းနည်း စိတ် အနှောက်အယှက် ဖြစ်စေတဲ့ သတင်းလည်းဖြစ်ပါတယ်။

နည်းပညာ တိုးတက်လာတဲ့ခေတ်ကြီးမှာ နည်းပညာ ကုမ္ပဏီတွေနဲ့ အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အချင်းချင်း အားပြိုင်မှုတွေက သုံးစွဲသူတွေအတွက် အဖုအထစ်တွေဖြစ်ပါတယ်။


ဒီနေရာမှာ မူလ သတင်းကိုလည်းဖတ်နိုင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved