Johns Hopkins တက္ကသိုလ်နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြလဲ

Sunday, August 26, 2012


မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာပြီးနောက်ပိုင်းမှာ နိုင်ငံတကာက ထိတွေ့ဆက်ဆံ မှုတွေ လုပ်လာကြတာမှာ အထူးသဖြင့် အမေရိကန် တက္ကသိုလ်ကြီးတွေလည်း ပါဝင်ပါတယ်။

ဒီအထဲမှာ အမေရိကန်နိုင်ငံက နံမည်ကြီး Johns Hopkins University က မြန်မာနဲ့ ပညာရေး ကျန်းမာရေး ပူးပေါင်းဆောင်ရွက် သွားရေးလည်း ပါဝင်ပါတယ်။ ဘယ်လို ပူးပေါင်းဆောင်ရွက် သွားကြမယ်ဆိုတာ ယနေ့ သတင်းစာပါ သတင်းတခုမှာ ဖော်ပြထားပါတယ်။

Johns Hopkins တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Karl Jackson နဲ့ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အပါ
အ၀င် နိုင်ငံခြားရေး၊ ပညာရေး ၊ သိပ္ပံနှင့် နည်းပညာ စတဲ့ ၀န်ကြီးဌာန အကြီးအကဲတွေ၊ ဌာနဆိုင်ရာ အကြီး အကဲတွေနဲ့ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကဏ္ဍ အလိုက် ပူးပေါင်းဆောင်ရွက်ရေးတွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်တဲ့။

မြန်မာနဲ့ Johns Hopkins တက္ကသိုလ်တို့ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမှာလဲ ဆိုတာတော့ မြန်မာ လူငယ်တွေ စိတ်ဝင်စားလျှက် ရှိကြပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးဟာ နှစ်ပေါင်း ၅၀ ကာလအတွက် အတော်လေး ယိုယွင်းလာခဲ့တယ်လို့ ပညာရှင်တွေ က ထောက်ပြထားခဲ့ပါ တယ်။ ပညာရေး စနစ်ဟာ နိုင်ငံတနိုင်ငံရဲ့ အရေးအကြီးဆုံး ကဏ္ဍ တခုလည်းဖြစ် ပါတယ်။

အခုလို နိုင်ငံတကာက အဆင့်အတန်းရှိတဲ့ တက္ကသိုလ်၊ ကောလိပ်ကြီးတွေအနေနဲ့ မြန်မာ့ ပညာရေး ဦးမော့ လာစေရေးအတွက် ကူညီပူးပေါင်းလုပ်ဆောင်ပေးမှုများဟာ မြန်မာ လူငယ်များအတွက် အလားအလား
ကောင်းတွေလည်း ဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved