KNU နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် မြ၀တီမှာ တွေ့ဆုံ

Sunday, August 5, 2012

ဓာတ်ပုံ- Hla Maugn Shwe's facebook

မြန်မာ အစိုးရ မီးရထား ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကြိုးစားသူများ အဖွဲ့ဟာ ကရင် အမျိုးသား အစည်းအရုံး ( KNU ) ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေး ခရီးစဉ် အကြို ဆွေးနွေးပွဲ တခုကို ဒီကနေ့ သြဂုတ်လ ၅ ရက်နေ့ နံနက် ၁၁ ကျော်လောက်က ထိုင်း- မြန်မာနယ်စပ် မြို့တခုဖြစ်တဲ့ မြ၀တီ မြို့ မှာ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာအစိုးရဘက်က အစိုးရ ၀န်ကြီးတွေ ဖြစ်ကြတဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးခင်ရီ၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း တို့ ပါဝင်ပြီး KNU ဘက်ကတော့ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ နော်မေဦး၊ ပဒို သောသီဘွဲ၊ စောအောင်ဝင်းရွှေ တို့ ၄ ဦးတက်ရောက်ဆွေးနွေး ခဲ့ပါတယ်။

အဓိက ဆွေးနွေးဖြစ်တာ ကတော့ လာမယ့် သြဂုတ်လ ၂၁ ရက်ကနေ ၂၃ ရက်နေ့ အထိ ကရင်ပြည်နယ် ဖားအံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ခရီးစဉ်အတွက် ပဏာမ အနေနဲ့ အခုလို တွေ့ဆုံဆွေးနွေးကြတာလို့ သိရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved