Miss World 2012 တရုတ် အလှမယ် ဆွတ်ခူး

Monday, August 20, 2012

ဓာတ်ပုံ-AFP

တရုတ်နိုင်ငံမယ် မစ္စ Yu Wenxia ဟာ ၂၀၁၂ ခုနှစ်အတွက် Miss World သရဖူကို တရုတ်က အောင်ပန်းဆင်ခဲ့ တာကို သြဂုတ်လ ၁၉ ရက်နေ့ သတင်းများမှာ ဖော်ပြပါတယ်။ တရုတ်အလှမယ်ရဲ့ အလှတရားဟာ ပြိုင်ပွဲ ၀င်တွေကြား မှာ တကယ်ကို ထင်ရှားတဲ့ အလှနဲ့ တမူထူးနေခြားနေတာလည်း မြင်ကြရမှာပါ။


ကမ္ဘာတ၀ှမ်းက လူသန်းပေါင်း ၁ ထောင်လောက်က နှစ်စဉ် အားပေးကြည်ရှု့ကြတဲ့ ပြိုင်ပွဲအစမှာ မွန်ဂို စစ်ရဲမက် ၀တ်စုံ ၀တ်ဆင်ထားတဲ့သူတွေက အုပ်စုလိုက် ကပြ ဖျော်ဖြေပွဲအပြီး ပြိုင်ပွဲဝင် စုစုပေါင်း ၁၁၆ ဦးဟာလည်း စင်မြင့်ပေါ်မှာ နေရာ ယူထားချိန် ယမန်နှစ်က Miss World သရဖူ ပိုင်ရှင် ဗင်နီဇွဲလား အလှမယ် Ivian Sarcos က သူ့ရဲ့ သရဖူကို လွှဲပြောင်း ပေးခဲ့ပါတယ်။


ပြိုင်ပွဲဝင် ၁၁၆ ဦးဆိုတာလည်း Miss World ပြိုင်ပွဲတွေမှာ အမြင့်ဆုံး ပြိုင်ပွဲဝင် ဦးရေလည်းဖြစ်ပါတယ်။ Miss World ကို ဗင်နီဇွဲလား နိုင်ငံက အများဆုံး ထွက်ရှိခဲ့ပြီး ဆုရှင် ၆ ဦးရှိပါတယ်။ အန္ဒိယနဲ့ ဗြိတိန်တို့ကတော့ ဆုရှင် ၅ ဦးစီသာ ရှိကြောင်း မှတ်တမ်းများက ဆိုပါတယ်။ ဒီနှစ် ဆုရှင် တရုတ်နိုင်ငံမယ် မစ္စ Yu Wenxia ကတော့ တရုတ်နိုင်ငံရဲ့ ဒုတိယမြောက် Miss World ဆုရှင်ဖြစ်လာတာပါဘဲ။



ဒီနှစ်ကျင်းပတာကလည်း ထူးထူးဆန်းဆန်း ပင်လယ်ကမ်းစပ်က ကီလိုမီတာ ၇၀၀ လောက်ဝေးတဲ့ Ordos ဆိုတဲ့ မွန်ဂိုလီ ယားအတွင်းပိုင်းက လူသူ သိပ်မထူထပ်တဲ့ ကုန်းတွင်းပိုင်း ခြောက်သွေ့ဒေသတခုမှာ လုပ်ခဲ့တာပါ။



ဒါပေမယ့် Ordos ဆိုတဲ့ နေရာဟာ နောင်တချိန်တော့ ဒူဘိုင်းဖြစ်လာမှာပါလို့ မှတ်ချက်ပေးပြောဆိုထား တာတော့ သတိ ထားမိစရာပါ။ ဒါကြောင့်လည်း Ordos လို နေရာမျိုးမှာ Miss World ပြိုင်ပွဲကို ကျင်းပခဲ့ တာလည်းဖြစ်ပါတယ်။



ပထမရတဲ့ တရုတ်အလှမယ်ပြီးရင် ဝေးလ် က Miss Wales Sophie Moulds ဒုတိယ နေရာနဲ့ သြစီက Miss Australia Jessica Kahawaty တတိယနေရာတွေ အသီးသီး ရသွားကြတာပါ။












တရုတ်နိုင်ငံက အခုလို အလှမယ်တင်မကပါဘူး။ အဖက်ဖက်က အောင်မြင်မှုတွေနဲ့ ကမ္ဘာ့ရှေ့တန်းနေရာကို တက်လှမ်းလာနေပါတယ်။

ဒါကတော့ Miss World အခမ်းအနားများ ဖြစ်ပါတယ်။




4 comments :

  1. Anonymous said... :

    'Aussie' is not a short form of the continental Australia but it is an Australian as a noun and as an adjective. Thanks.

  1. Anonymous said... :

    သူ့ထက်လှတာ တော်တားတွေ အပုံကြီး။ မျက်နှာသာလိုက်ပြီး တရုတ်ကို ပေးလိုက်တာများ

  1. Anonymous said... :

    ရုပ်ကလည်း ထူးထူးခြားခြား လှမနေ၊ active ဖြစ်တဲ့ ပုံစံမျိုးလည်းမရှိ၊ အင်္ဂလိပ်လိုကလည်း မရ။ နင့်နိုင်ငံမှာ လုပ်လို. နင်ရသွားတာပါ မတရုတ်မ ရယ်... :D

  1. Anonymous said... :

    agree,,,!
    :D

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved