MTV VMA ဆုအတွက် Rihanna နှင့် Drake တို့ ရှေ့ပြေး

Thursday, August 2, 2012

Rihanna နှင့် Drake , ဓာတ်ပုံ-The Sun

၂၀၁၂ ခုနှစ် အတွက် MTV Video Music Awards ဆုပေးပွဲအတွက် ပဏာမ ဇကာတင် စာရင်းကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ကြေညာရာမှာ အဆိုတော် Rihanna နှင့် Drake တို့ ၂ ဦးက ရှေ့တန်းက ဦးဆောင်သူနေပါတယ်။

သူတို့ ၂ ယောက်လုံးဟာ ဆု ၅ အမျိုးအစား ၅ ခုအတွက်လည်း အမည်စာရင်းတင်သွင်းခံထားရပါသေးတယ်။ ဒီနှစ်ရဲ့ အကောင်းဆုံး ဗီဒီယို ဆုအတွက် Rihanna ပါဝင်ထားတဲ့ We Found Love and Drake ရဲ့ Take Care တို့က ရမယ်လို့ ကောလ ဟာလတွေထွက်ပေါ်နေပါတယ်။

သူတို့ ၂ ယောက်ကတော့ အခြား ဇကာတင်စာရင်းဝင်တွေလည်းဖြစ်တဲ့ Gotye ရဲ့ (Somebody That I Used To Know), Katy Perry ရဲ့ (Wide Awake) and M.I.A. ရဲ့ (Bad Girls) တို့နဲ့ ပြိုင်ဆိုင်ရမယ့် အခြေအနေ ရှိပါတယ်။

ထူးခြားတာကတော့ လွန်ခဲ့တဲ့ နှစ်က ဇကာတင် ထိပ်တန်းစာရင်းဝင်ဖြစ်ခဲ့တဲ့ လေဒီ ဂါဂါကတော့ ဒီနှစ်မှာ လုံးဝ စာရင်းမှာ ပါ မလာတာပါဘဲ။



Drake က Best Hip-Hop Video, Best Male Video, Best Art Direction နဲ့ Best Cinematography ဆုတွေအတွက် တစ်ပြေးနေချိန်မှာပဲ Rihanna ကလည်း Best Female Video, Best Pop Video, Best Choreography နဲ့ Best Visual Effects တွေအတွက် ထိပ်တန်းပြေးနေတာပါ။

Katy Perry ကလည်း ဆုစာရင်းတွေထဲမှာ သူတို့ ၂ ယောက်နောက်ကို ကပ်လိုက်နေပါတယ်။ ဒီနှစ် ဇကာတင်
စာရင်းဝင်တဲ့ အထဲမှာ လူသစ်တန်းတွေလည်း ပါလာတာ တွေ့ရပါတယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved