Titanic 3D နဲ့ မြန်မာ

Tuesday, August 14, 2012


ဟောလီဝုဒ်ရဲ့ ပထမဆုံး တိုက်တန်းနစ် 3D ရုပ်ရှင်ဇာတ်ကားကို လာမယ့် သြဂုတ်လ ၁၇ ရက်နေ့ ကစပြီး မြန်မာနိုင်ငံမှာ စတင်ပြသမယ်လို့ လော့စ်အိမ်ဂျလီစ် ရိုက်တာ သတင်းတပုဒ်က ဆိုပါတယ်။

Twentieth Century Fox ရုပ်ရှင် ကုမ္ပဏီကြီးရဲ့ အဆိုအရ ဆယ်စုနှစ်တွေအတွင်း အရှေ့တောင် အာရှ နိုင်ငံတွေမှာ ပထမဆုံး အဓိက ရုပ်ရှင် စတူဒီယိုကြီးတွေထဲက တခုဖြစ်လာတာပါတဲ့။

James Cameron ရဲ့ အချစ်အလွမ်း ဒရမ်မာ ဇာတ်လမ်းကို အခုလိုလုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက မင်္ဂလာ ကုမ္ပဏီနဲ့ ပူးတွဲ စီစဉ်မှာလည်းဖြစ်ပါတယ်။

Twentieth Century Fox ရုပ်ရှင် ကုမ္ပဏီ ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုတွေဖြစ်လာ တာကြောင့် မြန်မာမှာ အစိတ်အပိုင်းတခုအနေနဲ့ အခုလို နေရာယူဖို့ စီစဉ်တာဖြစ်တယ်ဆိုတဲ့ အကြောင်းတခု လည်း ကြေညာချက်မှာ ပါဝင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved