ထိုင်းနိုင်ငံ Bangkok Bank မြန်မာဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ပါပြီ

Tuesday, September 25, 2012


 ထိုင်းနိုင်ငံ ဘန်ကောက်ဘဏ် Bangkok Bank ဟာ မြန်မာနိုင်ငံက ပုဂ္ဂလိက ဘဏ်တွေနဲ့ ပူးပေါင်း   ဆောင်ရွက်မှုတွေ စတင်ပြီလို့  ကြေငြာချက် ထုတ်ပြန်ထားပါတယ်။

 မြန်မာနိုင်ငံက အာရှ စိမ်းလန်းစိုပြေရေးနဲ့ ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ သမ၀ါယမ ဘဏ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘန်ကောက်ဘဏ်ရဲ့ ဌာနေ ကိုယ်စားလှယ်ရုံးခွဲကိုလည်း လွန်ခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့မှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ 


အဲဒီ့ ဘန်ကာက်ဘဏ် ကိုယ်စားလှယ်ရုံးခွဲကို ထိုင်းနိုင်ငံ ဘဏ် ဥက္ကဌက လာရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဘန်ကောက်ဘဏ်ကတော့ နိုင်ငံတကာ ဘဏ်တွေနဲ့ ချိတ်ဆက်လုပ်နေတဲ့ ထိုင်းနိုင်ငံက နံမည်ကြီး ဘဏ်များထဲက တခုဖြစ်ပါတယ်။ 

အဓိက ငွေလွှဲလုပ်ငန်းတွေအတွက် ဘန်ကောက်ဘဏ်က ၀န်ဆောင်မှု ပေးမှာဖြစ်ပြီး မိမိတို့ နှစ်သက်ရာ   ငွေကြေးနဲ့ ပေါက်ဈေးအတိုင်း ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။ ဘန်ကောက်ဘဏ် ရုံးခွဲ လိပ်စာနဲ့ ဆက်သွယ်ရမယ့် မြန်မာနို်င်ငံ ကိုယ်စားလှယ် ဒေါ်တင်တင်မြ ဖြစ်ပြီး ရုံးလိပ်စာကတော့ ရန်ကုန်မြို့ နတ်မောက်လမ်း အမှတ် ၄၀ ချက်ထရီယံ ဟော်တယ် မြေညီထပ် မှာဖွင့်လစ်ထားပါတယ်။


Ms. Tin Tin Mya, Representative Officer
Lobby floor, Chatrium Hotel Royal Lake Yangon
40 Natmauk Road, Tamwe Township,
Yangon. Republic of the Union of Myanmar
Tel: (95-1) 549-922, (95-1) 549-933
Fax: (95-1) 549-977





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved