ကျန်ရှိ နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်ပေးပါ

Wednesday, September 12, 2012

ဓာတ်ပုံ- Burma VJ Media Network

မြန်မာနိုင်ငံမှာ ရခိုင်ပြည်က ပဋိပက္ခ၊ ကချင်ပြည်နယ်က စစ်ပွဲတွေနဲ့ ဒုက္ခသည်၊ မုံရွာက ဆန္ဒပြမှု၊ သမ္မတ ဦးသိန်းစိန် ထောက်ခံတာ စတာတွေက မြန်မာ့ သတင်းလောကမှာ လွှမ်းမိုးထားချိန်မှာ နိုင်ငံရေး အကျဉ်းသား များ အကြောင်း ထပ်မံ ထွက်ပေါ်လာခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတွေက အကျဉ်းထောင်ပေါင်း ၄၂ ထောင်မှာ မလွတ်ဘဲ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား ၃၀၃ ဦးကို အမြန်ဆုံးပြန်လွှတ်ဖို့အတွက်နဲ့ ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေ ဂုဏ်သိက္ခာ ရှိရှိ လုံခြုံစွာနဲ့ ပြည်တော် ပြန်လာနိုင်ရေး တောင်းဆိုထားတဲ့ စာ တစောင်ကို သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ၂ ဦး ထံသို့ ယမန်နေ့ စက်တင်ဘာလ ၁၁ ရက် နေ့က ပေးပို့လိုက်တာပါ။


ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စာသောက်ဆိုင်မှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက သတင်းစာရှင်းလင်းပွဲ လုပ်ပြီး အခု လို ကျန်ရှိနိုင်ငံရေး ပြန်လွှတ်ပေးရေး၊ ဂုဏ်သိက္ခာ ရှိရှိ ပြည်တော်ပြန်နိုင်ရေးတွေအတွက် ထုတ်ဖော်ပြောဆို တိုက်တွန်း လိုက်တာလည်းဖြစ်ပါတယ်။


သတင်းစာ ရှင်းလင်းပွဲကိုတော့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဖြစ်တဲ့ ဦးဘမျိုးသိန်း၊ ဦးဘိုဘိုဦး၊ ဦးကျော်ထွေး၊ ဦးထွန်းကြည်နဲ့ ဦးတိုးကျော်လှိုင် တို့က ဦးဆောင် ကျင်းပခဲ့တာပါ။ သတင်းသမားတွေနဲ့ လတ်တလော အကျဉ်းထောင် တွေထဲမှာ အကျဉ်းကျခံနေရဆဲ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တချို့လည်း တက်ရောက်ခဲ့ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved