ဒေါ်အောင်ဆန်းစုကြည်နှင့် ငြိမ်းချမ်းရေး အင်စတီကျု ဟောပြောမှု

Wednesday, September 19, 2012

ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာရှိတဲ့ ငြိမ်းချမ်းရေး အင်စတီကျုမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မိတ်ဆက်အပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးနဲ့ အတူ တွေ့ရစဉ်။ ဓာတ်ပုံ- AFP

မြန်မာစံတော်ချိန် ည ၁၂ နာရီကျော်လောက်က ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေး အင်စတီကျူမှာ အစီအစဉ် ပထမဆုံး ဟောပြောဆွေးနွေးတဲ့သူဖြစ်ပါတယ်။

ဒီအပြင် ဒေါ်အောင်ဆန်းစုကြည်က Global Vision Award ကို လည်း လက်ခံရယူခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည် က မြန်မာ့ အရေးကို ကျယ်ကျယ်ပြန့်ပြန့် ကဏ္ဍစုံလင်ပါဝင်အောင် ပြောဆိုသွားခဲ့ တာပါ။

ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ကို ရောက်ရှိခိုက် အမေရိကန်- မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို မထိခိုက်ဖို့ကို သတိပေးပြောကြားခဲ့ပါတယ်။

နောက်မြန်မာနိုင်ငံမှာ ဒီမိုကရေစီပုံမပေါ်သေးဘဲ လိုအပ်ချက်တွေရှိနေဆဲဖြစ်ကြောင်း၊ ဒါပေမယ့် အခု သမ္မတ ဦးသိန်းစိန် ကို တော့ ပြုပြင်ပြောင်းလဲရေးသမားအဖြစ် အသိအမှတ်ပြုတယ်လို့ မှတ်ချက်ပေးခဲ့ပါသေးတယ်။
လက်ရှိမှာ တရားဥပဒေ စိုးမိုးရေးဟာ အလွန်အရေးကြီးပြီး မြန်မာနိုင်ငံမှာ အားနည်းချက်တွေ အများကြီး ရှိနေဆဲဖြစ်ပြီး တ ချို့ ဥပဒေ ပုဒ်မတွေက မရှိသင့်တော့ပဲ ချက်ချင်းပယ်ဖျက်ပစ်ရမှာဖြစ်တယ်လို့လည်း လွှတ်တော် အမတ်တဦးဖြစ်နေတဲ့ ဒေါ် အောင်ဆန်းစုကြည်က ထောက်ပြလိုက်ပါတယ်။

လူအများက ရခိုင်အရေးမှာ NLD ပါတီက တက်တက်ကြွကြွ မရှိဘူးလို့ ဝေဖန်မှုတွေကို လည်း ဒေါ်အောင်ဆန်းစုကြည်က ရခိုင်အရေးကို ပါတီအနေနဲ့ ၀င်အမြတ်ထုတ်မယ့် ပါတီမဟုတ်ဘူးလို့ အတိအလင်း ထုတ်ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းဟာ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကချင်အရေး၊ လွှတ်တော် အရေး၊ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားမှုစသဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပြောဆို သွားခဲ့တာပါ။

စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ အမေရိကန်ဘက် ဖြေလျှော့ပေးတာကို ကြိုဆိုထောက် ခံကြောင်း ပြောကြား
ပြီး ဒဏ်ခတ်မှု ရုပ်သိမ်းမှုနည်းလမ်း တခုတည်းနှင့် မြန်မာကို ကူညီရာ မရောက်ကြောင်း အခြား ဘက်ပေါင်းစုံ မှာ အားနည်းလိုအပ်ချက် တွေကို ဖြည့်ဆည်း ကူညီပေးသွားဖို့လည်း အမေရိကန်ဘက်က လိုအပ်ကြောင်းကို ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

1 comments :

  1. Unknown said... :

    ဒီ ဟောပြောချက် မူရင်း အပြည့်အစုံကို လေ့လာချင်ပါတယ်...။ လင့်ခ်များရှိရင် မစပေးပါခင်ဗျ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved