အင်းစိန် ထောင်ဖောက်မှုထက် မက္ကဆီကို သာသွားပြီ

Wednesday, September 19, 2012

Piedras- Negras အကျဉ်းထောင်ရှေ့ လုံခြုံရေးယူထားပုံ

မြန်မာနိုင်ငံမှာ ၁၉၉၅ ခုနှစ်လောက်က နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန် အကျဉ်းထောင်မှာ ထောင်ဖောက်
မှုဖြစ်ခဲ့ပါတယ်။

ဒါက မြန်မာနိုင်ငံထောင်သမိုင်းမှာ အကြီးကျယ်ဆုံး ထောင်ဖောက်မှု တခုလည်းဖြစ်ပြီး ပြည်ထဲရေး ၀န်ကြီးဌာနက ရုပ်ရှင် သရုပ်ဆောင်တွေနဲ့ သူတို့ ဘယ်လို ထွက်ပြေးကြတယ်ဆိုတာတောင် မှတ်တမ်း ရုပ်ရှင် ရိုက်ခဲ့ကြပါသေးတယ်။


မက္ကဆီကို - အမေရိကန် နယ်စပ်မှာ လုံခြုံရေး ယူထားပုံ
ဓာတ်ပုံ- Adriana Alvaro/EPA

မြန်မာ ထောင်ဖောက်သူ သူတို့ ၂ ဦးစလုံးကိုတော့ လအနည်းငယ် အကြာမှာဘဲ ဖမ်းမီခဲ့ကြလို့ သူတို့ ရဲ့ထွက်ဆို ချက်တွေအတိုင်း သူတို့ ဘယ်လို ထွက်ပြေးခဲ့ကြတယ်ဆိုတာကို သိရပြီး မှတ်တမ်း ရုပ်ရှင် ရိုက်ခဲ့ကြ တာပါ။

အခု ထောင်ဖောက်မှုကတော့ မြန်မာပြည်က ထောင်ဖောက်မှုထက်သာလွန်သွားပါပြီ။
မက္ကဆီကိုနိုင်ငံ နိုင်ငံသမိုင်းမှာ အကြီးဆုံး ထောင်ဖောက်ပြေးမှုတခု မနေ့က ဖြစ်ခဲ့တာပါတဲ့။ နိုင်ငံမြောက်ပိုင်း Piedras Negras အကျဉ်းထောင် ၄ ပေလောက် အချင်းရှိတဲ့ မြေအောက် ဥမင်လှိုင်ခေါင်းဖောက်ပြီး ထွက်ပြေး ခဲ့တာ အကျဉ်းသား ပေါင်း ၁၃၂ ဦး လွတ်မြောက်သွားပါတဲ့။

အခုတော့ အဲဒီအကျဉ်းထောင်ရဲ့ ညွှန်ကြားမှူးအပါအ၀င် နောက်ထပ် ထောင်လုံခြုံရေး ၀န်ထမ်း ၂ ဦးကိုတော့ ထိမ်းသိမ်း ထားတဲ့အကြောင်း The Telegraph သတင်းတခုမှာ ဆိုထားပါတယ်။

ပြည်နယ် အစိုးရ တာဝန်ရှိသူတွေရဲ့ စုံစမ်းစစ်ဆေးရေးမှာ ၇ ကိုက်ကျော် ရှည်တဲ့ မြေအောက်လှိုင်ခေါင်း ကိုလည်း တွေ့ရ ပါတယ်တဲ့။ ကြိုးတွေ၊ လျှပ်စစ် ၀ါယာကြိုးတွေကိုလည်း တွေ့ရှိတယ်လို့ တာဝန်ရှိသူတဦး ကဆိုထားပါတယ်။

ဒီအကျဉ်းထောင်မှာ ရှိတဲ့ အကျဉ်းသားတွေဟာများသောအားဖြင့် မူးရစ်ရာဇာတွေ၊ မူးရစ်ဂိုဏ်းဝင်တွေ များပါတယ်။ အခု တော့ အမေရိကန် နယ်စပ်တလျှောက်လည်း ထောင်ပြေးတွေ မ၀င်လာနိုင်အောင် အချက်ပေး ကိရိယာတွေ တပ် ဆင် ထားသလို လုံခြုံရေးလည်း မြှင့်ထားရပါတယ်။

မက္ကဆီကို အကျဉ်းထောင်တွေမှာလည်း လာဘ်ပေးလာဘ်ယူမှုတွေက နက်နက်ရှိုင်းရှိုင်း ရှိတယ်လို့ ဆိုပါတယ်။ အခုတော့ ထွက်ပြေးလွတ်မြောက်သွားသူတွေကို ဖမ်းမိရေးအတွက် အဆိုပါ အကျဉ်းထောင် ရှိတဲ့ Coahuila ပြည်နယ် အစိုးရက ဆု ငွေ ထုတ်ထားပါတယ်။

လွတ်မြောက်အကျဉ်းသား တဦးကို အမေရိကန် ဒေါ်လာ ၁၅၀၀၀ ပေးမယ်ဆိုပါတယ်။
အဲဒီအကျဉ်းထောင်မှာတော့ မြန်မာအကျဉ်းထောင်တွေလိုဘဲ ပြဿနာ ဖြစ်လိုက်တာနဲ့ ထောင်ဝင်စာ ပိတ်လိုက်ပြီး ဧည့် တွေ လာသူအကုန်ကို မောင်းထုတ်လိုက်ပါတယ်။

မိသားစုဝင်တွေကတော့ သူတို့ ဆွေမျိုးတွေအတွက် စိုးရိမ်ပြီး သတင်းစုံ စမ်းမှုတွေ လုပ်နေကြပါတယ်။


1 comments :

  1. အင်းစိန်ထောင်ဖောက်တဲ့အကြောင်း ရိုက်ထားတဲ့ ဇာတ်လမ်းရှိရင်တင်ပေးပါလားဗျာ မကြည့်ဘူးသေးလို့ ကြည့်ချင်လို့ ပါ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved