လွှတ်တော် အစည်းအဝေးများ ပြန်လည်စတင်မည့် ရက် ကြေညာ

Thursday, September 27, 2012



မြန်မာနိုင်ငံမှာ လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့က စတင်ပြီး လွှတ်တော်အစည်းအဝေးတွေ ကို ပြန်လည် စတင်တော့မှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ လွှတ်တော် ဥက္ကဌတွေ ဖြစ်တဲ့ သူရ ဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့က ထုတ်ပြန်ကြေညာထားပါတယ်။ 

 

ဒါကတော့ ပထမအကြိမ် ပဉ္စမ မြောက် လွှတ်တော် အစည်းအဝေးများဖြစ်ပါတယ်။သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့် အောက်တိုဘာလ ၁၆ ရက်၊ ၁၇ ရက်နေ့ထက် နောက် မကျဘဲ လွှတ်တော် ရုံးကို သတင်းပို့ဖို့အတွက်လည်း နှိုးဆော် သတိပေးထားပါသေးတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို ဒီတခေါက် ပြန်လည် စတင်တဲ့အခါ ဘယ်လို အကြောင်းအရောတွေ ဆွေးနွေးကြမလဲ ဆိုတာတော့ စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။

1 comments :

  1. Unknown said... :

    လွတ်တော်အစည်းအဝေးများစတင်တော့မည်ကိုကြိုဆိုပါသည် သို့ပေမယိ့ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူလူထုကရွေးကောက်တင်မြောက်ထားသညိ့အတွက် ထိုသူတို့၏တင်ပြဆွေးနွေးချက်များကိုသိချင်ကြားချင်နေသောပြည်သူလူထုအားအပြန်အလှန်လေးစားသောအားဖြင့်mrtv ကဲ့သို့ရုပ်သံလိုင်းများမှတိုက်ရိုက်ထုတ်လွှင့်ပေးသင့်ပါသည်။sky net မဝယ်နိုင်သောပြည်သူများ သန်း ၃၀ ခန့်ရှိပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved