လွန်ခဲ့တဲ့ ၂ နှစ်ကျော်က အရိုးတွန်ပြီ

Monday, September 24, 2012


ရဲအထွေထွေ ဆေးရုံကြီးက အသက် ၅၇ နှစ်အရွယ် ရဲမှူးဆရာဝန်တဦးကို ထိုင်းနိုင်ငံ ထရန်း ခရိုင်က သူ့နေ အိမ် ခြံဝန်းနဲ့ မလှမ်းမကမ်းမှာ လူရိုးစုတွေ တွေ့ရှိပြီးတဲ့နောက် လူသတ်မှုနဲ့ စွပ်စွဲကာ ရဲက ဖမ်းဆီး လိုက်တဲ့ သတင်းကတော့ တနင်္ဂနွေနေ့က ထိုင်းသတင်းတွေမှာ စဉ်ဆက်မပြတ်ဖော်ပြနေပါတယ်။ 

အဆိုပါ ရဲမှူး ဆရာဝန်ရဲ့ အနည်းဆုံး မြန်မာ အလုပ်သမား ၂ ဦးနဲ့ ထိုင်းစုံတွဲကို ရက်စက်စွာ သတ်ဖြတ်ခဲ့ တယ်လို့ စွပ်စွဲပြီး လွန်ခဲ့တဲ့ စနေနေ့ ည ၇ နာရီလောက်က ထိုင်းရဲက ရဲဗိုလ်မှူးကြီး ဆူပတ်လောင် ၀ပ်ထနာ ကို ချာအမ် ခရိုင်က Puk Tian ကမ်း ခြေ အပန်းဖြေစခန်းတခုမှာ ဖမ်းဆီး လိုက်တာဖြစ်ပါတယ်။

ဆူပတ်ကတော့ သူဘာမှ မသိတဲ့အကြောင်း၊ တရားရုံးမှာဘဲ ရင်ဆိုင်မယ်ဆိုတဲ့အကြောင်း ပြောတယ်လို့ ဘန်ကောက်ပို့ သတင်းစာမှာ ဖော်ပြထားပါတယ်။ 

 လူသတ်မှုနဲ့ စွပ်စွဲခံရသူ ဆူပတ်ရဲ့ အလုပ်သမားတွေဖြစ်ကြတဲ့ ထိုင်းလူမျိုး အကျင်လင်မယား ၂ ဦးဖြစ်တဲ့ Samart Noomjui နဲ့ ဇနီးသည် Orasa Kerdsap ဟာ ၂၀၀၉ ခုနှစ်တုန်းက ပျောက်ဆုံးခဲ့ပါတယ်။

အခင်းဖြစ်မှုရဲ့ အဓိက မျက်မြင်သက်သေ ကုလားလို့ အမည်ရှိတဲ့ မြန်မာ အလုပ်သမား တဦးက ရဲမှူး ဆရာဝန် ဆူပတ်ဟာ ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ပြီး လူသတ်မှုတွေကို ကျူးလွန်ခဲ့ပြီး အလောင်း 
တွေကို မြေမြှုပ်ထားခဲ့ပါတယ်လို့ ထုတ် ဖော်ညွှန်ပြမှုကြောင့် တူးဖော်ကြည့်လိုက်တဲ့ အခါ လူ အရိုးစု 
တွေကို  တွေ့လိုက်ရတာပါ။ 


ဆူပတ်ရဲ့ အိမ်မှာ ၁၈ နှစ်ကျော် အလုပ်လုပ်ကိုင်လာသူဖြစ်တဲ့ ကုလားဟာ လွန်ခဲ့တဲ့ ၂ နှစ်က မြန်မာ အလုပ်သမားတဦးကိုလည်း အတင်းအဓမ္မ ပိုးသတ်ဆေးရည် တိုက်ကျွေးပြီး ကိုယ့်ကိုယ်ကို သတ်သေခိုင်းခဲ့တာ သူ မျက်မြင်တွေ့ ရှိခဲ့တယ်လို့ ရဲ ကို သောကြာနေ့က ထွက်ဆိုထားပါတယ်။

 နောက်ထပ် အလုပ်သမား တယောက်ကိုလည်း ဆူပတ်က သေနတ်နဲ့ ပစ်သတ်ခဲ့တာ မြင်ခဲ့ရပြီး သူ့ကို ဖိ အားပေးလို့ အလောင်းတွေကို မြေမြုပ်ခဲ့ရတယ်လို့ ထွက်ဆိုထားပါတယ်။

 ဒီကိစ္စကို ဆူပတ်ကတော့ အခြေအမြစ်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ 

ဒါနဲ့ပဲ ရဲက စုံစမ်းလေ့လာမှုတွေ ထပ်လုပ်တဲ့အခါမှာ လွန်ခဲ့တဲ့ သောကြာနေ့က တူးဖော် တွေ့ရှိခဲ့တဲ့ အရိုးစု ၂ ခုလုံးရဲ့ ဦး ခေါင်းခွံမှာ သေနတ်ကျဉ်ရာပေါက်တွေ တွေ့ခဲ့ရတယ် လို့ ရဲ့အရာရှိက ဆိုပါတယ်။ 



ဒုတိယမြောက် အရိုးစု ဟာ ပျောက်ဆုံးခဲ့တဲ့သူ့ သား Samart Noomjui ဖြစ်တယ်လို့ ဖခင်ဖြစ်သူက ယုံကြည် တဲ့ အကြောင်း၊ သူ့သားဝတ်ခဲ့ဖူးတဲ့ နက်ပြာရောင် တီရှပ်အစအနကို အရိုးစုဘေး မှာ တွေ့ခဲ့ရ တာကြောင့်ရယ်၊ အရိုးစုမှာ သူ့သား ဖြစ်သူနဲ့ တနေရာတည်းမှာ သွားတချောင်းမရှိ တာကြောင့် ဖြစ် တယ်လို့ သူက ဆိုထားပါတယ်။ 


စနေနေ့ ညကတော့ သူ့ကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် နခုန် ပထုန် ခရိုင်က ခရိုင်ရဲတပ်ရင်း ၇ မှာ စစ်ကြောမေး 
မြန်းဖို့ ခေါ်လာ ခဲ့ပါတယ်။ 

 ရဲအထွေထွေ ဆေးရုံ ညွှန်ကြားရေးမှူး Jongjate Aojanepong က ပြောတာကတော့ ရဲဗိုလ်မှူးကြီး ဆူပတ် ဟာ ဒီနှစ်ထဲမှာ ဘဲ စောစီးစွာ ပင်စင်ယူခွင့် လျှောက်ထားခဲ့တဲ့အတွက် လွန်ခဲ့တဲ့ စက်တင်ဘာလ ၃ ရက်
နေ့ ကဘဲ ပင်စင်ယူထားခဲ့ပြီဖြစ် တယ်လို့ ပြောဆိုထားပါတယ်။ 

 စုံတွဲ တတွဲ ပျောက်ဆုံးသွားမှုနဲ့ ပတ်သက်ပြီး ရဲတွေက သူတို့မှာ တချို့ ဆက်နွယ်မှု အထောက် အထား 
တွေ တွေ့ခဲ့ရတာ ကြောင့် ဆူပတ်ရဲ့ ဥယာဉ်ခြံကို ထိမ်းသိမ်းစောင့်ရှောက်ခဲ့တဲ့ မစ္စ ၀စ္စာ ဆိုသူ အမျိုးသမီး ကိုလည်း လိုက်လံ ရှာဖွေနေပါတယ်တဲ့။

သံသယဖြစ်စရာ နေအိမ်တခုကနေပြီး သေနတ် ၅၀ လက်နဲ့ ရိုက်ဖယ်တွေလည်း တွေ့ခဲ့ရတယ်လို့ ရဲက ပြော ထားတာကို ဒီသတင်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved