ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် ကွယ်လွန်

Monday, September 24, 2012


ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင်၊ အသက် (၉၄)နှစ်

 သက်ကြီးကန်တော့ခံ စာပေပညာရှင်၊ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယဆင့်၊ နိုင်ငံ့ ဂုဏ်ရည်ဘွဲ့ ဒုတိယဆင့်၊ ဂျပန်ခေတ် မင်္ဂလာဒုံ စစ်တက္ကသိုလ် တတိယပတ် ဗိုလ်သင်တန်းဆင်း ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင်သည် ယမန်နေ့ စက်တင် ဘာလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်တွင် အလ္လာ အရှင်မြတ် အမိန့်တော် ခံယူသွားပါတယ်။



 ယနေ့ စက်တင်ဘာလ ၂၄ ရက်၊ ခန့်မှန်းအချိန် နေ့လယ် ၃ နာရီ ခန့်တွင် သံလျင် တရဂါ ကာဘန်စတန် တွင် တဖွနာ မည် ဖြစ်ကြောင်းသိရပါတယ်လို့ မြန်မာမွတ်စလင် သက်ကြီး စာပေပညာရှင်များ လူမှု ကူညီရေး ကွန်ရက် က ဆိုပါတယ်။ 


ဆရာကြီး ရေးသားခဲ့သော စာအုပ်များထဲမှ နာမည်ကြီး စာအုပ်များ မှာ ဆရာကြီး ဦးရာဇာတ် အထုပ်ပတ္တိ ၀မ်းအိုဝမ်းနဲ့ ဗမာ့မြေအောက်တော်လှန်ရေး ၁၃၀၀ ပြည်.မန်းလေး အရေးတော်ပုံ သခင်နက်ဖေ ဂျပန်ခေတ် လေထီးသမားများ နွေဦးရဲ့သမီးပျို (ရုပ်ရှင်ရိုက်) မေတ္တာလက်တလှမ်း (ရုပ်ရှင်ရီုက်) အပါအ၀င် ၁၅ အုပ်ခန့် ဖြစ်ပြီး နောက်ဆုံးရေးခဲ့သော စာအုပ်မှာ- အလံနီများ ရင်သွေးငယ်များကို ပေးအပ်ခြင်း စာအုပ်ဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved