ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်တွေ ပြန်လည်ဆုံဆည်း

Sunday, September 2, 2012

ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန်တို့ ပြန်လည်ဆုံဆည်းမှုကို သတင်းထောက်များက မှတ်တမ်းဓာတ်ပုံရိုက်နေပုံ၊ ဓာတ်ပုံ- ၈၈ မျိုးဆက်

နှစ်ပေါင်း ၂၀ ကျော်ကြာ ကွဲကွဲသွားကြတဲ့ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်တွေ အခု တော့ ပြန်လည် ဆုံဆည်းဖြစ်ကြပါပြီ။

စက်တင်ဘာလ ၁ ရက်နေ့က မြန်မာနိုင်ငံကို ပြည်တော်ပြန်ခွင့် ရခဲ့ပြီဖြစ်တဲ့ တချိန်ကရှစ်လေးလုံး ကျောင်းသား
ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမိုးသီးဇွန်နဲ့ သူငယ်ချင်းတစုဟာ ဒီကနေ့ စက်တင်လာလ ၂ ရက်နေ့၊ ၊ ညနေ ၃ နာ ရီ ကရန်ကုန်မြို့၊ဝေဇယန္တာလမ်းရှိ ၈၈ မျိုးဆက် ကျောင်းသားများ၏ ရုံးခန်းသို့ ရောက်ရှိလာခဲ့ကြပါတယ်။



၈၈ မျိုးဆက်ကျောင်းသားများဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် အစရှိတဲ့ သူတွေကလည်း ကိုမိုးသီးဇွန် အပါ အဝင် ပြည်ပမှ ခေတ္တပြန်လည်ရောက်လာကြတဲ့ ယခင်က လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ သူငယ်ချင်းများကို နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်တွေ့ဆုံခဲ့ကြပါတယ်။



တချိန်က လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့ စေတနာ ၀သန် ဂီတရန်ပုံငွေပွဲကို ကိုမိုးသီးဇွန်နဲ့ အဖွဲ့ လာရောက်ခဲ့ပါတယ်။ ဒါပေမယ့် ဂီတဖျော်ဖြေပွဲတွေနဲ့ အစိုးရ ၀န်ကြီး ၂ ပါးလည်း တက်ရောက်လာတဲ့အတွက် စကားလက်ဆုံ အားရအောင် မပြောဖြစ်ခဲ့ကြပါဘူး။

စက်တင်ဘာလ ၁ ရက်နေ့က စေတနာ ၀သန် ဂီတရန်ပုံငွေပွဲတွင် တွေ့ရသော ဦးလှမောင်ရွှေ၊ ၀န်ကြီး ဦးအောင်မင်း၊ ကိုမိုးသီးဇွန်၊ ကိုကိုကြီး၊ ၀န်ကြီး ဦးစိုးသိန်း ၊ ဓာတ်ပုံ- Peter Aung

အခု ဒီကနေ့ ညနေကတော့ ပြန်လည်ဆုံဆည်းကြတဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဟာ ကွဲကွာသွားစဉ်ကာလ မတူညီတဲ့ ဘ၀ဖြတ်သန်းမှုတွေကို စကားလုံး ဖောက်သည်တွေ ချရင်းတရင်းတနှီး ပြောဆိုဆွေးနွေးကြပါတယ်။

ကိုမင်းကိုနိုင်နဲ့ ကိုမိုးသီးဇွန်တို့ဟာ ငယ်စဉ်က သင်္ကန်းကျွန်းမြို့နယ်မှာ တရပ်ကွက်ထဲနေ အိမ်နီးချင်း ငယ်ပေါင်း သူငယ်ချင်းတွေလည်းဖြစ်ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကာလ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့၊ ရန်ကုန် တက္ကသိုလ် မြက်ခင်းပြင်မှာ ဗမာနိုင်ငံလုံး ဆိုင် ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဖြစ်မြောက်ရေး ကော်မတီ ကြေညာခဲ့စဉ်က ဥက္ကဌ အဖြစ် မင်းကိုနိုင်၊ ဒု ဥက္ကဌ ကိုကိုကြီး၊ အထွေထွေ အတွင်းရေးမှူး မိုးသီးဇွန်ဆိုပြီး ကြေညာခဲ့ပါတယ်။

မြန်မာ့ သမိုင်းမှာ ကျောင်းသားတို့သမိုင်း တခေတ်ဆန်းခဲ့တာလည်းဖြစ်ပါတယ်။ မျိုးဆက်ဟောင်း ကျောင်း သားခေါင်းဆောင်တွေရဲ့ ရှေ့မှောက် ကျောင်းသား သမိုင်း တခေတ်ဆန်းစဉ်က သူတို့ဟာ ရှေ့တန်းက ဦးဆောင်ပါဝင်ခဲ့ကြသူတွေဖြစ်ပါတယ်။

2 comments :

  1. May said... :

    A PHOTO TELLING ABOUT MOE THEE ZUNE!

    I didn't know about Moe Thee Zune very well. People are giving a lot of various comments related with him. I appreciate some of his polotical idea and it cannot be denied he is a clever man. HOWEVER,.....
    When I saw a photo on 88 Generation face book, I realize that Moe Thee Zune cannot be a leader in our contry for any sense.
    In that photo, Moe Thee Zune didn't take off his shoe, although all other people are barefooted.
    Maybe (1) he forgot to take off or (2) he don't know the manner or (3) he forgot Myanmar culture and well adapted in Amarican life style.
    Anyway, a person who will become a good leader will surely careful even for the minor thing.
    A good leader will also respect the cuture and manner of own country. Finally, a person who impress and follow the foreign culture should not be a leader for a country.
    I think USA is the best place for Moe Thee Zune just for the reason of that photo.

  1. May said... :

    Dear Irrawady,

    In my first comment, I wrote as (He forgot to take off his shoe). If I forgot to write (his shoe), Please add it.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved