သတင်းသမားများကို ဇာဂနာ တောင်းပန်စာပေး

Sunday, September 2, 2012


လူရွှင်တော် ဦးဇာဂနာမှ မြန်မာဂျာနယ်လစ် ကွန်ယက်သို့ တောင်းပန်စာပေးပို့ခဲ့ပါကြောင်း သတင်းရရှိပါတယ်။

သတင်းထုတ်ပြန်ရေးကော်မတီ ၊ မြန်မာဂျာနယ်လစ်ကွန်ရက် ။

ပြည်သူနှင့် မီဒီယာသမားများအားအသိပေးတောင်းပန်ခြင်း

၂၀၁၂ သြဂုတ်လ (၃၁) ရက် နေ့တွင် ကျွန်တော်ဇာဂနာသည် စစ်အုပ်ချုပ်ရေးကာလက ပြည်ပသို့
ထွက်ခွာ သွားသော ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်နေသူများအနက် တိုင်းပြည်သို့ ပြန်လာခွင့် ရသော ဒေါက်တာသောင်းထွန်း၊ ဒေါက်တာနိုင်အောင်၊ ဦးညိုအုံးမြင့်တို့ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ
လေဆိပ်၌ သွားရောက် ကြိုဆိုခဲ့ပါသည်။

လေဆိပ်တွင် သတင်းရယူရန် စောင့်ဆိုင်းနေကြသော သတင်းထောက်များအား အဆင်ပြေပြေ သတင်းရ ယူနိုင်ရန် စီစဉ်ပေးခဲ့သော်လည်း အဆင်မပြေဘဲအခြားခရီးသည်များကိုပါ အနှောက်အယှက် ဖြစ်စေခဲ့ပါသည်။

ထိုအပြင် သတင်းထောက်တစ်ဦးမှ ကျွန်တော့်အား တွန်းလိုက်သည့်အတွက် လဲကျသွားရာမှ အမှတ်မဲ့ ဆဲမိ ခဲ့ပါသည်။

ထိုဖြစ်ရပ်သည် မီဒီယာနယ်ပယ် အားလည်းကောင်း၊ သတင်းရယူ နေသော သတင်းထောက်များအား လည်းကောင်း၊ စိတ်အနှောင့်အယှက် ဖြစ်သည်ဟု ကြားရသည့်အတွက် များစွာ ၀မ်းနည်း စိတ်မကောင်းဖြစ် ရပါသည်။

ကျွန်တော်သည် နိုင်ငံနှင့် နိုင်ငံသားတို့၏ လွတ်လပ်မှု နှင့်တိုးတတ်ရေး အတွက်သာ အမြဲလုပ်ဆောင်လိုသော ဆန္ဒရှိပြီး နိုင်ငံ၏ အရေးပါသော စတုတ္ထမဏ္ဍိုင်ကို အရှင်းစော်ကားလိုသော စိတ်မရှိသောကြောင့် ယခုဖြစ်ရပ် တွင် ပါဝင် ပတ်သတ်သူများနှင့် မီဒီယာများအား တောင်းပန်းအပ်ပါသည်။

ဇာဂနာ

5 comments :

  1. Anonymous said... :

    good job. thank

  1. Anonymous said... :

    သတင်းသမားတွေ အတင်းကာရော သတင်းရပြီးရော လုပ်နေကြတာတွေ ပြင်ပြီး စည်းကမ်းရှိဖို့ လိုပါတယ်။

  1. Anonymous said... :

    လူတွေကိုဘေးက မသိမသာ စောင့်ကြည့်လေ့လာရင် ပျာတာတာဖြစ်နေတတ်ကြတာတွေ့၇တယ် ။ဒါကိုပဲ ကိုယ်ဟာအရေးကြီးသလိုမျိုးလို့ [VIP]လို့ခံစားရပြီး နေကောင်းနေသလို ဖြစ်နေကြရတယ် ။ကြိုတင်ပြင်ဆင်တဲ့ အလေ့အထ မရှိလို့ ဘေးဘီကို ပြသနာပေးသလို လည်း ဖြစ်တတ်ကြတယ် ။ဒါတွေက ဒီနေ့ ဒီနိုင်ငံမှာ တော်တော်တွေ့နေကြရပါတယ် ။ ဒါကြောင့်လည်း ဒီပြသနာလေးတွေဖြစ်နေတာ ပါ ။

  1. Anonymous said... :

    သူတော်ကောင်းတွေက မိမိအပြစ်ကိုလွယ်၂မြင်ပြီး တောင်းပန်ဘို့ ၀န်မလေးပါ။ဒါတွေကို မဆလ ခေတ်လောက်က ပျောက်ကွယ်ခဲရတယ်လို့ ထင်ပါတယ် ။

  1. Anonymous said... :

    သူတော်ကောင်းတွေက မိမိအပြစ်ကိုလွယ်၂မြင်ပြီး တောင်းပန်ဘို့ ၀န်မလေးပါ။ဒါတွေကို မဆလ ခေတ်လောက်ကစတင် ပျောက်ကွယ်ခဲရတယ်လို့ ထင်ပါတယ် ။နအဖခေတ်မှာ ပိုဆိုးလာသလိုပါဘဲ ။ သမတဦးသ်န်းစိန်ခေတ်မှာ လယ်ဆည်ဝန်ကြီးက စပြီး တောင်းပန်တာတွေ့၇တော့ ကောင်းတဲ့ အလေ့ထအစပြုလာပြီတွေးမိလို့ အတော် ၀မိးသာမိတယ် ။ အမှားကို စပြီးသက်ဆိုင်သူက သိရမယ် ။ ဒါသူတော်ကောင်းလက်ခဏာ လို့ ဘုရားဟောတယ် ။သိတဲ့ အဆင့်ပြီးမှ ပြင်တဲ့ အဆင့်ရောက်တာပါ ။ပြင်ပြီးမှ မှန်တဲ့ အဆင့် သို့မဟုတ် တိုးတက်တဲ့ အဆင့်ပါ ။ ဥပမာ - ကလေး ၊ အပျို၊ အိမ်ထောင်ကျ ၊ သားသမီးထွန်းကား ၊....စသဖြင့် ။မြန်မာတွေ ဗုဒ်ဓတရားတွေကို အသုံးချပွားများနိုင်ပါစေ ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved