သမ္မတ ဦးသိန်းစိန် လက်မှတ်ဖြင့် အမှတ် ၁ နှင့် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၂ ခုကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန တခုတည်းအဖြစ် ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း အမိန့် ထုတ်ပြန်လိုက်ပါတယ်။
ထိုအပြင် ၀န်ကြီးဌာန တခုကို လည်း ဖျက်သိမ်းလိုက်ပါတယ်။ မြန်မာ့စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာနကို သမ္မတ ဦးသိန်းစိန်က ဖျက်သိမ်းလိုက်ပါတယ်။
အဆိုပါ အမိန့်ထုတ်ပြန်ချက်တွေကို ပြည်သူ့လွှတ်တော်က အစည်းအဝေးရဲ့ သဘောတူညီမှုတွေအရ အဆိုပါ ၀န်ကြီးဌာနတွေကို ပြင်ဆင်ပေါင်းစည်း၊ ဖျက်သိမ်းလိုက်တဲ့အကြောင်း ယနေ့ ထုတ် ကြေးမှုံ သတင်းစာ မှာ ဖော်ပြပါရှိပါတယ်။
မြန်မာပြည်ဌာနတိုင်းမှာ ၀န်ထမ်းဦးရေ ပိုလျှံဖောင်းပွနေပါသည်။ ပြည်ပတက္ကသိုလ်တစ်ခုမှာ တက်ခဲ့ဘူးပါသည်၊ ဘွဲ့လွန်ကျောင်းသာများအတွက် သီးသန့်ဌာနတစ်ခု ဖွင့်ထားပါသည်။ ကျောင်းသား သုံးရာခန့်အတွက် ရုံးဝန်ထမ်း (၂၀)နှင့် ကမ္လာ့အဆင့်မီ ပါမောက္ခ(၁၅)ဦးသာ ရှိပါသည်။ ကွန်ပျူတာများကို တွင်ကျယ်စွာ အသုံးပြုပါသည်။
မြန်မာပြည်မှာ ကျောင်းသား (၂၀၀)ခန့်သာရှိသော သာသနာရေးလက်အောက်ခံ တက္ကသိုလ်တစ်ခုမှာ ၀န်ထမ်းပေါင်း (၄၀၀)ရှိပါသည်။ ဆရာ(၆၀)ခန့် ရှိပါသည်။စာသင်နိုင်သော ဆရာဦးရေမှာ (၂၀) ခန့်သာ ရှိပြီး ကျန်ဆ၇ာများမှာ စစ်ဗိုလ်လူထွက်များ၊ ငွေပေးပြီး အင်တာနေရှင်နယ်တက္ကသိုလ်မှာ ဆရာဆိုသော ဂုဏ်ပုဒ်ကို ယူထားသူများဖြစ်နေပါသည်။ အချို့ဆရာက မီးဖိုချောင်မှာ တာဝန်ယူသည်။ဈေးဘို့းထဲက ခိုးလို့ရသည်။အချို့က အ၀ယ်တော်၊ ဖြတ်အုပ်လို့ ရသည်။
ရုံးမှာ အိပ်နေသူ၊ စကားပြောနေသူ၊ ချဲတွက်နေသူ၊ လဘက်စားနေသူများနဲ့ စည်စည်ကားကား ရှိလှပါသည်။
ယခုကြံ့ဖွတ်အမတ်ဖြစ်သွားသော ဒု-ချုပ်၊ စစ်ဗိုလ်ထူထွက် ၀န်ထမ်းနှင့် ပါမောက္ခအတုများကို သံဃာများ ဆွမ်းမကပ်မီ ချိုင့်ကြီး ချိုင့်ငယ်များနဲ့ ဆရာမလှလှလေးများက သွားပြီးပို့ရပါသည်။
ဘုရားအရင် ကျီးကန်းဦးသည်ဆိုသော မြန်မာစကားပုံကို သတိရမိပါသည်။
သမတကြီးက ပိုလျှံဖောင်းပွ ပြည်သူ့ဘဏ္ဍာဖြုန်းတီးနေသော ၀န်ကြီးဌာနများကို လျှော့ချခြင်းသည် ကောင်းသောအစီအစဉ်ဖြစ်ပါသည်။