iPhone 5 လာတော့မယ်

Thursday, September 6, 2012



iPhone 5 ထွက်လာတော့မယ်ဆိုတဲ့ သတင်းတွေကြောင့် တချိန်က iPhone 4S တွေလည်း ဈေးတွေ ထိုးကျ သွား ပါတယ်။

ထွက်လာမယ့် iPhone 5 က ဘယ်လို တွေ ကွာခြားမှာလည်း ခန့်မှန်းပြောဆိုသူတွေနဲ့ ဖုန်း ခရေဇီတွေ ကြား စကားပြောစရာ အဓိက အကြောင်းအရာ တခု ဖြစ်နေပါတယ်။


ဒီ စက်တင်ဘာလထဲ ဖြန့်ချီမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဘယ်နေ့ဆိုတာ အခုထိ ဂဏန်း မငြိမ်သေးပါဘူး။ တချို့သတင်းတွေမှာ စက်တင်ဘာ ၁၂ ရက်နေ့ ဖြန့်ချီမယ်ဆိုတာတွေ့ရပါတယ်။


ဘာတွေ ကွာခြားပြီး ဘာတွေ ထူးခြားမယ်ဆိုတာ စောင့်ကြည့်ရမှာပါ။ လူတွေကတော့ စောင့်မျှော်နေကြရင်း လက်ထဲက iPhone 4S , 4, 3G စတာတွေလည်း ဈေးတွေ ထိုးကျကုန်ပါတယ်။ တချို့သတင်းတွေမှာ အမေရိကန် ဒေါ်လာ ၅၀ လောက်နဲ့ ရနိုင်တယ်လို့ ဆိုပါတယ်။



iPhone ကိုင်ချင်ပေမယ့် ဈေးမတတ်နိုင်သူများအတွက်တော့ မော်ဒယ်နိမ့်သွားတဲ့ အိုင်ဖုန်းတွေ ကိုင်နိုင်ဖို့ ဈေးကျချိန် စောင့်နေသူတွေအတ်ွက သတင်းကောင်းဖြစ်မှာပါ။







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved