ကျပ်ငွေ (၂၇၂၆) သိန်းနဲ့ စေတနာ ၀သန် ရန်ပုံငွေပွဲ

Saturday, September 8, 2012


ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ

၈၈ မျိုးဆက်ကျောင်းသားများ ရန်ပုံငွေ စေတနာဝသန်ဂီတဖျော်ဖြေပွဲအတွင်း ဂစ်တာ လေလံတင်ရောင်းချရငွေ အပါအ၀င် အလှူငွေ စုစုပေါင်း (၂၇၂၆) သိန်း ရရှိခဲ့သည်နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီ က ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားများရုံးခန်း တွင်ပြု လုပ်ခဲ့ပါတယ်။



သတင်းစာ ရှင်းလင်းပွဲကို သတင်းမီဒီယာ ၂၀ ကျော်တက်ရောက်ခဲ့ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က စေတနာဝသန်ဂီတဖျော်ဖြေပွဲအတွင်း ဂစ်တာလေလံတင်ရောင်းချရငွေအပါအ၀င် အလှူငွေ စုစုပေါင်း(၂၇၂၆)သိန်း ရရှိခဲ့ကြောင်း၊ ဂီတပွဲအတွက် ကုန်ကျစရိတ် စုစုပေါင်း (၂၁၀) သိန်း ကုန်ကျခဲ့
ကြောင်း ပြောပါတယ်။

ဂီတပွဲမှာ ရရှိခဲ့တဲ့ အလှူငွေများထဲမှ ကချင်စစ်ပြေးဒုက္ခသည်များအတွက် ကျပ်ငွေ သိန်း (၂၀၀)၊ ရခိုင်ပြည်နယ် က ဘေးဒုက္ခ ရောက်နေသူများ အတွက်သိန်း (၂၀၀)၊ ဧရာဝတီတိုင်းက ရေဘေးဒုက္ခရောက်နေသူများ အတွက် သိန်း (၂၀၀) ၊နာရေး ကူညီမှုအသင်းအတွက် (၂၅)သိန်း၊ HIV လူနာများအတွက် (၂၅)သိန်း၊ လှူဒါန်းသွားမှာ
ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သော ကိုမြအေး က ရှင်းလင်း ပြောကြား ခဲ့ ပါတယ်။

1 comments :

  1. အောင်ကြူး said... :

    သိန်း၂၇၀၀ရတာတော့ ဟုတ်ပြီ၊ ကုန်ကျစားရိတ် သိန်း၂၁၀ဆိုတာ မများလွန်းဘူးလား။ ဘယ်နေရာတွေမှာ သုံးခဲ့တယ်ဆိုတာ စာရင်းရှင်းတမ်း အကြမ်းအားဖြင့် ထုတ်ပြန်သင့်တယ်။ ဘာကြောင့် ဘယ်လောက် အကုန်အကျခံခဲ့ရတယ်ဆိုတဲ့ မှတ်ချက်လေးနဲ့ပါပေါ့။ ဥပမာ - အလှူငွေ မျှော်လင့်တာထက်ပိုရလို့ သီဆိုသူများအတွက် အမှတ်တရလက်ဆောင် ဘယ်လောက်ဖိုး သုံးတယ် ဘာညာပေါ့။ ခုရှုပ်မှနောင်ရှင်း ဖြစ်အောင်လို့ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved