နေ့စဉ် ၁၆ နာရီ အလုပ် လုပ်ရတဲ့ အလုပ်သမားတဦး

Tuesday, September 11, 2012


မွန်ပြည်နယ် ရေးမြို့ မာရီစတုပ် အလုပ်သမားတဦးရဲ့ တိုင်ကြားစာဖြစ်ပါတယ်။ နိုင်ငံတကာ မျိုးဆက်ပွား ကျန်မာရေး ၀န်ဆောင်မှုလုပ်ငန်းတွေ လုပ်နေရတဲ့ လူမှုရေးအဖွဲ့တခုက ညစောင့် အလုပ်သမား တဦးဖြစ် သူ ရေးပို့ထားတာလည်းဖြစ်ပါတယ်။

အလုပ်သမားတဦးအနေနဲ့ ပိတ်ရက်၊ နားရက်မရှိဘဲ တနေ့လျှင် ၁၆ နာရီကြာ အလုပ်တာဝန်တွေကို ထမ်းဆောင် ရတဲ့အကြောင်းနဲ့ ညစောင့် ၀န်ထမ်းဖြစ်ပေမယ့် ဆေးခန်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ စွန့်ပစ် ဆေးထိုးအပ်၊ အနာ ဆေး ဂွမ်း၊ စတာတွေကိုလည်း ဖျက်ဆီးသန့်ရှင်းပေးရတဲ့အလုပ်ကိုလုပ်ရသူပါတဲ့။

နိုင်ငံတကာ အလုပ်သမား ဥပဒေမှာတော့ အလုပ်သမားတဦးအတွက် အလုပ်ချိန် တနေ့ကို ၈ နာရီသတ်မှတ် ထားပါတယ်။ ၈ နာရီထက် ပိုပြီး အလုပ်လုပ်ရတယ်ဆိုရင် အချိန်ပိုကြေး အဖြစ် ခံစားခွင့် ရရှိပြီး အချိန်ပိုကြေး ဟာ ပုံမှန် တနာရီ လုပ်အားခထက် ၂ ဆ ဖြစ်ပါတယ်။

သူရဲ့ နစ်နာချက်တွေကို တင်ပြတောင်းဆိုတာကို သက်ဆိုင်ရာက အလုပ်တာဝန်မှ ရပ်နားမယ်ဆိုတဲ့ အကြောင်းပြန်ကြားလာလို့ အခုလို စာရေးသားပေးပို့လာတာဖြစ်တယ်လို့ ဆိုပါတယ်။

သူက ILO ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် ရန်ကုန် ရုံးခွဲအပါအ၀င် သက်ဆိုင်ရာ တွေကိုလည်း တိုင်စာများပေး ပို့ထားတာကို ဖော်ပြပေးလိုက်ပါတယ်။




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved