အရက်ပုလင်း နဲ့ ရွှေတိဂုံ

Tuesday, September 18, 2012

-





မလေးရှားနိုင်ငံ Teo Seng Chan အရက်ကုမ္ပဏီက သူတို့ရဲ့ထွက်ကုန်တခုမှာ ရွှေတိဂုံဘုရားပုံ တံဆိပ်တပ်ထားကြောင်း သူတို့ ၀က်ဆိုက်မှာ ရှိတဲ့ ပုံအရ သိရပါတယ်။

ဒီကုမ္ပဏီက အရက်မျိုးစုံကို တံဆိပ်မျိုးစုံထုတ်ပါတယ်၊ မလေးရှား၊ စင်္ကာပူ နဲ့ ဗီယက်နမ်ဈေးကွက်တွေကို ပစ်မှတ်ထားပါတယ် တဲ့။


ကုမ္ပဏီဝက်ဘ်ဆိုက်မှာ ထုတ်ကုန်ပစ္စည်းများ (Products) ဆိုတဲ့နေရာကို ကလစ်လိုက်ရင် အရက် အုပ်စု ၉ မျိုးကို တွေ့ရပါတယ်။
အဲဒီထဲက Thai Liquor လို့ အမည်ပေးထားတဲ့အုပ်စုကို ကလစ်လိုက်ရင် ရွှေတိဂုံတံဆိပ် အရက်ပုလင်းများကို တွေ့ရမှာပါ။

ဒီကုမ္ပဏီ မလေးရှားမှာ အမှန်တကယ် တည်ရှိသလား၊ ဒီပစ္စည်းတွေ တကယ်ထုတ်လုပ်သလား ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ သူတို့အွန်လိုင်းမှာ တွေ့ရတာကို ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

(ကုမ္ပဏီတည်ရှိဆယ် ဆိုတဲ့နေရာက မြို့တော် ကွာလာလမ်ပူနဲ့ သိပ်မဝေးပါဘူး)

ကုမ္ပဏီအမည် အပြည့်အစုံ - Teo Seng Chan Liquor Merchants Sdn Bhd.
ဝက်ဘ်ဆိုက်လိပ်စာ - http://www.tsc-liquor.com/index.html
ကုမ္ပဏီ အီးမေး၊ ဖုန်း၊ ဖက်စ်၊ လိပ်စာ အပြည့်အစုံ နဲ့ သူတို့ရဲ့ထွက်ကုန်တွေ ၀ယ်ယူနိုင်မယ့်ဒေသတွေကို ၀က်ဘက်ဆိုက်မှာ အခုလို ရေးထားပါတယ်။

37, Jalan Apollo U5/186,
Bandar Pinggiran Subang,
40150, Shah Alam,
Selangor, Malaysia
Tel : 603-7845 0158, 603-7845 6649
Fax : 603-7845 6396
Email : enquiries@tsc-liquor.com

Where to Buy

1. All sundry shop with liquor license
2. All medical shop with liquor license
3. All liquor shop
4. Giant Hypermarket
5. Jaya Jusco
6. All cash & carry hyper market with liquor license



twitter
facebook


-

7 comments :

  1. Anonymous said... :

    WTF , Pagoda picture does not represent for any drink

  1. Anonymous said... :

    ပြည်တွင်းမှာလည်း အရက်ဘားကို Triple Gems (ရတနာသုံးပါး)ဆိုပြီးပေးထားတာ.. ဂရင်းမီးရထားဟိုတယ်မှာ ထင်တယ်၊ လွန်ခဲ့တဲ့ တစ်နှစ်လောက်က mrtv4 မှာ ကြော်ငြာသွားတာ တွေ့လိုက်ဖူးတယ်။ triple gems ဆိုတာ တခြားနိုင်ငံတွေမှာ ဘယ်လို အဓိပ္ပါယ်နဲ့သုံးသုံး ထေရ၀ါဒဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံမှာ triple gems ဆိုတာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ရည်ညွှန်းတယ်ဆိုတာ အသွေးအသားထဲက သဘောပေါက် လက်ခံထားကြတာ ဖြစ်တယ်။ ဗုဒ္ဓဘာသာရဲ့ ရတနာသုံးပါးကို အင်္ဂလိုရေးသားတဲ့ စာအုပ်တိုင်းမှာ triple gems လို့ပဲ ဘာသာပြန်တာကို တစ်ကမ္ဘာလုံး အသိမှတ်ပြု လက်ခံထားတာပဲ။ ဒီလို အရက်ဆိုင်နာမည်ကို triple gems လို့ပေးထားတာကို ခွင့်ပြုတဲ့ မီးရထား၊ မြို့တော်ဝန်နဲ့ အစိုးရလူကြီးတွေ ဗုဒ္ဓဘာသာဝင်မှ ဟုတ်ပါလေစ၊ ဘာသာ၊ သာသနာကို တကယ်ရော ကြည်ညိုတတ်ကြရဲ့လားဆိုတာ သံသရ၀င်စရာ ဖြစ်ခဲ့ရတယ်။ မြန်မာပြည်မှာ စီးပွားရေးလုပ်ပြီး လူမျိုးနဲ့ ဘာသာကို ဆော်ကားထားတဲ့ အဲဒီအရက်ဆိုင် ပိုင်ရှင်ဟာ အင်မတန်ရိုင်းစိုင်း အောက်တန်းကျတဲ့ ဘာသာခြားတစ်ယောက် ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးဆိုရင်တော့ ဒီလိုလူမျိုးကို လူ့အသိုင်းအ၀ိုင်းထဲက ဆွဲထုတ်ပြီးအပစ်ပေးသင့်တယ်။ ဆိုလိုတာက ဗမာပြည်တွင်းမှာတောင် ဒီလို ဘာသာသာသနာကို ဆော်ကားထားတဲ့ အလုပ်မျိုးကို အစိုးရအဆက်ဆက်က လက်ခံနေသေးတာဆိုတော့ ပြည်ပကလူတွေ လုပ်တာကို ဘယ်လို သွားပြောမလဲ။ စစ်အစိုးရက ထုတ်တဲ့ဘီယာကို "မြန်မာ"ဆိုပြီး အမည်ပေးထားတာ တွေးတတ်ရင် ရှက်ပြီး လဲသေဖို့ကောင်းတယ်။ ဒီလို အရက်ဘီယာရဲ့ အမည်ကို တိုင်းပြည်ရဲ့ လူမျိုး၁၀၁ပါးကို ကိုယ်စားပြုတဲ့ "မြန်မာ"လို့ အမည်ပေးထားတာဟာ တိုင်းရင်းသားအားလုံးနဲ့ မြန်မာနိုင်ငံတော်ကြီးတစ်ခုလုံးကို လမ်းဘေး ဘုံဆိုင်နဲ့ ခိုင်းနှိုင်းလိုက်တာမို့ တွေးမိတိုင်း အသည်းနာမိပါတယ်။ မြန်မာပြည်က လူတွေကတော့ အဆော်ကားခံရတာတွေ များလွန်းလို့ ကိုယ့်ကိုယ်ကို အဆော်ကား ခံလို့ခံနေရမှန်းမသိအောင်ကို အရေထူကုန်ကြပါပြီ။ "မြန်မာ ဘီယာတစ်ခွက် အမြန်ချဟေ့" ဆိုတဲ့စကားမျိုးဟာ နာရကောင်းမှန်းမသိဘဲ ဖာသိဖာသာ အသားကျသလိုတောင် ဖြစ်နေပါပြီ..။ "မြန်မာ"က ဘီယာနာမည် ဖြစ်လို့ဖြစ် "မန္တလေး"ဆိုတဲ့ မြန်မာ့မင်းနေပြည်တော်ကြီးကလည်း ရမ်အရက် ဖြစ်လို့ဖြစ်.. ဒါတွေအားလုံးဟာ အမျိုးဂုဏ်၊ ဇာတိဂုဏ်ဆိုတာတွေကို သိပ်ပြီး ပြောတတ်ကြတဲ့ အာဏာရှင်ကြီးနဲ့ အပေါင်းအပါတွေ လုပ်ခဲ့တာတွေပါ။
    "မြန်မာ"လို့ ပြောရင် ဗျစ်ရည်ဘီယာနဲ့ မှားမှာစိုးလို့ "ဘားမား"လို့ပဲ ပြောတာကမှ တော်သေးတယ်လို့ ရွတ်တွတ်တွတ် တွေးမိတယ်။
    ကိုယ့်ပြည်တွင်းမှာတောင် ဒီလို ဆော်ကားတာ ခံနေရတာ ပြည်ပက ဆော်ကားရဲတော့မှာပေါ့ဗျာ..

  1. Anonymous said... :

    Disgusting, indeed. But no surprise it's coming from a muslim country...

  1. thanda said... :

    Shwedagon Pagoda or any pagoda picture does not represent for any kind of drink. It is really an insult for all the Buddhists. Myanmar government is responsible to find out this Liquor is produced from Malaysia or not and government needs to tell Malaysia government to take legal action about this.
    It is really very important for all the Buddhists.

  1. Anonymous said... :

    Dagon was the original name of ancient Yangon, capital of Myanmar. The city's famous pagoda was also known as ShweDagon. Nowadays in Burma, Dagon is being know as Beer and liquor name, the product of Myanmar Economic Holding Limited (Oo Paing), the major hardcore business of Burmese Army.
    Some of their liquor products are Dagon Beer, Dagon Rum, Myanmar Beer, Mandalay Beer, Mandalay Rum.

  1. Anonymous said... :

    so bad!

  1. Anonymous said... :

    All of us should know that this beer is produced by a Chinese business in Malaysia. Muslims never produce beer or alcohol. Don't unfairly accuse Malaysian Muslims!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved