မိန်းမသားဆန်တဲ့လှပမှု

Sunday, September 23, 2012


`

Skin Care ကို ဂရုတစိုက် သုံးတတ်ဖို့နဲ့ မိန်းမသားဆန်တဲ့လှပမှုအကြောင်း ပြောတဲ့ နိုဘယ်ကျော်ကျော်    

မေစုလှိုင် ~

 
လွမ်းစိမ့်ဇာတ်ကားမှာ ရဲတိုက်နဲ့အတူ သရုပ်ဆောင်ထားတဲ့ နိုဘယ်ကျော်ကျော်     

ဖူးငုံ ပရိသတ်တို့ အတွက် လစဉ် ပါဝင်နေကျ အလှအပ ကဏ္ဍလေးကနေ စက်တင်ဘာလ အတွက် ဖော်ပြ ပေးချင်တဲ့ မင်းသမီးလေး ကတော့ အနုပညာ လောကထဲကို ၀င်ရောက်လာကတည်းက ဆံပင်ရှည်လေးနဲ့မို့ ဆံကေသာ ထိန်းသိမ်းဆီ ကြော်ငြာလေးတွေနဲ့ ပရိသတ် အမြင် အာရုံထဲ ၀င်ရောက် လာသူလေး နိုဘယ်ကျော်ကျော်ရဲ့ အလှအပ ထိန်းသိမ်းမှုလေးတွေပဲ ဖြစ်ပါတယ်။

နိုဘယ်ကျော်ကျော်က အလှအပက မိန်းမတွေ အတွက်တော့ ပိုအရေးကြီးပါတယ် တဲ့။ ဒါပေမဲ့ မိန်းမ၊ ယောက်ျား မခွဲခြားဘဲနဲ့ ကိုယ်ရရှိတဲ့ အသားအရေ၊ ဘုရား ပေးထားတဲ့ ရှိပြီးသား ကောင်းနေတဲ့ အသားအရေကို သဘာဝ နည်းလမ်းတွေနဲ့ပဲ Skin Care လေး ပုံမှန်လိမ်း ပေးရုံနဲ့ အသားအရေ ထိန်းသိမ်းလို့ ရတယ်လို့ ဆိုပါတယ်။

 
အခုနောက်ပိုင်းမှာ အသားအရမ်း ဖြူစေမဲ့ Cream တွေ အရမ်းများလာပြီး အချိန်တို အတွင်းမှာ ဖြူသွားစေနိုင်ပေမဲ့ ဆိုးကျိုးဆိုတာတွေ ဖြစ်လာနိုင်ပါတယ်။Chemical တွေပါတာ လိမ်းမဲ့အစား ကိုယ့်အသားအရေ၊ မျက်နှာနဲ့လိုက်မဲ့ Skin Care လေးတစ်ခုကို ရွေးချယ်ပြီး သုံးစွဲရင် အဆင်ပြေမှာပါလို့ ပြောပြပါတယ်။

နိုဘယ်ကျော်က Loation ပုံမှန် လိမ်းဖြစ်တာကို ကြိုက်ပြီး Skin Care တစ်ခုကို ပုံမှန် သုံးသူပါ။ နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံးနဲ့ လိုက်ဖက်တဲ့ အတွက်လည်း သုံးရတာ အဆင်ပြေပါတယ်တဲ့။
“နိုဘယ်တို့ မင်းသမီးတွေက မိတ်ကပ်တစ်နေကုန် လိမ်းရ နေပူမိုးရွာထဲ ထွက်ရတာတွေကြောင့် အသားအရေ မဟုတ်ရင်တောင် မျက်နှာကိုထိတယ်။ အဲဒီလိုဆိုတော့ ရေဓာတ်တွေ ခန်းခြောက်လာမယ်။ မိတ်ကပ်လိမ်းတော့ ဆားဝက်ခြံတွေ ဖြစ်လာမယ်ဆိုတော့ နိုဘယ်က ရေဓာတ်ဖြည့်ပေးတဲ့ အလှကုန်ကို သုံးဖြစ်တယ်” လို့ ဆိုပါတယ်။
အလှကုန်ထဲမှာပါတဲ့ SPF ရဲ့ ရာခိုင်နှုန်းကို “နိုဘယ်အရင်က SPF ရာနှုန်းများလေ Product ဖြစ်လေလို့ ထင်တာ။ နောက်တော့ SPF များတဲ့ အလှကုန်တွေက Product လုပ်နိုင်တဲ့ အဆနည်းလာတယ်လေ။ နိုဘယ်တို့ မြန်မာနိုင်ငံ အနေနဲ့က SPF   ၁၅ ဆလောက် ပါတာနဲ့ဆိုရင် သင့်တော်ပြီး အဆင်ပြေပါတယ်။ အဲဒါကြောင့် ကိုယ်နဲ့ အဆင်ပြေမဲ့ တံဆိပ်ကို ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်” လို့ ဆိုပါတယ်။

မိန်းမသား ဆန်တဲ့ လှပမှု ဆိုတာကို နိုဘယ်ကျော်ကျော်က “အရင်တုန်းက ဆံပင် အရှည်ကြီး ထားခဲ့တယ်။ အရမ်းလည်း မြတ်နိုးတယ်။
ကိုယ့်ကိုယ်ကိုလည်း ကျက်သရေ ရှိတယ်လို့ ထင်တယ်။ လူက ဘာမှ မလိမ်းထားရင်တောင်မှ ဆံပင် အရှည်ကြီးနဲ့ မြင်လိုက်ရရင်ကို မြင်ရတဲ့ လူတိုင်းက စိတ်အေးချမ်းသာတယ်။
အဓိကက ဆံပင်အရှည်ကြီး မထားနိုင်ခဲ့ရင်တောင်မှ မျက်နှာလေးက အများ အမြင်မှာလည်း အေးအေးချမ်းချမ်းနဲ့ ပြင်တတ် ဆင်တတ်မယ်ဆိုရင်လည်း မိန်းမသားဆန်တဲ့ လှပမှုပဲပေါ့နော်။
အဓိကကတော့ ကိုယ်ပြင်တာ ကိုယ့်အတွက်လည်း သက်သောင့်သက်သာ ဖြစ်ပြီး အများအမြင်မှာလည်း အဆင်ပြေနေရင် ကောင်းပါတယ်။
ကိုယ့်ကို မြင်လိုက်တာနဲ့ ဒီကောင်မလေး လှလိုက်တာ။ ကျက်သရေ ရှိလိုက်တာ ဆိုတဲ့ အပြောမျိုး ပြောခံရတာ။ အပြော ခံရတဲ့သူ အနေနဲ့လည်း စိတ်ချမ်းသာတယ်။
အဲဒီလိုမျိုးလေး သူ့နေရာနဲ့သူ လှလှပပလေးနဲ့ ကျက်သရေ ရှိရှိလေး ပြင်တတ်ဖို့ ပိုအရေးကြီးပါတယ်“ လို့ပြောပြပါတယ်။

 
ဆံပင်ပုံစံနဲ့ ပတ်သက်ပြီးတော့လည်း နိုဘယ်က စတပ် ပုံစံတွေ ခေတ်စားနေစဉ် လိုက်ညှပ်ဖြစ်ခဲ့ပြီး အခုတော့ အောက်ပိုင်း တိတိလေးတွေ ကြိုက်နေတဲ့အတွက် အတိလေးပဲ ညှပ်ထားပါတယ် တဲ့။

ဒီနှစ် မိုးရာသီက ရန်ကုန်မှာ မိုးအရမ်းရွာတဲ့ အတွက် အရင်ထဲက အေးတာကိုကြိုက်တဲ့ နိုဘယ်ကျော်ကျော်က နွေးနွေးထွေးထွေးလေးလည်း ဖြစ်အောင် အနွေးထည် နှစ်ထပ်သုံးထပ်နဲ့ အဲဒီလို ပုံစံလေးတွေ ၀တ်ရတာ ကြိုက်ပါတယ် တဲ့။
 ဒါပေမဲ့ နိုဘယ်တို့ နိုင်ငံမှာ မိန်းကလေးအများစုက အေးချင်ပေမဲ့ အေးလို့မရဘူး။ အနွေးထည်လှလှလေး ၀တ်ချင်ပေမဲ့ ၀တ်လို့မရတဲ့ ရာသီမျိုးတွေရှိ တတ်တယ်လို့ ပြောပြပါတယ်။

သရုပ်ဆောင် နိုဘယ်ကျော်ကျော်က အခု လတ်တလော TV အစီအစဉ်တွေ၊ MRTV, 5 Network   က လုပ်တဲ့ အစီအစဉ်တွေနဲ့ ဇာတ်ကားနှစ်ကား ရိုက်ဖို့ စီစဉ်ထားတာရှိကြောင်း၊ အခုနောက်ဆုံး မခိုင်သင်းကြည်၊ ကိုနေမင်းတို့နဲ့ လေပွေရိုင်း ဇာတ်ကား ရိုက်ကူးပြီးခဲ့ကြောင်း၊ မြ၀တီ Digital Channel က ထုတ်လွင့်ပြသမဲ့ ဒရာမာစီးရီး ချစ်နှောင်းသက်လယ် ဇာတ်ကားကို မင်းသား စွမ်းရည်နဲ့ ရိုက်ကူးထားကြောင်း ပြောပြခဲ့ပါတယ်။


ဖူးငုံမဂ္ဂဇင်း
http://shweamyutay.com

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved