ဝန်ကြီးများ ခန့်အပ်ခြင်း၊ ပြောင်းရွှေ့ တာဝန်ပေးအပ်ခြင်းများ

Friday, September 7, 2012


သမ္မတရုံးမှာ ပြည်ထောင်စု အဆင့် ၀န်ကြီး ၆ ဦး စာရင်းကို ယနေ့ စက်တင်ဘာလ ၇ ရက်နေ့စွဲနဲ့ သမ္မတက ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ ဘယ်ဝန်ကြီးတွေက သမ္မတရုံးမှာ ဘာတာဝန်တွေ ထမ်းဆောင်ကြမယ်ဆို တာတော့ ဖော်ပြထားတာ မတွေ့ရသေးပါဘူး။ သမ္မတရုံး ၀န်ကြီး ၆ ဦးစာရင်းကတော့ အောက် မှာ ဖော်ပြ ထားပါတယ်။

၁။ ဦးသိန်းညွှန့် - သမ္မတရုံး ၀န်ကြီးဌာန (၁)
၂။ ဦးစိုးမောင် - ။ (၂)
၃။ ဦးစိုးသိန်း - ။ (၃)
၎။ ဦးအောင်မင်း - ။ (၄)
၅။ ဦးတင်နိုင်သိန်း - ။ (၅)
၆။ ဦးလှထွန်း - ။ (၆)

ဒီကနေ့ ထုတ်ပြန်တဲ့ အမိန့်တွေထဲက အမိန့် အမှတ် ၃၂ အရ ယခင် ကာကွယ်ရေး ၀န်ကြီးဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းကို မူလ စစ်ဘက်တာဝန်ပြန်လည်ပေးအပ်လိုက်ပြီး ကာကွယ်ရေး ၀န်ကြီးသစ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်ကို သမ္မတက လက်မှတ်ရေးထိုး ခန့်အပ် တာဝန်ပေးလိုက်ပါတယ်။

အလားတူ သမ္မတ ဦးသိန်းစိန်က အမိန့် အမှတ် ၃၃ အရ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို နယ်စပ်ရေးရာ ၀န်ကြီးအဖြစ်လည်းကောင်း ဦးခင်မောင်စိုးကို လျှပ်စစ်စွမ်းအား ၀န်ကြီးအဖြစ်လည်းကောင်း အသီး သီး ပြောင်းရွှေ့ တာဝန်ပေးအပ်လိုက်ပါတယ်။

တဖန် အမိန့်အမှတ် ၃၄ အရ ပြည်ထောင်စု ၀န်ကြီးဖြစ်တဲ့ ဦးသိန်းထိုက်ကို ပြည်ထောင်စု စာရင်းစစ်ချုပ် အဖြစ် ပြောင်းလဲ တာဝန်ပေးအပ်လိုက်ပါတယ်။

2 comments :

  1. SAI SAI said... :

    ဆက်သွယ်ရေးပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းကိုပြောင်းရမှာ၊အဆင်းရဲဆုံးစာရင်းပေါက်နေတဲ့တိုင်းပြည်ကို၊ဈေးအကြီးဆုံး မိုဘိုင်းဖုန်း SIM ကတ်ရောင်းတာဒီဝန်ကြီးပါ၊ဥပဒေမထွက်သေးသလိုလို၊ဥပဒေအသစ်တွေရေးဆွဲနေရသလိုလိုနဲ့ ရနိုင်သလောက် အချိန်တွေ ဆွဲပြီး၊ဆင်းရဲတဲ့ပြည်သူအများစုဆီကနေ ၂ သိန်း၊ ၂ သိန်းခွဲ နဲ့ကမ္ဘာပေါမှာ ဈေးအကြီးဆုံး SIM ကတ်ကိုရောင်းတာလဲ ဒီဝန်ကြီးပါဘဲ၊ပြည်သူတရပ်လုံး ၊အစိုးရသတင်းစာ၊ဂျာနယ်တွေမှာဘယ်လိုပြောပြော၊ဘယ် လိုရေးရေး ဂရုမစိုက် တာလည်း၊ဒီဝန်ကြီးပါဘဲ။ဒီလိုပြည်ထောင်စုဝန်ကြီးမျိုး သမ္မတကြီးရဲ့အစိုးရအဖွဲထဲမှာပါဝင်နေတာ၊တိုင်းပြည်ကိုလမ်းကြောင်းမှန်ကိုသွားနေတဲ့သမ္မတကြီးရဲ့ ရည်မှန်းချက်နဲ့ပြောင်းပြန်ဖြစ်နေပါတယ်၊ပြည်သူတွေပေါ်တကယ်စေတနာထားရင် အခုချပေးနေတဲ့ ဖုန်းတွေကို အိမ်နီးချင်းနိုင်ငံတွေရဲ့ဈေးနှုန်းအတိုင်း ချရောင်းပေးပေါ့၊အခုဟာက ၂၀၁၅-၂၀၁၆ ကျမှဆိုတော့ နောက်မကျသင့်ဘဲ၊အရမ်းနောက်ကျနေပါတယ်။မှိန်းနေ တာလဲပါမှာပေါ့။သမ္မတကြီးနောက်တခေါက်နိုင်ငံခြားသွားရင် ဒီဝန်ကြီးကိုမဖြစ်ဖြစ်အောင်ခေါ်သွားပါဗျာ၊ကမ္ဘာပေါ်မှာဈေးအကြီးဆုံး SIM ကတ်ရောင်းတဲ့ကျနော့ ၀န်ကြီးပါဆိုပြီး ကမ္ဘာ့စာနယ်ဇင်းမီဒီယာတွေကိုမိတ်ဆက် ပေးလိုက်ပါအုံး၊လာမယ့်နှစ် ဆီးဂိမ်းရောက်ရင် မြန်မာနိုင်ငံ ရဲ့ဆက်သွယ်ရေးစနစ်တွေနဲ့ နိုင်ငံတကာမီဒီယာတွေ နဖူး တွေ့ ဒူးတွေ့ တွေ့ကြပြီ၊အဲဒီအခါကျမှ MPT အရှက်မကွဲပါစေနဲ့လို့ ဆုတောင်ပေးလိုက်ပါတယ်။

  1. Anonymous said... :

    ဆက်သွယ်ရေးဝန်ကြီးကို မဖြုတ်ရဲတာက အထက်အဆင့်ထိ ဝေစား မျှစား လုပ်နေတာထင်ပါတယ်။ ဒါကြောင့် မပြုတ်တာပါ။
    ဆက်သွယ်ရေးက ဘယ်သောအခါမှ သူတို့ချည်း မစားဘူးဗျ။ ဥပမာ မြို့နယ်တစ်ခုမှ ဖုန်းတွေ ချပေးရင် ဌာနဆိုင်ရာ အမြင့်ဆုံးတာဝန်ရှိသူတိုင်းကို ဖုံးအခမဲ့ ခွဲဝေချထားပေးတယ်။
    အဲ အဲဒီစရိတ်တွေကိုတော့ ပြည်သူတွေက မျှခံပေါ့ဗျာ။
    ကျနော့သူငယ်ချင်းရဲ့အဖေ ဗိုလ်မှူးကြီးက ရာထူးကြီးတစ်ခု ယူထားတာပါ။ မိုဘိုင်းဆင်းမ်ကတ်တွေ ၂၂-သိန်း ဈေးပေါက်စဉ်က
    သူ့အတွက် ဆက်သွယ်ရေးက ကတ်ပေါင်း(၄၀)
    အခမဲ့ပေးပါတယ်။ အဲလို နှုတ်ပိတ်တာ ဆက်သွယ်ရေးရဲ့အစဉ်အလာပါ။
    သမတကြီးတို့၊ လွှတ်တော်ဥက္ကဌကြီးတို့တောင် သိလျက်နဲ့ ရေငုံနှုတ်ပိတ်နေပုံထောက်တော့ အင်း...စဉ်းစားစရာဘဲနော်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved