ခုံရုံး ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို သမ္မတ နှုတ်ထွက်ခွင့် ပြု

Thursday, September 6, 2012



ယနေ့ မြန်မာစံတော်ချိန် ည ၈ နာရီ သတင်းထုတ်ပြန်မှု တခုမှာ သမ္မတ ဦးသိန်းစိန် လက်မှတ်ဖြင့် အမိန့် ကြေညာ ချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

အခုတလော လွှတ်တော်များနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး အကြား အငြင်းပွားမှုတွေ အရှိန်မြင့်နေ ချိန်မှာဘဲ အခု နောက်ဆုံးတော့ သမ္မတ ဦးသိန်းစိန်က အမိန့် အမှတ် ၂၉/ ၂၀၁၂ နဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဌနဲ့ ခုံရုံးအဖွဲ့ဝင်တွေရဲ့ သူတို့ သဘောဆန္ဒအလျောက် ရာထူး မှ နှုတ်ထွက်တောင်းဆိုထား မှုကို ခွင့်ပြုလိုက်ပါတယ်။


နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။


(၁) ဦးသိန်းစိုး - ဥက္ကဋ္ဌ
(၂) ဒေါက်တာတင်အောင်အေး - အဖွဲ့ဝင်
(၃) ဒေါ်ခင်လှမြင့် - အဖွဲ့ဝင်
(၄) ဦးထွန်းကြည် - အဖွဲ့ဝင်
(၅) ဦးစိုးသိန်း - အဖွဲ့ဝင်
(၆) ဦးခင်ထွန်း - အဖွဲ့ဝင်
(၇) ဦးဆန်းမြင့် - အဖွဲ့ဝင်
(၈) ဦးမြင့်ကြိုင် - အဖွဲ့ဝင်
(၉) ဒေါ်မိမိရီ - အဖွဲ့ဝင်

တို့အား ခုံရုံးအဖွဲဝင် တာဝန်များက မိမိတို့ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ကို ခွင့်ပြုလိုက်ကြောင်း

ပုံ
သိန်းစိန်
နိုင်ငံတော် သမ္မတ ဟု လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

7 comments :

  1. SAI SAI said... :

    သမ္မတကြီးရဲ့ကြေငြာချက်ကိုကြိုဆိုပါတယ်။တဦးနဲ့တဦးငြင်းခုံနေကျတာပြီးကိုမပြီးနိုင်ဘူး။တိုင်းပြည်ကြီး တိုးတက်တဲ့လမ်းကြောင်းသွားနေတာ ဒီကိစ္စက အဟန့်အတားဖြစ်စေတယ်။သမ္မတကြီးကို အထူးဘဲကျေးဇူးတင်ပါတယ်။

  1. kgyi said... :

    မိမိ၏ရာထူးနှင့်အာဏာတည်မြဲရေးထက် အမှန်တရားဘက်မှ ရဲဝင့်ပြတ်သားစွာရပ်တည်သွားခဲ့သော ခုံရုံးဥက္ကဌနှင့်အဖွဲ့ဝင်များအား လေးစားသမှုဖြင့်ဂုဏ်ပြုဦးညွတ်လိုက်ပါ၏.....။ ကျန်းမာချမ်းသာစွာ ဖြင့်တိုင်းပြည်တာဝန်များကို ဆက်လက်ဆောင်ရွက်နိုင်ပါစေကြာင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျား ....။

  1. Nua Nout said... :

    I am very surprised by the Hluttaw which dared challenged the legitimacy of the Constitutional Tribunal of the Republic of the Union of Myanmar.
    Now, I have learnt that our Hluttaw representatives need to study the law.

  1. zawuk said... :

    တိုင်းပြည်တိုးတက်ဖို့ အားတက်သရော လုပ်နေတဲ့အချိန်မှာ အကျယ်ကျယ် မငြိမ်းဖွယ်မဖြစ်ရအောင် ကြီးတဲ့အမှုကိုငယ်စေ ငယ်တဲ့အမှုကိုပပျောက်စေအောင် စေတနာထားပြီး အလျော့ပေးလိုက်တဲ့ သမတကြီးရဲ့စေတနာကို နားလည်လိုက်ရပါပြီ။
    ဘယ်သူသေသေ ငတေမာပြီးရောဆိုပြီး အလျော့ပေးတာတို့ အနစ်နာခံတာတို့ လုံးဝမရှိဘဲ ကိုယ့်အတွက်ဘဲကြည့်တဲ့ ပြည်သူအားလုံးကိုကိုယ်စားပြုပါတယ်လို့ဆိုတဲ့ ပြည်သူ့လွတ်တော်ကြီးရဲ့ စေတနာကိုလည်း တပြိုင်နက် နားလည်လိုက်ရပါပြီ။

  1. Anonymous said... :

    ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ နှုတ်ထွက်ခိုင်းတယ်ဆိုတော့ မကျေနပ်တိုင်း နှုတ်ထွက်ခိုင်းနေရင် ဘယ်တော့မှ အဆုံးသတ်မှာလည်း၊ ခုံရုံးအဖွဲ့ဝင် ၃ ပုံ ၂ ပုံကိုလည်း လွှတ်တော် ၂ ရပ်ကရွေးချယ်တင်မြှောက်ထားတဲ့လူတွေပဲလေ၊ စီးချက် ၀ါးချက် မကိုက်တော့လို့လား။ အခုလို ငြင်းခုံပြီး ခုံရုံးအဖွဲ့ နှုတ်ထွက်သွားတော့ကော လွှတ်တော်ကော်မတီ၊ ကော်မရှင်တွေက ပြည်ထောင်စုအဆင့်ဖြစ်သွားရောလား၊ သေချာတာကတော့ နောက်ထပ်တက်လာမယ့် ခုံရုံးအဖွဲ့ ၉ ယောက်မှာ သမ္မတကြီးတင်မယ့် ၃ ယောက်ကိုဖယ်ဦးတော့၊ လွှတ်တော် ၂ ရပ်ကတင်မယ့် ၆ ယောက်ကတော့ ပြည်ထောင်စုအဆင့်ပါလို့ သတ်မှတ်တော့မှာပေါ့၊ အဲ့ဒီ့တော့ တရားစီရင်ရေး အာဏာကို လွှတ်တော် သဘောကျ ဖြစ်ရမယ်ပေါ့လေ။

  1. Anonymous said... :

    ""မိမိ၏ရာထူးနှင့်အာဏာတည်မြဲရေးထက် အမှန်တရားဘက်မှ ရဲဝင့်ပြတ်သားစွာရပ်တည်သွားခဲ့သော ခုံရုံးဥက္ကဌနှင့်အဖွဲ့ဝင်များအား လေးစားသမှုဖြင့်ဂုဏ်ပြုဦးညွတ်လိုက်ပါ၏.....။ ကျန်းမာချမ်းသာစွာ ဖြင့်တိုင်းပြည်တာဝန်များကို ဆက်လက်ဆောင်ရွက်နိုင်ပါစေကြာင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျား ....။""
    ဒီစာလေးကို ထောက်ခံပါတယ် ...လွှတ်တော်ကို ဦးသိန်းစိန်အလျှော့ပေးလိုက်တဲ့ သဘောပဲ..လွှတ်တော်အတွင်းရှိ ကဲစိန်ကြီးများသိပ်လို့လဲဝမ်းသာမနေကျနဲ့အုံး...လူတိုင်းက စောင့်ကြည့်နေသည်ကို သတိလဲထားကျပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved