စုံစမ်းရေးအဖွဲ့ကို ခုံရုံး ကန့်ကွက်

Monday, September 3, 2012


လွှတ်တော်နဲ့ ခုံရုံးကြားက ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အားနည်းချက်တွေကြောင့် ဖြစ်နေတဲ့ တိုက်ပွဲဟာ မပြီးသေးပါဘူး။ အရှိန်ပိုရနေတဲ့ သဘောလည်းမြင်နေရပါတယ်။

အခုဆို ခုံရုံးဘက်က ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ကန့်ကွက်လိုက် ပြန်ပါ တယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး ဥက္ကဌ ဦးသိန်းစိုး လက်မှတ်နဲ့ ခုံရုံးကို စစ်ဆေးမယ်ဆိုတဲ့ ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဥက္ကဌ ဦးနန္ဒကျော်စွာနဲ့အဖွဲ့ဝင်တွေဟာ ခုံရုံးကို စွပ်စွဲပြစ်တင်ရန် လက်မှတ်ထိုး သူများ၊ ထောက်ခံဆွေးနွေးသူများ ဖြစ်လို့ ကန့်ကွက်လိုက်ပါတယ်လို့ စက်တင်ဘာ ၁ ရက်နေ့ က ပြည်သူ့ လွှတ်တော် ဥက္ကဌဆီ စာပြန်ပို့လိုက်ပါတယ်။

အကြောင်းကြား ကန့်ကွက်စာအပြည့်အစုံကို ဤနေရာတွင် အသေးစိပ် ကြည့်ရှု့နိုင်ပါတယ်။

ဆက်စပ်သတင်း

အခြေခံဥပဒေ ဆိုင်ရာခုံရုံး အဖွဲ့ကို စစ်ဆေးမည်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved