အကျဉ်းသား ၅၀၀ ကျော် ထပ်လွှတ်လိုက်ပြန်

Monday, September 17, 2012

အကျဉ်းထောင်တွင်း တနေရာ


ဒီကနေ မြန်မာ့အသံက ကြားဖြတ် သတင်းအဖြစ် ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၅၀၀ ကျော်ကို လွှတ်ပေးလိုက်ကြောင်း ကြေညာသွားခဲ့ပါတယ်။

နိုင်ငံချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရန် အတွက် နိင်ငံတ်ာမှ ပြစ်ဒဏ်ကျခံနေရသောနိုင်ငံခြားသားများ အပါအ၀င် မြန်မာနိုင်ငံသား အကျဉ်သား စုစုပေါင်းဦးရေ ၅၀၀ ကျော်ကိုလွတ်ငြိမ်းခွင့်ပေးလိုက်ခြင်းဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။

အဲဒီထဲမှ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါတယ်ဆိုတာကိုတော့ မသိရသေးပါ။

အသေးစိပ်ကို ပြန်ကြားရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာတွင် ကြည့်ရှု့နိုင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved