အကျဉ်းကျ သံဃာတော်တွေကို လွှတ်ပေးဖို့ တောင်းဆို
Wednesday, September 26, 2012
မြန်မာပြည် အကျဉ်းထောင်အသီးသီးမှာ ကျန်နေသေးတဲ့ သံဃာတော်တွေ အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဒီနေ့ကျရောက်တဲ့ ရွှေဝါရောင် တော်လှန်ရေး ၅ နှစ်ပြည့်တဲ့နေ့မှာ ဒေလီရောက် သံဃာတော်တွေနဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။
၂၀၀၇ ခုနှစ် စက်တင်ဘာကာလအတွင်းက ကျူးလွန်ခဲ့တဲ့ သံဃာတော်တွေကို ရိုက်နှက်တာတွေ၊ ဖမ်းဆီးအကျဉ်းချတာတွေကို ၀န်ချတောင်းပန်ဖို့၊ မတောင်းပန်ဘူးဆိုရင်တော့ ပတ္တနိက္ကုဇ္ဇန ကံကို ဆက်ဆေင်နေဦးမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သမတ ဦးသိန်းစိန် အစိုးရအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းကိုသွားတဲ့နေရာမှာ အပေါ်ယံ ပြောင်းလဲမှုချည်းသာမဟုတ်ပဲ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့၊ ပြည်တွင်းစစ်တွေ အထူးသဖြင့် ကချင်ပြည်နယ်က ထိုးစစ်တွေကိုရပ်ဖို့၊ လယ်ယာမြေတွေ မတရားသိမ်းဆည်းနေတာတွေကို ရပ်ဖို့တို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။
~ ဒေလီရောက် သံဃာတော်တွေ ဦးဆောင်ပြီး ရွှေဝါရောင် ၅ နှစ်ပြည့်အထိမ်းအမှတ် ချီတက်ပွဲကို အိန္ဒိယ ပါလီမန်နားက ဂျန်တားမန်တားလမ်းမှာ ပြုလုပ်ခဲ့ပါတယ် ~ 
...............................
3 comments :
  1. ကျေးဇူးပြုပြီးတော့ လူထွက်ပြီးမှ လမ်းပေါ်ထွက်အော်ကြပါ။ဘုရားသာသနာကိုမဖျက်စီးကြပါနဲ့။ဝိနည်းကိုလိုက်နာကြပါ။လူမှုရေး စီးပွားရေး နိုင်ငံရေး ဒါတွေက ဘုရားသာသနာနဲ့ယှဉ်လိုက်ရင် ဘာမှအရေးမပါတဲ့ အသေးအမွှားတွေပါ။ဒါတွေအတွက်နဲ့တော့ ဘုရားသာသနာကိုညစ်နွမ်းအောင်မလုပ်ကြပါနဲ့။ ရဟန်းတွေ နိုင်ငံရေးသမားတွေ စစ်သားတွေ တရားသူကြီးတွေ ရဲတွေ အားလုံးအားလုံးပဲ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး တိုင်းပြည်အတွက်အကျိုးရှိအောင်နေကြပါတော့။
  1. Anonymous said... :
    ရာဇသံပေးချင်ရင် စစ်အာဏာရှင် အဟောင်း အမြင်း အကြွင်းအကျန်တွေကို အကျင့်ဟေင်းတွေ ဖျောက်ကြဘို့ အရင်ပြောပါမောင်မင်း။
    သံဃာကို ဖိနှိပ်မှုတွေ ရှိနေသမျှ၊ တွန်းလှန်မှုတို့ ဓမ္မလမ်းကြောင်းပေါ်ရောက်အောင် တည့်မတ်မှုတို့ဆိုတာကတော့ ရှိနေမှာဘဲ။
    အဓမ္မကို ဆန့်ကျင်ရမှာက ဓမ္မဘက်တော်သားတွေပြုလုပ်ရမည့် တရားအလိုက်၊ ဘုရားကြိုက်အလုပ်တွေဘဲကွဲ့။
  1. ဟုတ်ကဲ့ပါခင်ဗျာ။ က္ဈန်တော်မျိုးကြီး ပြောထားပြီးပါပြီ။ တစ်ချို့တလေကတော့ အကျင့်ဟောင်းကိုဖျောက်ဖို့ တော်တော်ခက်မယ်လို့ပြောပါတယ်။ ရဟန်းတော်တွေနဲ့ပက်သက်ပြီးတော့ က္ဈန်တော်မျိုးကြီးသိသလောက်ပေါ့လေ ရဟန်းတွေမှာ လုပ်ဆောင်စရာ သုံးမျိုးပဲရှိပါတယ်။ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓ ဆိုတဲ့ ရဟန်းအလုပ်တွေကို ကျင့်ကြံကြိုးကုတ်အားထုတ်နေတဲ့ သံဃာတော်တွေကို ဘယ်သူကမှ ဒုက္ခပေးမှာမဟုတ်သလို အဲဒီရဟန်းတော်ရဲ့ သီလ သမာဓိ ဘုန်းကံကြောင့် ဘယ်တော့မှဒုက္ခရောက်မှာမဟုတ်ပါဘူး။ ဘုရားဟောတွေထဲမှာ ဒီလိုပဲတွေ့ဖူးပါတယ် ခင်ဗျာ။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved