ဒီကနေ့ မန္တလေးမှာ ဦးသိန်းစိန်ကို ထောက်ခံဆန္ဒပြပွဲတခု ပြုလုပ်ခဲ့ရာမှာ မြို့ခံလူထုအများအပြား ပါဝင်ခဲ့ကြတာကို တွေ့ရပါတယ်။
သမိုင်းကြောင်းအရ ဘင်္ဂါလီများ ဝင်ရောက်လာသည်မှာ (၁၉၄၈) ခုနှစ်၊ လွတ်လပ်ရေးမရခင် အင်္ဂလိပ်နယ်ချဲ့များက လယ်ယာ လုပ်ကိုင်ရန် ခေါ်သွင်းလာခြင်းဖြစ်ကြောင်း၊
ထိုစဉ်က အလုပ်အကိုင် ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချနေထိုင်သူများလည်းရှိကြောင်း၊
မိမိတို့ ဥပဒေအရ (၁၉၄၈) ခုနှစ်မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက် (Third Generation) မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသော ဥပဒေရှိကြောင်း၊
ရခိုင်ပြည်နယ်ကို လေ့လာကြည့်လျှင် (၁၉၄၈) ခုနှစ် မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ၊ နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက်ရှိကြောင်း၊
နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း၊
ဤကိစ္စကို ကိုင်တွယ်ရန် အလေးအနက်ထား စဉ်းစားလျက်ရှိပါကြောင်း၊
မိမိတိုင်းရင်းသားများကို တာဝန်ယူမည် ဖြစ်ကြောင်း၊
တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊
နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊
UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊
တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်း၊
ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း။
ဆက်စပ် -
ဦးသိန်းစိန်ကို ရန်ကုန်မှာ ထောက်ခံ ဆန္ဒပြ
ဦးသိန်းစိန်ထောက်ခံပွဲ ဘန်ကောက်မှာ ပြုလုပ်
သမ္မတကြီးကိုထောက်ခံပါတယ်