သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် ယနေ့ တွေ့မယ်

Wednesday, September 19, 2012

ဓာတ်ပုံ- CNA
အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အိမ်ဖြူတော်မှာ ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ပုဂ္ဂိုလ်ရေးအရ တွေ့ဖိုရှိတယ်လို့ အိမ်ဖြူတော် အရာရှိ တဦးက အတည်ပြုပြောလိုက်ပါတယ်။

ဒါဟာ အမေရိကန် သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပထမဆုံး တွေ့ဆုံမှုလည်းဖြစ်ပါတယ်။

အခုလို အိမ်ဖြူတော်မှာ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံမှုက ဘယ်လို စိတ်ဝင်စားစရာ သတင်းများ ထွက်ပေါ်လာမလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်က ချီးမြှင့်မယ့် ဆုပေးပွဲကို တိုက်ရိုက်ကြည့်ချင်သူများအနေဖြင့် ဤနေရာကို သွား၍ တိုက်ရိုက်ကြည့်ရှု့နိုင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved