မြန်မာပြည်ကြိုက် မစ်ဆူဘီရှီ ပါဂျဲရိုး

Wednesday, September 12, 2012

~



အောင်ခမ်း ~
http://4.bp.blogspot.com/_FoXyvaPSnVk/SKwsIjLzN8I/AAAAAAAA2Q0/FLbkUc8zKMA/s1600/Mitsubishi-Pajero-Sport-4.jpg
မော်ဒယ်မြင့်ကား တင်သွင်းခွင့်ပြုပြီးနောက် ကားဟောင်း စလစ်သမားတွေ ၂၀၀၀ မော်ဒယ်အထက် ပါဂျဲရိုးတွေ အသွင်းများလာကြပါတယ်။

ဈေးကွက်မှာလည်း မြန်မာ ကျပ်ငွေ သိန်း ၃၀ဝ ဝန်းကျင်နဲ့ ၂၀၀၀ ခုနှစ် မော်ဒယ် ပါဂျဲရိုး ဝယ်ယူရရှိနိုင်ပါတယ်။

ပါဂျဲရိုးက ဟိုးအရင်ချိန်ကတည်းက မြန်မာပြည်မှာ ရေပန်းစားတဲ့ကား ဖြစ်ပါတယ်။
အဲဒီအချိန်ကဆိုရင် ဒုတိယမျိုးဆက်ဖြစ်တဲ့ ၁၉၉၁ ကျော် ကားတွေဖြစ်ပြီး မြန်မာ ကျပ်နဲ့ သိန်း ထောင်ချီပေါက်ခဲ့ပါတယ်။

ယခု ခေတ်ကာလ နဲ့ ပေါ်လစီပြောင်းလဲမှုကြောင့် ဈေးနှုန်းဟာ သိန်း ရာဂဏန်းထိကို ထိုးကျသွားတာပါ။
ပြီးတော့ မော်ဒယ်ပိုမြင့်တဲ့ တတိယမျိုးဆက် (၁၉၉၆ မှ ၂ဝဝဝ ကြား) ကားများကို တင်သွင်းလာကြပါတယ်။

မြန်မာပြည်ဈေးကွက်ထဲက လေးဘီးမောင်းစနစ် ကားလောကမှာ သက်တမ်းအရင့်ဆုံးနဲ့ အအောင်မြင်ဆုံးကားလည်း ဖြစ်ပါတယ်။

ယခုရောက်ရှိလာတဲ့ ၂၀၀၀ ပြည့်နှစ်ဝန်းကျင် မော်ဒယ်များက ယခင်ထက် လုပ်ဆောင်ချက် မြင့်တက်လာပါတယ်။
အင်ဂျင်ဆိုက် ၂၅၀၀ မှ ၂၈၀၀ ကြားအထိ တိုးမြင့်လာပြီး အင်ဂျင် ၇ မျိုးတောင် ရှိလာတာပါ။
ဓာတ်ဆီ၊ ဒီဇယ် ဆီ နှစ်မျိုးလုံး ထုတ်လုပ်ပါတယ်။ TD အင်ဂျင်၊ ဆလင်ဒါ ၆လုံးပူး အင်ဂျင် အစရှိသဖြင့် ကွဲပြားနေပါသေးတယ်။



ဆီတိုင်ကီ ၈၉လီတာဆန့်၊ ၇၂ လီတာဆန့်လို့ နှစ်မျိုးထုတ်ပြီး ဂီယာကတော့ ၅ ချက်ရိုးရိုး၊ ၄ ချက်အော်တို၊ ၅ချက် အော်တိုဆိုပြီး ခွဲခြား ထုတ်လုပ်ပါတယ်။
လေးဘီးမောင်း စနစ်ကားဖြစ်ပြီး သက္ကရာဇ် ၂၀၀၀ ဝန်းကျင်မော်ဒယ် ကားများ ဖြစ်တဲ့အတွက် နောက်ပိုင်းပေါ်တဲ့ SUV ကားကြီးများလောက်တော့ ဆီစား သက်သာနိုင်မှာ မဟုတ်ပါဘူး။
အမြန်ဆုံးမောင်နှင်နိုင်အား top speed ကတော့ မိုင် ၁၀၀ ကျော် ဝန်းကျင်မှာပဲ ရှိပါတယ်။

သို့ပေမယ့် ခရီးကြမ်း မောင်းနှင်မှုတို့မှာ အင်ဂျင်နဲ့ ကားဘော်ဒီက ခံနိုင်ရည် ရှိပါတယ်။
နောက်မှာ စပယ်ယာဘီးအပို ပါရှိပါတယ်။
ကား အရှည် ၁၈၉ လက်မ၊ အကျယ် ၇၂.၈ လက်မ၊ အမြင့် ၇၃ လက်မကိုယ်စီ ရှိပါတယ်။
ဒါကတော့ တံခါး ငါးပေါက် SUV ကားများပါ။
တံခါး သုံးပေါက် SUV များလည်း ထုတ်လုပ်ထားပါသေးတယ်။

မြန်မာပြည်မှာ ၁၉၉၉ မောဒယ်၊ ၂၀၀၀-၀၃ မော်ဒယ်အသွင်း များပါတယ်။

မြန်မာကျပ်ငွေ သိန်း ၃၀၀၊ ၃၃၀၊ ၄၀၀ အစရှိသဖြင့် အစားစား ရှိပါတယ်။
ဂျပန် လေလံဝဘ်ဆိုဒ်မှာ ပါဂျဲရိုးများကို ယခုလို အလွယ်တကူ ရှာဖွေ တွေ့ရှိ နိုင်ပါတယ်။


ColayOnline:Automobile
http://www.colayonline.com.mm/automobile/portal.html#auction




~

1 comments :

  1. Anonymous said... :

    Photo is not for Pajero ..That is Challenger..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved