-
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjidG8uVUgM78Z4tFd2FFJaFY-WZl0WasGdKGB0HUZwiZ5GA3be65MeXDGt-hgUHoW_0iWxViaYtYNljvM3s9CnXo95qmxOHz5V-tI4i1IIIQKwquIQaJRWxfZWb2MLq9EMJ5iP2WfZ4GQJ/s400/IMG_212.jpg)
General Motor ထုတ် Cadillac ဇိမ်ခံကားများဟာ ကမ္ဘာတစ်လွှား ရေပန်းစားကားများ ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း ရှိနေပါပြီ။
ရောက် လာနိုင်ငံ နည်းလမ်း နှစ်ခုတော့ အကြမ်းဖျင်းအားဖြင့် ရှိနေပါတယ်။ ဂျပန်လေလံဈေးကနေ နဲ့ အေးဂျင့်မှာမှာယူပေးမှု ဖြစ် ပါတယ်။
ဂျပန်လေလံကနေ လာတာဆိုရင် သာမန် ဂျပန်ကနေ User car ဝယ်တဲ့ထုံးစံအတိုင်းပဲ ဖြစ်ပါ တယ်။ မြန်မာငွေနဲ့ တွက်ရင် သိန်း ၂၅၀ ဝန်းကျင်ပဲ ရှိပါတယ်။ ဒါက ၂၀၀၉ မော်ဒယ် ဖြစ်ပါတယ်။ အင်ဂျင်ပါဝါကလည်း ၃ထောင်ကျော်မှာ ရှိတဲ့အတွက် မြန်မာပြည်အရောက် အခွန် များ
နဲ့ တွက်လိုက်ရင် သိန်း ၁ထောင်ထက်တော့ မပိုပါဘူး။ သိန်း ၈၀၀ ကတော့ အနည်းဆုံး ဖြစ် ပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilih8syZ-sQ9kase2AgJyCi6JCPiQZLaJ1ckcNt3m_gAy6P7lzIir5hqMkoaq6hxqvE3Cu4b7ICzRq3o1aSBBq_PgRPynI0iY8DsDi-ItXcwdgS3yvqvN5hZAR80rG_L5kLgx6X8rH3ojA/s400/IMG_2140+99.jpg)
အေးဂျင့်က မှာပေးမယ်ဆိုရင်တော့ တစ်ပတ်ရစ်ကား မဟုတ်ပဲ ဘရန်ဒီကားလည်း ဖြစ်တဲ့အတွက် ဈေးက သာမန် အမေရိကန်နိုင်ငံသားတွေဝယ်တဲ့ ဈေးအပြင် ထပ်ပေါင်းပေးရတာမျိုးလည်း ရှိပါအုံးမယ်။ အနည်းဆုံးကတော့ သိန်း ၁,၀၀၀ ပဲ ဖြစ်ပါတယ်။
ဆီစားကြီးလို့ သာမန် ကားဝယ်တဲ့သူများကတော့ မဝယ်ပါ ဘူး။ ငွေပိုနေတဲ့ ဇိမ်ခံကား ခရေဇီများကတော့ ဝယ်စီးပါတယ်။ မြန်မာပြည်လမ်းပေါ်မှာလည်း တွေ့နေရပါပြီ။
သို့ပေမယ့် ၂၀၀၇ ထက်မကျော်တဲ့ မော်ဒယ် Cadillac CTS ကို ဂျပန်လေလံမှာ တွေ့ရင်တော့ သာမန် ဂျပန်ကားဝယ်သလိုပဲ ကုန်ကျမှာ ဖြစ်ပါတယ်။ သိန်း ၅၀၀ ထက်တောင် နည်းနိုင်ပါတယ်။ သို့ပေမယ့် Cadillac ဟာ ဂျပန်လေလံဈေးကွက်မှာ တက့ယ်ရှားပါး ကားဖြစ်နေပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3GesUxK6hluDl3al2BtcRAsT48FP6z2HEWyyuUibS6D3wGc0T8LU3mUD4LUEtiiYenIZMLswAr7P3erE9ci13dWbhXrHHOY5bJpXnLvCACrMNLaK5HFT_1LvGqzV7ICiZZ2dUBw-Xait4/s400/IMG_2135.jpg)
အဓိကကတော့ တံဆိပ်ကြောင့် ဈေးကြီးပုံရပါတယ်။ အတွင်းမှာ ပါဝင်တဲ့ Accessory က အခြားမော်ဒယ်မြင့် ကား များထက် မပိုပါဘူး။ ၂၀၀၇ မော်ဒယ်အထက်မှာတောင် အတွင်း LCD တီဗီက ကိုယ်တိုင် ဝယ်တပ်ရတာပါ။
၂၀၀၂ ခုနှစ်ကနေ ၂၀၀၇ ကြားက ပထမမျိုးဆက်၊ ၂၀၀၇ အထက်က ဒုတိယမျိုးဆက် ဖြစ်ပါတယ်။ ဒီဇိုင်းက အဓိက ကွဲပြားတဲ့ ထူးခြားချက်ဖြစ်ပါတယ်။ တံခါး နှစ်ပေါက် coupe, တံခါးလေးပေါက် sport ဆလွန်း၊ တံခါး ၅ပေါင် စတေရှင် ဝက်ဂွန် ဆိုပြီး သုံးမျိုး ခွဲထုတ်ထားပါတယ်။ လက်ရှိမြန်မာပြည်မှာတော့ ဆလွန်း တွေ့ရပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrnjaKFPE8SjWzqv3aY4uccfpG26YumYNrAKSorLamgMvRucO42Q57tMxVEN89WL67EUYu41m-d-1ly58B2r6IbtZkMp8Fya7eWofsCp9jBWdw-wIP9qy4fDjqGYTDLuLDZjRvKTb8z65W/s400/IMG_2126.jpg)
ပထမမျိုးဆက်ထက် သာသွားတဲအပိုင်းက ကားရှေ့ ပိုင်း ဒီဇိုင်းနဲ့ အသုံးပြုတဲ့ သတ္တုဖြစ်ပါတယ်။ Safety အသားပေးတဲ့အတွက် ရှေ့ ပိုင်း ပိုမာလာပြီး အင်ဂျင်ပါဝါလည်း ထပ်မြင့်ထားပါတယ်။ ၂၀၀၂ အထက်မှာတုန်းက ၂၆၀၀ စီစီ အရွယ်ရှိတဲ့ ပစ်စတင် ၆လုံးပူး V အင်ဂျင်အ သုံးပြုခဲ့ပါတယ်။ ၂၀၀၇ အထက်မှာတော့ အနည်းဆုံး ၃၀၀၀ စီစီ ဖြစ်ပါတယ်။ အများဆုံး ၆၂၀၀ စီစီ အင်ဂျင်တောင် ထုတ်ပါတယ်။ ဒါကြောင့် ထုတ်လုပ်နိုင် တဲ့ မြင်းကောင်ရေအားက ၂၇၀ ထက်ပိုပါတယ်။ ၆၂၀၀ စီစီမှာ ဆိုရင် မြင်းကောင်ရေ ၅၅၀ အထက်မှာ ရှိပါတယ်။ ကားက Mid size Lux ဖြစ်ပါတယ်။ top speed- အမြန်ဆုံး ၁၅၀ အထက်ဖြစ်ပါတယ်။ CTS-V version ဆိုရင် တစ်နာရီ မိုင် ၂၀၀ နားကပ်တဲ့အတွက် ကမ္ဘာ့အမြန်ဆုံး ကားများ စာရင်းထဲတောင် Cadillac ဇိမ်ခံကားက ပါဝင်ပါသေးတယ်။
အဲယားကွန်း၊ လေအိတ်၊ ပါဝါဝင်းဒိုး၊ စမတ်ကီး၊ ရေဒီယို စတာတွေအပြင် Navigation device, LCDတီဗီ၊ GPS, စပီကာ၊ Woofer, DVD player, Audio system, LED မီးလုံး၊ iPod ထိုး အသုံးပြုနိုင်သော အော်ဒီယိုစနစ် စတာတွေအပြင် အခြား ဇိမ်ခံပစ္စည်းများလည်း ပါဝင်ပါ တယ်။ အီလက်ထရောနစ် ပစ္စည်းတော်တော်များများ စုံစုံလင်လင် ပါရှိပါတယ်။ ကားငြိမ်အောင် ထိန်းပေးမယ့် Stability control, traction control တို့က Safety ပိုင်းမှာ အားဖြည့်ထားပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjizmZJpQqoOIzf-3dcsG9pRpP_FsbajQVqHT91IQFsTEMQBIvYV7eemP4WSQRab8O8REsIQer1bgHG4oPhsa4zmT8auOH2s-g3j7r96WZJoCvJ-GuchNDBwKK-u1ttakrNsipbetfp34bd/s400/IMG_2137.jpg)
တံခါးလေးပေါက် ဆလွန်းကား ဆိုရင် အရှည် ၁၉၁.၆ လက်မ၊ အကျယ် ၇၂.၅ လက်မ၊ အမြင့် ၅၈ လက်မ အရွယ်အစားရှိပါတယ်။ ဂီယာ ၆ချက်ထိုး ရိုးရိုးနဲ့ အော် တို နှစ် မျိုး တွေ့မြင်နိုင်ပါ တယ်။ နောက်ဘီးမောင်းစနစ် ကားနဲ့ လေးဘီးမောင်း စနစ်ကား ဆိုပြီး ထုတ်လုပ်ထား ပါတယ်။ ဓာတ်ဆီစားတဲ့ အင်ဂျင်ကို အသုံးပြုထားပြီး လေးဘီးစနစ်မှာ အကုန်အကျ များနိုင်ပါတယ်။
၂၀၀၇ မော်ဒယ်အထက် သိန်း ၁ထောင်အောက် ရှိတဲ့ ဂျပန်လေလံအောင် CTS မကြိုက်ရင်လည်း သိန်း ၁ထောင်အထက် ပရီမီယံ Cadillac များကို မှာယူစီးနိုင်ပြီ ဖြစ်ပါတယ်။ သူကနေ ခွဲထွက်တဲ့ STS ကားများလည်း လေလံထဲမှာ ရှိနေတတ်ပါသေးတယ်။
အောက်ပါ မြန်မာ လေလံဝဘ်ဆိုဒ်မှာ ရှာဖွေတွေ့ရှိနိုင် ပါတယ်။
http://www.colayonline.com.mm/automobile/portal.html#auction
-
0 comments :
Post a Comment