ကချင်တိုင်းရင်းသူ မော်ဒယ် အောန်ဆိုင်းရဲ့ Facebook

Tuesday, September 25, 2012







ဓာတ်ပုံများ -  Phone Myat Htoo

အောန်ဆိုင်းက ကြော်ငြာတွေမှာ တွေ့ရတတ်တဲ့ အထင်ကရ မော်ဒယ်တယောက် ဖြစ်နေပါပြီ။

သူနဲ့ Facebook သူငယ်ချင်းဖြစ်လိုရင် http://www.facebook.com/marip.a.seng ကို အရင် သွားရပါမယ်။ သူငယ်ချင်းဖြစ်ရေး မဖြစ်ရေးကတော့ သူ့အပေါ် မူတည်ပါလိမ့်မယ်။

http://www.facebook.com/pages/Awn-Sang/135895119821311 ကတော့ သူ့ရဲ့ Facebook  ပရိသတ် စာမျက်နှာ ဖြစ်ပါတယ်။ လောလောဆယ် ပရိသတ် ၅၀၀ ကျော်ပါပြီ။

သူက Facebook ကို သူ့ရဲ့ ကြော်ငြာဓာတ်ပုံတွေ စုစည်းမှုအဖြစ်လည်း ကောင်းကောင်း အသုံးပြုနေတာပါ။

Facebook  မှာ ဖော်ပြထားတဲ့အချက်အလက် မမှားဘူး  ဆိုရင်တော့ သူ့အသက် အနည်းဆုံး ၂၄ နှစ် ရှိပါပြီ။


ကချင်တိုင်းရင်းသူ မော်ဒယ်  အောန်ဆိုင်းက ကချင်ဒေသ ဒုက္ခသည်များကြားထဲကိုလည်း ရောက်ဖြစ်ခဲ့ကြောင်း  ပြီးခဲ့တဲ့လထုတ် 8 Days A Week ဂျာနယ် တစောင်မှာ ဖော်ပြခဲ့တဲ့ အင်တာဗျူးမှာ ပြောလိုက်ပါတယ်။

"ကိုယ်အိမ်ပြန် ရင်သူတို့နဲ့သွားတွေ့တယ်။ အဓိက သူတို့လိုအပ်နေတာနှစ်သိမ့်မှုပါ။ သူတို့ပြောတဲ့စကားနားထောင်ပေးတယ်။ သူတို့ဝမ်းနည်းရင်ကိုယ်ပါ လိုက်ပြီးဝမ်းနည်းတယ်။ မြစ်ကြီးနား ပြန်တုန်းက သူတို့ဆီသွားဖြစ်တယ်" လို့ ဆိုပါတယ်။

ပန်းချီဆွဲတဲ့သူငယ်ချင်းတွေကြောင့် ပန်းချီကားတွေကို စိတ်ဝင်စားလာတယ်၊ မြန်မာပန်းချီကား ၃၀ ၀န်းကျင် ၀ယ်ယူ စုဆောင်းထားတယ်လို့ ဆိုတယ်။


"ရှော့ပင်းထွက်တာလည်း သိပ်ဝါသနာမပါဘူး။ အပိုသုံးစရာလည်း သိပ်မရှိဘူး။ ထွေထွေထူးထူးလည်း ဘာမှမမက်မောဘူး။ ကိုယ်တကယ် ဝါသနာကြီးကြီးနဲ့ စုဖြစ်နေတာက ပန်းချီကားတွေ ဖြစ်နေတယ်" လို့ မော်ဒယ် အောန်ဆိုင်းက 7Day  သတင်းဂျာနယ်ကို ပြောပါတယ်

သရုပ်ဆောင်အလုပ်ကို တခါတရံ လုပ်ကိုင်တတ်သူ အောန်ဆိုင်းက အစားအသောက်ကိုတော့ ဂရုစိုက်ဖြစ်တဲ့အကြောင်း Good Health ကျန်းမာရေး ဂျာနယ်ကို ပြောပြဖူးပါတယ်။

"တစ်ပတ်ကို အနည်းဆုံး လေးရက်လောက်က ငါး စားဖြစ်တယ်။ အသီးအနှံကတော့ ရာသီပေါ်အသီးအနှံ အကုန် စားတယ်။ အဓိကကတော့ လမ်းဘေးအစာတွေ သိပ်မစားဖြစ်ဘူး။ ဘာကြောင့်လဲဆိုရင် ကိုယ်က နဂိုကတည်းက  အချိုမုန့် မစားတော့ အဆင်မပြေလို့ပါ" တဲ့။ အဲဒီလို သူ့ရဲ့ ပြောဆိုချက်ကို Good Health ကျန်းမာရေး ဂျာနယ်တစောင်မှာ ဖော်ပြထားပါတယ်။

 မော်ဒယ်တွေဖြစ်တဲ့ သန္တာနွယ် နဲ့ အောန်ဆိုင်း တို့ နှစ်ဦးသား  မြန်မာပြည်ကိုယ်စားပြုပြီး ၂၀၁၁ အာဆီယံ ရိုးရာ ဖက်ရှင် ပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်ပုံကို ဗီယက်နမ်ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့ပါတယ်။



Miss ASEAN 2011 ကို ဒီမှာ ကြည့်နိုင်ပါပြီ။






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved