GE ဂျက်လေယာဉ် ၂ စီး မြန်မာနိုင်ငံ ရောက်မည်

Tuesday, September 25, 2012



အမေရိကန် ပြည်ထောင်စုက အကြီးဆုံး ကုမ္ပဏီ တခုဖြစ်တဲ့ General Electric – GE ကုမ္ပဏီက ထုတ်လုပ်တဲ့ Embraer E190 ဂျက်လေယာဉ် အမျိုးအစား ၂ စင်းကို နိုင်ငံပိုင် လေကြောင်းမှာ အသုံးပြုဖို့ က မြန်မာကို ရောင်းချ လိုက်ပါတယ်တဲ့။ 

ဒါဟာ နှစ်ပေါင်းများစွာ သီးခြားနေလာတဲ့ အရှေ့တောင် အာရှ နိုင်ငံ တခုဖြစ်တဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည် ထောင်စု က စီးပွားရေး ပြန်လည်ဆက်ဆံမှု လုပ်လာမှုရဲ့ ခြေလှမ်း အစဖြစ်တယ်လို့ ရိုက်တာ သတင်းတပုဒ်မှာ ဆိုပါ တယ်။ အဆိုပါ လေယာဉ် ၂ စီးဟာ လာမယ့် နိုဝင်ဘာ၊ ဒီဇင်ဘာ လလောက်ရောက်မယ်လို့ ဆိုပါတယ်။ နှစ်ပေါင်း ၄၉ နှစ် ကျော်ကြာ စစ်အုပ် ချုပ်ရေးအောက်က   မြန်မာနိုင်ငံဟာ မကြာသေးမီက အရပ်သား အစိုးရ တက် လာ ပြီးနောက်ပိုင်း ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့ပါတယ်။

 လွန်ခဲ့တဲ့ မေလကပဲ အမေရိကန်ပြည်ထောင်စုက စီးပွား ရေး ဒဏ်ခတ်ပိတ်ဆို့မှုကို သက်တမ်း တိုးခဲ့ ပါသေးတယ်။ ပြုပြင်ပြောင်းလဲမှုတွေကို အမေရိကန်ဘက်က အသိအမှတ် ပြုတဲ့အနေနဲ့ ဒဏ်ခတ် မှုတွေ ဖြေလျှော့ပေးတာမျိုး ရှိခဲ့ပါတယ်။

 GE ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ဇူလိုင်လက ပထမဆုံး အမေရိကန် ကုမ္ပဏီ တခုအနေနဲ့ မြန်မာနိုင်ငံမှာ   ပြန်လည် ပြီး လုပ် ငန်း စတင်ခဲ့တာပါ။ ဒါကလည်း ပြည်တွင်း လုပ်ငန်းရှင်နဲ့တွဲပြီး ဓာတ်မှန် ရောင်ခြည် စက်တွေနဲ့ ဆေးရုံ ၂ ခုကို ထောက် ပံ့ ကူညီရေး လက်မှတ်ထိုးခဲ့ပါသေးတယ်။ 

အမေရိကန် ဥပဒေက ခွင့်ပြုတာနဲ့ တချိန်တည်းမှာ ကွန်နက်တီကတ်ပြည်နယ်အခြေစိုက် GE ကုမ္ပဏီအနေနဲ့ မြန်မာ နိုင်ငံမှာ ရုံးဖွင့်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း ပြောပါတယ်။ ကိုကာကိုလာတို့၊ ပက်ဆီ အစရှိတဲ့ ကုမ္ပဏီတွေလည်း လွန်ခဲ့တဲ့ ၂ လလောက်က စပြီး မြန်မာပြည်တွင်း ပြန်ဝင်လုပ် ကိုင် ဖို့ အစပျိုး သဘောတူညီမှုတွေ လုပ်ခဲ့တာပါ။ 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved